၂၀၂၀ခုနစ် နွေဦးရာသီရဲ့ တစ်နေ့ ..
ကျွန်တော် တို့ သူငယ်ချင်းတွေ အလုပ်ကိုယ်စီနဲ့မအားကြပေမဲ့။
ဒီနေ့ကိုစုံဖြစ်အောင်စုံမယ်လို့ ကတိတွေပေးခဲ့ကြတယ် ။
နှစ်တိုင်းတော့ဆုံကြတယ် ဒါပေမဲ့ ကျွန်တော်တော့မပါခဲ့ဘူး။ဒီနှစ်တော့ အချစ်ဆုံးသူငယ်ချင်း Wedding လည်းရှိတော့ မလာမဖြစ် ကတိအတိုင်း ကျွန်တော် Singapore က အလုပ်တွေကို အတက်နိုင်ဆုံးထားခဲ့ကာ ဒီတစ်နှစ်တော့တွေ့ဖြစ်အောင်တွေ့မယ်လို့ အားထားကာ ထို့နေ့အမှီပြန်လာခဲ့တာပေါ့................။ကျွန်တော် အမေတို့နဲ့လည်းတွေ့ချင်တယ် ပြီးတော့ သူငယ်ချင်းအတွက်နောက်မကျချင်တော့ ကျွန်တော် တစ်ပတ်လောက်စောလာခဲ့တယ်။ကျွန်တော်မိဘတွေက Mandalay ရှိတော့ မန္တလေးကိုအရင်ဦးစွာသွားလိုက်တယ်။အမေနဲ့အတူ နှစ်ရက်လောက်နေပြီးမှ ရန်ကုန် လာမယ်ပေါ့...။
ပြန်ရောက်ရောက်ခြင်း အမေနဲ့အတူ ထမင်းလက်ဆုံစားတယ်။ထမင်းစားနားပြီး မကြာပါဘူး၊ကျွန်တော် ခရီးနဲနဲပမ်းလာတော့ အိမ်ခန်းရှိရာ နေရာကိုသွားတာပေါ့.....။
အမေကလည်း ကျွန်တော်ကို ချစ်ပါတယ် ၊ကျွန်တော် ပစ္စည်းတွေကိုနေရာတစ်စက်မရွေ့ဘူး ဒီအတိုင်းပဲ။ဒါကြောင့်ပြောတာ
"ကိုယ်အိမ်ကိုယ့်ရာလောက်ကောင်းတာဘားမျှမရှိဘူးတဲ့၊အေးချမ်းလိုက်တာ ။"
အခန်းထဲရောက်ရောက်ခြင်းပင် ကုတင်ပေါ်သို့ပြစ်လှဲချလိုက်တယ် ။
ကုတင်ပေါ်ရောက်ရောက်ခြင်းမကြာပါဘူးဖုန်းတောင်မကိုင်ရသေးဘူး အိပ်ငိုက်လာတာပဲ။အိပ်ပျော်ခံနီး အိပ်ရာအောက်ကနေအသံကြားလိုက်တယ် ........."ဒုတ်"
ပစ္စည်းတစ်ခုလှုပ်သံ ဒါမှမဟုတ် တစ်ခုခု ရှိနေတဲ့အသံ
သတိတော့ ထားလိုက်မိတယ် အိပ်ချင်နေတော့ မရှာနိုင်တော့ဘူးလေ။ဖြစ်ချင်ရာဖြစ် အိပ်တော့မယ်ပေါ့
ဒါပေမဲ့ ပစ္စည်းတစ်ခု ရွေ့သွားတဲ့ အသံ ကို သေသေချာချာကြားလိုက်ရတယ်လေ။"မဖြစ်တော့ဘူး ငါထကြည့်မှရမယ်"
သရဲကားတွေကြည့်ထားတာ အလကားမှမဟုတ်တာ
ကုတင်ဘေးက မီးအိမ်လေးကို ကောက်ဖွင့်လိုက်တယ်။ကုတင်အောက်ကိုကြည့်ဖို့ ဖုန်းမီးဖွင့်လိုက်ကာ
ဒီအချိန် ခေါင်းငုံကြည့်မယ် အချိန်
"ဖျက်" ကနဲ မီးပျက်သွားတယ်။
"ဟာ အရေးရယ်အကြောင်းရယ်ဆိုမီးက ပျက်ပြီ။အောက်ကလည်း အသံက ထွက်နေတယ် မဖြစ်သေးပါဘူး"
"မကြည့်ရင်လည်း ဒီည ငါအိပ်လို့ရမှာမှာ မဟုတ်ဘူး ၊ဘာပဲဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်ကွာ" ဆိုပြီး ကုတင် အောက်ကြည့်လိုက်ရာ အခြားမဟုတ် ကြွက်ပင်

YOU ARE READING
Heart Of Stone (ကျောက်ဖြစ်သွားသော နှလုံးသား) Unicode Ver
Romanceမိဘဆွေမျိုးတွေသဲသဲလှုပ် ချစ်ခြင်းခံ ရပြီး အနေအေးသော ခေတ်လမင်း ငယ်စဥကတည်းက မိဘနှစ်ဦးနှင့်ကွဲကွာခြင်း ခံရပြီး အရာရာကို ခပ်ပေါ့ပေါ့ သာ သဘောထားသော နေသူရိန် ထိုကောင်လေးနှစ်ဦး ရဲ့ တွေ့ဆုံမှု.......... ခေတ်လမင်းရဲ့ အချစ်စွမ်းအားကြောင့် နေသူရိန် ဘယ်လိုပြေ...