ဒေးဗစ် နဲ့တွေ့ပီးနောက်ပိုင်း ရိုင်ယန်က အာဒန့်ကို တစ်ယောက်ထဲ အပြင်ပေးမလွှတ်တော့
သူပါမှအပြင်ထွက်ရသလို သူမပါရင်လည်း အနောက်က ဘောဒီဂတ် ၅ယောက်လောက် ထည့်ပေးတော့
အပြင်ထွက်တိုင်း လူတွေ ကြည့်ကြတဲ့ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံး အာဒန် အိမ်ထဲမှာဘဲ ခြေချုပ်မိနေလေသည်
"ကိုကို "
"ဟင်"
"နောက်တစ်ပတ်ဆို ကိုကို့ မွေးနေ့ရောက်တော့မယ်နော်"
"အွန်း"
tv ကြည့်ရင်း အာဒန် ရှေ့ကပြောနေပေမယ့် အနောက်ကနေ အာဒန့်ကို ဖက်ထားရင်း ဆံပင်တွေထဲ ခေါင်းတိုးလိုက် နားကို မထိတထိ ကိုက်လိုက်နဲ့ အလုပ်ရှုပ်နေသော ရိုင်ယန်က အင်း အဲ သာ ဖြေနေတော့ အာဒန် စိတ်မရှည်တော့ဘဲ
အနောက်ကို လှည့်ကာ ပြောရန် ပြင်တော့ လှည့်လာသော အာဒန့်ရဲ့ နှုတ်ခမ်းတွေ စုပ်ယူခံလိုက်ရပီး ဘာမှ ပြောလို့မရတော့ အာဒန်က တွန်းနေပေမယ့် ရိုင်ယန်က မလွှတ်
တစ်ဖြေးဖြေး အာဒန့် ရဲ့ တွန်းနေသော လက်တွေ အားပျော့လာပီး ရိုင်ယန့် အနမ်းတွေကို အလိုက်သင့်တုန့်ပြန်လာတော့ ရိုင်ယန့်နှုတ်ခမ်းထောင့်ချိုးမှာ ပြုံးယောင်သန်းသွားကာ အာဒန့်ကို ကောက်ချီပီးအခန်းထဲ ဝင်လာလိုက်သည်....ရေချိုးခန်းထဲမှာ ရေအတူချိုးပီး ထွက်လာပီးနောက်
ရိုင်ယန် အင်္ကျီ ဝတ်ပီး အာဒန့်ကို ကြည့်လိုက်တော့ ခါင်းရေစိုနဲ့ အင်္ကျီဝတ်နေသော ကြောင့် သူချက်ချင်းအနားရောက်သွားကာ dryer တပ်ပီး လေမှုတ်ပေးလိုက်သည်
ဒီကောင်လေး အရင်ကဆို အားလုံးသူ့ဟာသူအကုန် လုပ်တတ်ပေမယ့် အတိတ်မေ့ပီးနောက်ပိုင်း ခေါင်းက ဆံပင်တွေတောင် သူမှုတ်ပေးမှ မဟုတ်ရင် အစိုအတိုင်းနေနေလေ့ရှိတာကြောင့် သူဘဲ မနေနိုင်စွာ အကုန်လိုက်လုပ်ပေးရသည်
ဟုတ်တယ်လေ ဒင်းက ဖျားရင်ကျလည်း ပူတယ် အဖျားကူးမယ်ဆိုပီး သူ့ဘဲ ကန်ထုတ်တာ မလား
လေမှုတ်ပီး သေချာ ခေါင်းဖြီးပေးပီးမှ ထိုင်ခုံမှာ ခဏထိုင်လိုက်စဉ် သူ့အနောက်က နေ သိုင်းဖက်ခံလိုက်ရပီး
"ကိုကို ကိုကို့ အတွက် မွေးနေ့လက်ဆောင်"
သူ့လက်ထဲရောက်လာတဲ့ လက်မှတ်တွေ
"ဒါဘာတွေလဲ"
သူကြည့်လိုက်တော့ Mr. Ryan and Mr. Adam daughter Mikelle နာမည်နဲ့ လှူတန်းထားသော လက်မှတ်တွေ
