"ရိုင်ယန် "
"ဟင် " သူ့ကို အိပ်ယာထဲမှာ စောင်ခြုံပေးရင်း ထူးတော့
"ခင်ဗျားက ကျတော့ထက်အများကြီး ကြီးတယ်လေ ကျတော် ခင်ဗျားကို ရိုင်ယန်လို့ဘဲ ခေါ်ရင် ရိုင်းတယ်မလား"
ရိုင်ယန်ဘာမှမပြောဘဲ သူ့ကို ကြည့်နေသည်
"အရင်က ကျတော်ခင်ဗျားကို ဘယ်လို ခေါ်လဲ??"
"ကိုကို မင်းကို့ ကို ကိုကိုလို့ဘဲ ခေါ်တာ"
"ကိုကို ?? ဒါဆို ကျတော် ခင်ဗျားကို အခုကစ ကိုကို လို့ခေါ်မယ်လေ"
"အွန်း " သူ့ကို တင်းကျပ်စွာဖက်လိုက်ပီး ခေါင်းကို ငြိမ့်နေသော ရိုင်ယန်
"ကိုကို ကတိပေးတယ် မင်းထပ်ပီး ဘာမှမဖြစ်စေရဖူး ကိုယ့်အသက်နဲ့ ရင်းပီး မင်းကို စောင့်ရှောက်မယ်"
"အွန်း ကျတော် ယုံတယ်"
သူ ရိုင်ယန့်ကို ပြန်ဖက်ထားကာ ပြောလိုက်သည်
"အင်း bae ပင်ပန်းနေမယ် နားလိုက်လေ "
သူ့ကို စောင်သေချာ ပြန်ခြုံပေးပီး ပြောတော့ သူ ရိုင်ယန့် လက်ကို ဆွဲထားကာ
"ကျတော်နဲ့တူတူ အိပ်ပါလား ဒီအိပ်ယာက အရမ်းကြီးတယ်"
ရိုင်ယန်က ခေါင်းကို ညိမ့်ကာ သူ့ဘေးမှာ ဝင်လှဲလေသည်
သူ့ဘေးမှာ အတောင့်လိုက်ကြီး လှဲကာ မျက်စိ မှိတ်ထားသော ရိုင်ယန့်ကို ကြည့်ကာ အာဒန် တစ်ချက်ပြုံးလိုက်ပီး
ရိုင်ယန့် ရင်ဘက်ပေါ် ခေါင်းမှီလိုက်ကာ
"ကျတော်တို့ ဘယ်လို စတွေ့ခဲ့လဲ ပြောပြပါလား"
ရိုင်ယန့်ထံမှ ချက်ချင်း အသံထွက်မလာတော့ သူ မော့ကြည့်လိုက်စဉ်
သူ့ကို မျည်ရည်ဝေ့နေသော မျက်ဝန်းတွေနဲ့ ကြည့်နေသော ရိုင်ယန် သူမော့ကြည့်လိုက်မှ ရင်ခွင်ထဲ ထည့်ကာ ဖက်ထားပီးမှ
"အွန်း ကိုကို တို့ ဂျယ်ဂျူမှာ စတွေ့ခဲ့တာ..."
ရိုင်ယန် ပြောနေသော အကြောင်းအရာတွေကို နားထောင်နေရင်း သူကြားနေရသော ရိုင်ယန့် ရင်ဘက်က နှလုံးခုန်သံကြောင့် သူ နှုတ်ခမ်းမှာ အပြုံးတွေနဲ့ အတူ တစ်ဖြေးဖြေး သူအိပ်ပျော်သွားတော့သည်အာဒန် တစ်ရေးနိုးလာချိန် သူ့ဘေးမှာ နှစ်ခြိုက်စွာအိပ်ပျော်နေသော ရိုင်ယန် ကို ကြည့်ကာ သူငေးနေမိသည်
ဒီလူက သူ့ရဲ့ ယောက်ျားတဲ့
သူဘယ်လိုမှ ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ခဲ့မယ် မမျှော်လင့်ခဲ့ပေမယ့် ဒီလူ က သူ့ယောကျာ်းလို့ သိခဲ့ချိန်မှာ ထူးဆန်းစွာ သူလက်ခံခဲ့သည်
ဒီလူကို မြင်တိုင်း ရင်းနှီးနေသော ခံစားချက်ကြောင့်ထင်
ဒီလူနဲ့ ပတ်သတ်တဲ့ သံသယဆိုတာမျိုး သူလုံးဝမဝင်ခဲ့
ဒီလူနဲ့ တွေ့တိုင်း ခုန်နေသော ရင်ခုန်သံကြောင့်လည်း သူကိုယ်သူ နားမလည် ဖြစ်ခဲ့ပေမယ့်
ဒီလူက သူ့ ရွေးချယ်မှု့ ဖြစ်ခဲ့တာကြောင့် ဝမ်းသာမိသည်
သူ့ကို ချစ်ခဲ့ပေးလို့လည်း ကျေးဇူးတင်သည်
အတွေးတွေနဲ့ အတူ အိပ်ပျော်နေသော ရိုင်ယန့် မျက်နှာ ချောချော ကို ငေးကြည့်နေရင်းမှ နက်မှောင်သော မျက်ခုံးထူထူ တွေ ကို ထိလိုက်ပီး မျက်စိမှိတ်ထားတော့ မျက်တောင်ရှည်လေးတွေက တန်းနေသည်
