final part 2

10.6K 673 6
                                    

၆လကြာပီးနောက်....

"ကိုကို နည်းနည်းလောက် လျှောက်ကြည့်ပါဦး "
"မရတော့ဖူး ကိုယ် အရမ်းပင်ပန်းနေပီ"
"နည်းနည်းလေးပါ ကွာ လာ ကျတော့် ကို မှီထားပီး ဖြည်းဖြည်းချင်းလျှောက်"
"ကိုကို နားချင်လို့ပါဆို "
"မရဖူး ဆရာဝန် ပြောထားတယ်လေ ကိုကို့အတွက်လမ်းများများ လျှောက်ဖို့ လိုတယ်တဲ့  လာပါ လိမ္မာပါတယ် ဒီတစ်ခေါက်ဘဲ လျှောက်မယ်လေ "
"မရတော့ဖူး energy ပျက်လပ်နေပီ "
ကလေးလို နှုတ်ခမ်းကို ဆူကာ ပြောနေသော ရိုင်ယန်ကြောင့် အာဒန် တစ်ချက်ပြုံးကာ နှုတ်ခမ်းကို မော့နမ်းလိုက်သည်
"ရပီလား"
"အွန်း "
သူတို့နှစ်ယောက် ကိုယ့်အာရုံနဲ့ကိုယ် မို့ ပတ်ဝန်ကျင်ကို မကြည့်မိပေမယ့်  ပတ်ဝန်းကျင်က သူတို့ ကို ကြည့်နေလေသည်
"ကြည့်စမ်း ဒီအချိန်ဆို မြင်ရတဲ့ မြင်ကွင်းက လှပလိုက်တာ "
"အေးလေဟယ် လှလည်းလှသလို နမြောစရာလည်းကောင်းလိုက်တာ နှစ်ယောက်လုံးဒီလောက်ချောတာ 😢"
" ဟဲ့ ပြစ်မှားမနေနဲ့ သူများက မိသားစု နဲ့ဟဲ့"
"ဟင် ငါ မသိသေးဖူး "
"နင် သိလား အသေးကောင်လေးကလေ ကိုယ်ဝန်ဆောင်ပီး သမီးလေးမွေးထားတာတဲ့ "
"တစ်ကယ် လား မိုက်လိုက်တာ "
"ဟဲ့ ဟဲ့ ဟိုမှာ သူတို့ သမီးလေး လာနေပီ တွေ့လား
ဂါဝန် အဖြူလေးနဲ့"
"ချစ်စရာလေးဟယ် "

"ဒယ်ဒီ ပါးပါး " အော်ကာ ပြေးလာသော သမီးကို အာဒန် ဆီးကာ ချီလိုက်သည်
သမီးနောက်က ဖူးမေနဲ့ အိမြတ် ရယ် အကို ထင်အောင်ရယ် ပါလာလေသည်
ဖူးမေကို အကို ထင်အောင်က လက်တွဲလာကာ ဘေးက Fa မ ကတော့ ထုံးစံအတိုင်း ဆူပုတ်နေသည်
"အဟမ်း နင်တို့က ဘယ်လို ဖြစ်လာတာတုန်း "
"မပြောချင်ပါဖူးဟယ် ငါတို့ကို အလကားနေလိုက်ပီး ကြည့်မရဖူး ဖြစ်နေတယ် "
"ဟားဟား ဖြစ်ရမယ် နင် လည်း တစ်ယောက်တည်း မဖြစ်ချင်တော့ရင် ရည်းစားထားတော့လေ ငါရှာပေးရမလား"
"ဟဲ့ဟဲ့ မလိုတော့ဖူး ဒင်းက တွေ့နေပီ မူနေပီး Fa ချင်ယောင် ဆောင်နေတာ "
"ဟင် ဘယ်သူလဲ "
"ဘယ်သူရှိရမှာတုန်း mike လေ"
"ဟင် Mike ??? ဒင်းတို့က ဘယ်တုန်းက ညိသွားတာတုန်း" အာဒန် အားလုံးကို ကြည့်လိုက်တော့ အားလုံးက သိနေပီးသားလိုပင်
"နေပါဦး ငါဘဲ မသိသေးတာလား ကိုကို ကိုကိုကော သိလား"
ကိုကို က ဘာမှ မပြောဘဲ ပြုံးဘဲ ပြုံးပြနေတော့ အာဒန် တစ်ခုခု ပြောဖို့ ပြင်နေစဉ်
"Mr ရိုင်ယန် ဆရာဝန်ကြီး ခေါ်နေတယ်ရှင့် "
"ok ညီမ"
"ကျတော် လိုက်ပို့်မယ် ညီလေးက သူငယ်ချင်းတွေနဲ့ စကားပြောနေလိုက်လေ "
"ကျေးဇူးဘဲ အကို ကိုကို အာ့တာဆို ကျတော် နေခဲ့မယ်နော်"
ရိုင်ယန် နဲထင်အောင် ခေါင်းညိတ်ပြကာ ထွက်လာခဲ့လိုက်သည်
သူတို့ ထွက်သွားမှ
"ဟဲ့ ပြောစမ်းပါဦး နင်နဲ့ mike က ဘယ်တုန်းကတည်းကလဲ ငါဘဲ ဘာလို့ မသိရတာလဲ ပြောစမ်း"
"ဟဲ့ နင်က၂၄ နာရီမှာ ၂၅ နာရီလောက် နင့် oppa နားမှာဘဲ
ကပ်နေတာလေ
နင့် oppa ကိုဘဲ စိတ်ဝင်စားနေတာလေ
ဒါနဲ့ ငါ နင့်ကို အကြံဉာဏ်ပေးမလို့ "
"ဘာလဲ"
"နင်တို့ ဆေးရုံမှာ ကိုယ်ပိုင်အခန်းဝယ်ထားလိုက်ပါလား"
အိမြတ် စကားကြောင့် အာဒန့် မျက်လုံးတွေ ပြူးကျယ်ကာ
"ဘာ !! ငါတို့က ဘာလို့ ဝယ်ရမှာလဲ"
"ဟုတ်တယ်လေ ငါ ပြောမယ် သမီးလေး သက်တမ်းတစ်လျှောက်ေ
လ နင်တို့ ဆေးရုံကို တစ်ယောက်တစ်လှည့်ရောက်နေတာ ပီးတော့ ငါ နင်တို့အတွက် ယတြာလည်း ချေပေးထားတယ်"
"အင်း ဟုတ်တော့လည်း ဟုတ်သား ဒါနဲ့ ယထြာ က လို လို့လား"
"လိုတာပေါ့ ဟဲ့ နင်သေချာစဉ်းစားကြည့်စမ်း နင်နဲ့ နင့် oppa က ပေါင်းရတာနဲ့ ဝေးရတာဆို ဝေးနေရတာများတယ်လေ ပီးတော့ နင်တို့မှာ သေမလို ဖြစ်ရတာလည်း အကြိမ်ကြိမ်ဘဲ "
"ဟုတ်တော့ ဟုတ်ပေမယ့် ငါထင်တာ နောက်ဆို ဒီလိုတွေ ထပ်ဖြစ်စရာမရှိတော့ပါဖူး"
"အင်းးးးး ဒါနဲ့ ငါတို့ကို ပြောပြပါလား နင်တို့ လွန်ခဲ့တဲ့ ၆ လက ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ..."

You've reached the end of published parts.

⏰ Last updated: Oct 04, 2022 ⏰

Add this story to your Library to get notified about new parts!

MY CHEMICAL ROMANCE (Z+U)Where stories live. Discover now