အဖိုးအဘွားတွေ အတွက် လှူတန်းထားတာတွေရယ်
ဝေလံခေါင်ဖျားတဲ့ ဒေသမှာ စာသင်ကျောင်း ဆောက်လုပ်လှူတန်းထားလို့ ကျေးဇူးတင်လွှာတွေ
အားလုံးက မိသားစု နာမည်နဲ့ပင်
သူ အံ့သြစွာဖြင့် bae ကို ကြည့်လိုက်တော့ သူ့ကို ပြုံးကြည့်ပီး သူ့ပေါင်ပေါ်တတ်ထိုင်ကာ လည်ပင်းကို သိုင်းဖက်ထားပီး
"ကျတော့်လက်ဆောင်ကို သဘောကျလား"
သူ့မှာ ပြောစရာစကားတွေပင် ဆွန့်အနေမိတော့
"ကျတော် က အတ္တကြီးတယ် ကိုကို ဘဝဆက်တိုင်း ကိုကို နဲ့ ရေစက် စုံချင်တယ် ကိုကို့ ကို ကျတော်ဘဲ ပိုင်ချင်တယ်"
သူ့မျက်နာကို လက်နှစ်ဖက်နဲ့ ကိုင်ကာ တည့်တည့်ကြည့်ပီး ပြောနေသော သူ ရဲ့ လက်တွေကို ဖယ်လိုက်ပီး ထိုလက်တွေကိုဆွဲကာ သူ့ရှေ့က ကောင်လေးကို ရင်ခွင်ထဲမြုပ်နေအောင် ဖက်ထားလိုက်ရင်း
"ဘေ ကိုကိုနဲ့ ပတ်သတ်ပီး အတ္တကြီးတာမျိုးကိုကို ကြိုက်တယ်"
နားနားကပ်ကာ တိုးတိုးလေး ကပ်ကာ ပြောလိုက်သည်
"ဒယ်ဒီ ပါးပါးကို ဘာလို့ ဖက်ထားတာလဲ မီလည်း ဖက်ချင်တယ်"
မီက နောက်ကနေအော်ရင်း ပြေးလာမှ
"ဟားဟား အေးပါကွာ လာလာ ပါးပါး ဆီလာ"
သုံးယောက်သား ခေါင်းချင်းဆိုင်ကာ တူတူ ဖက်ထားလိုက်ကြသည်
ဒီဘဝလေးက အေးချမ်းလွန်းတယ် ဆုတောင်းတိုင်းသာပြည့်မယ်ဆို သူ ဒီအတိုင်းလေးဘဲ ထာဝရသူနေချင်ပါတယ်
ထိုနေ့က သမီးက ဘယ်လိုမှ ခွာလို့မရတော့ဘဲ သူတို့ နှစ်ယောက်ကြား ဝင်အိပ်တော့ ရိုင်ယန် က ဆူပုတ်နေလေသည်
ည သန်းခေါင် အာဒန့် လည်ပင်းက နွေးနေသော အထိအတွေ့ကြောင့် သူ နိုးလာလေသည်
"ဟာ ကိုကို ဘယ်လိုဖြစ်နေတာလဲ သမီး ရှိတယ်လေ "
"မရှိတော့ဖူး သူ့အခန်းထဲပြန်ရောက်သွားပီ"
"ဟင် ဘယ်လိုဖြစ်လို့ ပြန်ရောက်သွားတာလဲ"
ရိုင်ယန်က မဖြေဘဲ ဆက်နမ်းနေတော့
"မဟုတ်မှ ကိုကို... "
သူ ဘာမှဆက်ပီး ပြောလို့မရတော့ပါ သူ့အပေါ်ရောက်လာသော အနမ်းကြမ်းကြမ်းတွေအောက် သူကျဆုံးလေပီ...
YOU ARE READING
MY CHEMICAL ROMANCE (Z+U)
Romanceအမြဲ straight လို့ ခံယူထားတဲ့ ကောင်လေးတစ်ယောက် တစ်ရက်ဘဲတွေ့ခဲ့တဲ့ ယောကျာ်းတစ်ယောက်နဲ့ အတူ အိပ်ခဲ့မိပီးနောက်