<<<zawgyi>>>
Ryan
သူ့ ဘဝမှာ နှစ်ခြိုက်စွာ အိပ်မပျော်နိုင်ခဲ့တာ ဘယ်လောက်တောင်ရှိပီလဲ အခုတော့ တစ်ရက်ဘဲ တွေ့ဖူးတဲ့ ကောင်လေး ဘေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်
သူ ထိုကောင်လေးကို မြင်မြင်ချင်းပင် ချစ်မိခဲ့တယ် လို့ ပြောရင် ဘယ်သူမှ ယုံကြမည်မဟုတ်
သူ့ကို တောင်းပန်ကာ သွားချွန်ချွန်လေးတွေ ပေါ်အောင် ရယ်ပြနေသော ပုံရိပ်လေးကြောင့် သူ့ရင်ခုန်သံတွေ ထိန်းချုပ်လို့မရခဲ့
သူ့ကို ကျော်ကာ ထွက်သွားတဲ့ ပုံရိပ်လေးနောက် သို့ မသိစိတ်က လိုက်ခဲ့မိတော့ လူဆိုးလေးတွေ ကို ပိတ်ဟောက်နေတော့ သူကြည့်နေလိုက်သည်
ကလေးလေးပြောစကားကို နားမလည်တော့ ခေါင်းကုတ်ကာ စကားပြောနေသော ပုံစံလေးကြောင့် သူပြုံးလိုက်ပီး အနားသွားကာ ကူညီပေးလိုက်သည်
လူမိုက်တွေ ရောက်လာချိန် မပြေးဘဲ တစ်ယောက်ထဲ စကားတွေ တစ်တွတ်တွတ်ပြောကာ ကြောက်နေသော သူ့ပုံကြောင့် ကျတော် တစ်ချက်ရယ်လိုက်ပီး သူ့လက်ကို ဆွဲကာ ပြေးလိုက်သည်
သူ့အတွက် ဒီလူမိုက်တွေက အမှိုက်သာသာဖြစ်ပေမယ့် ဒီကောင်လေးရှေ့မှာတော့ သူလူမိုက်မလုပ်ချင်
လူမိုက်တွေနဲ့ မျက်ခြေပြတ်သွားချိန် ကောင်လေးက သူ့ကို အတူတူ လည်ဖို့ပြောတော့ သူဝမ်းသာသွားသည်
သူချက်ချင်းမတုန့်ပြန်တာ ကို ထိုကောင်လေး တစ်မျိုးထင်သွားတော့ သူမြန်မြန် ပင် လည်မယ် ပြောလိုက်မှ ပျော်သွားတဲ့ကောင်လေးမျက်နှာက သူ့ရင်ကို အပျော်တွေ ကူစက်လာသည်
တစ်နေ့လုံး ကလေးလို တွေ့သမျှနေရာ ဓာတ်ပုံရိုက်ခိုင်းနေသော ကောင်လေးကို မငြီးမငြူ လိုက်လုပ်ပေးနေမိသည်
ညနေ နေဝင်ချိန်ကြည့်တော့ ပင်ပန်းသွား၍ထင်သည်
ထိုင်ရင်း ငိုက်နေတော့ သူ့ပုခုံးပေါ် ခေါင်းအုံးပေးလိုက်ကာ အိပ်စေလိုက်သည်
အိပ်နေသော မျက်နှာလေးက တစ်ကယ် အပြစ်ကင်းသည်
မှောင်မဲနေသော သူ့ဘဝထဲ လလေးတစ်စင်းသာနေသလိုပင်
ညရောက်တော့ အေးလာ၍ထင် လူးလွန့်ကာ နိုးလာပီး သူ့ကို အသည်းအသန်တောင်းပန်နေသော ပုံလေးကြောင့် သူ ပြုံးကာ ခေါင်းခါလိုက်မိတော့ သူ့ကို ငေးကြည့်နေသည်
ထိုမျက်ဝန်းလေးတွေကို ငေးကြည့်ရင်း ခုန်နေသော ရင်က လှိုင်းသံတွေနဲ့ အပြိုင်
သူ့ကို ရှက်သွားတဲ့ ပုံလေးက ဖက်ကိုက်ပစ်ချင်စရာ
သူ့အိမ်လိုက်တည်းဖို့ ပြောတော့ လက်ခံ၍ ပျော်သွားသော ခံစားချက်ကို ကိုယ်သာသိသည်
သူရေချိုးပီး ထွက်လာတော့ ရေချိုးပီးကာစပုံလေးနဲ့ သူ့ကို မော့ကြည့်လာသော ပုံလေးကြောင့် သူရင်ခုန်သံတွေ ထိန်းချုပ်လို့မရတော့
ကြယ်အတူကြည့်တဲ့အချိန် ကြယ်တွေကို ငေးရင်း ဝိုင်သောက်နေသော ပုံစံလေးကြောင့် သူ့စိတ်တွေ လွှတ်သွားကာ နှုတ်ခမ်းလေးကို နမ်းမိပီးမှ သူစိတ်ဆိုးသွားမှာကြောက်လို့ သူ့ကို ကြည့်မိတော့ အံ့သြနေပေမယ့် စိတ်ဆိုးပုံမပြ
သူ ထပ်ပီးနမ်းလိုက်တော့ သူ့ကို ပြန်နမ်းလာသော အနမ်းတွေကြောင့် ပျော်သွားကာ သူရှေ့ဆက်တိုးလိုက်သည်
ဘယ်မိန်းမကိုမဆို တစ်ခါထက် ပိုမဆက်ဆံသော သူက ဒီကောင်လေးမှ သူ့ဆန္ဒတွေကိုပင် သူမထိန်းနိုင်
သူတို့ပီးမြောက်သွားချိန် ကောင်လေးကို ဖက်ရင်းပင် သူ အိပ်ပျော်သွားသည်ဒီကောင်လေးက သူ့အတွက် အိပ်ဆေးလိုပင်
နိုးလာချိန် သူဘေးကို စမ်းလိုက်တော့ အေးစက်နေသောကြောင့်သူချက်ချင်း မျက်လုံးဖွင့်ကာရှာလိုက်သည်
ကောင်လေးမရှိတော့ သူဘေးက အင်္ကျီအဖြူလေးသာ ကျန်ခဲ့သည် ထို အင်္ကျီအဖြူလေးကို ကောက်ယူလိုက်ပီး
သူဘောင်းဘီဝတ်ကာ အောက်မှာ ရှာတော့လည်း မတွေ့တော့
အိတ်တွေလည်း မရှိတော့
ဒီကောင်လေး သူ့ကို ထားပီး ထွက်သွားတာဘဲ
သူ့မျက်လုံးထဲမှာ ဒေါသငွေ့တွေ ထွက်လာပီး လက်ထဲက အင်္ကျီကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်
"ငါ မင်း ကို တွေ့ အောင် ရှာ မယ် adam "
ŞİMDİ OKUDUĞUN
MY CHEMICAL ROMANCE (Z+U)
Romantizmအမြဲ straight လို့ ခံယူထားတဲ့ ကောင်လေးတစ်ယောက် တစ်ရက်ဘဲတွေ့ခဲ့တဲ့ ယောကျာ်းတစ်ယောက်နဲ့ အတူ အိပ်ခဲ့မိပီးနောက်