သူမျက်တောင်တွေကို ထိလိုက်ပီး နောက် ဖြောင့်စင်းနေသော နှာခေါင်း တစ်လျှောက် လက်ညိုးလေး ဆင်းသွားပီး နှုတ်ခမ်းတွေဆီ အရောက် သူ့ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲလာ ကာ သူ မျက်ဝန်းတွေကို မှိတ်ချလိုက်မိသည်
"ဒုတ် ဒုတ် ဒုတ် ဒုတ် နဲ့ အဆက်မပျက် ခုန်လာသော ရင်ဘက်ကို တစ်ချက်ဖိလိုက်ပီး သူမျက်ဝန်းကို ဖြေးဖြေး ဖွင့်ကာ နှုတ်ခမ်းတွေကို ထပ်ထိလိုက်သည်
အခုတောင် ဒီလောက်ရင်ခုန်နေတာ သူဒီနှုတ်ခမ်းတွေကို နမ်းကြည့်ရင်ကော အတွေးတွေနဲ့ တစ်ယောက်ထဲ ယောက်ယပ်ခက်နေရင်း မျက်စိကို စုံမှိတ်ကာ နှုတ်ခမ်းတွေကို နမ်းလိုက်သည်
ရင်ဘက်ထဲက နှလုံးသားကတော့ ဘယ်လိုမှ ထိန်းချုပ်လို့မရတော့ လျှပ်စီးတွေ စီးဝင်လာသလို ခံစားချက်ကြောင့် သူ့ရင်ဘက်ကို လက်လေးဖိထားလိုက်ပီး တစ်ဖြေးဖြေး မျက်လုံးကို ဖွင့်လိုက်တော့
သူ့ကို စူးစိုက်ကြိုက်နေသော ရိုင်ယန့် မျက်ဝန်းတွေကြောင့် လန့်သွားစဉ်
ရုတ်တရတ် ရိုင်ယန်က သူ့အပေါ်က ဖိကာ မိုးလာတော့
"ကျတော် အင့်"
သူ့နှုတ်ခမ်းပေါ်ကို ရောက်လာသော အနမ်းတွေ
အရမ်းချိုတာဘဲ အတွေးတွေနဲ့အတူ သူရိုင်ယန့်နှုတ်ခမ်းတွေကို ပြန်စုပ်ယူလိုက်သည်
တစ်ဖြေးဖြေး သူတို့ အသက်ရှုသံတွေ ပြင်းထန်လာပီး အသက်ရှုရခက်လာစဉ်
ရိုင်ယန့် နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းမှ ခွာကာ လည်ပင်းတွေဆီ ရောက်လာတော့သည်
သူ့လည်ပင်းဆီ က လျှာနဲ့ အထိအတွေ့ကြောင့် သူ ဓာတ်လိုက်သွားသလို ခံစားလိုက်ရပီး တစ်ခုခုကို တောင့်တလာသလို ခံစားရသည်
ရိုင်ယန်က တစ်ဖြေးဖြေး အောက်ကို ဆင်းလာပီး သူ့ရဲ အင်္ကျီကြယ်သီး တွေကို အကုန် ဖြုတ်ပစ်လိုက်ကာ
သူ့ရဲ့ အနီရောင် အသီးလေး ကို ငုံလိုက်တော့ "အာ့ "
သူ့စိတ်တွေ ဗလာ ဖြစ်သွားသလိုပင် ဒီအထိအတွေ့တွေက ရင်နှီးနေသလို ခံစားနေရတာက သူ့အတွက်ထူးဆန်းသည်
တစ်ဖြေးဖြေး အသံကျယ်လာသော သူ့ရဲ့ ညည်းသံတွေကြောင့် သူကိုယ်သူပင် မယုံနိုင်။
သူ တစ်ခုခုကို ပိုလိုချင်နေသလို
ရိုင်ယန့်အနမ်းတွေက တစ်ဖြေးဖြေး ချက် အောက်နားကို ရောက်လာတော့ ရိုင်ယန့်ထံမှ အသံထွက်လာလေသည်
"မင်းသေချာလား bae "
သူ ရိုင်ယန့်ကို တစ်ချက် ကြည့်လိုက်ပီး ခေါင်းကို ညိတ်ပြလိုက်တော့ မြင်လိုက်ရသော ရိုင်ယန့်မျက်နှာက အပြုံးကြောင့် သူအနည်းငယ် ရှက်လာသလို ခံစားလိုက်ရစဉ်
သူ့ ရဲ့ အထိမခံနိုင်သော နေရာက ခံစားလိုက်ရသော နွေးထွေးမှု့ကြောင့် သူ့စိတ်တွေ လွှတ်ထွက်ကုန်သလို သူ့ပါးစပ်က ညည်းသံတွေ အဆက်မပြတ်ထွက်လာပီး နောက် တိတ်ဆိတ်နေသော ညမှာ သူတို့ အခန်းကတော့ အသံတွေနဲ့ ဆူညံနေတော့သည်....
BẠN ĐANG ĐỌC
MY CHEMICAL ROMANCE (Z+U)
Lãng mạnအမြဲ straight လို့ ခံယူထားတဲ့ ကောင်လေးတစ်ယောက် တစ်ရက်ဘဲတွေ့ခဲ့တဲ့ ယောကျာ်းတစ်ယောက်နဲ့ အတူ အိပ်ခဲ့မိပီးနောက်