တီ ...တီ .....(တီတီ)..၂....(နိူးစက်မြည်သံ)
လမင်းလေးနိူးလာပီ .....
"ဟင် ၊ငါဘယ်ရောက်နေတာလဲ။ခေါင်းတွေမူးလိုက်တာ"
"ငါအခုဘယ်ရောက်နေတာလဲ ။"
"အာ့"
"ငါ တင်ပါးတွေနာနေပါလား ""ဟာ ငါ အ၀တ်အစားတွေကော ။ငါညကများ!!!!!!""
"တကယ်ကြီးဖြစ်ခဲ့တာလား မဖြစ်နိုင်ပါဘူး။
ထို့နောက်လမင်း အတွင်းခံဘောင်းဘီတိုကလေးကို၀တ်ကာ
မီးဖိုခန်းထဲသို့ ဆင်းလာခဲ့တယ် ......
ရှဲရှဲ ..... (ဟင်းချက်သံ)
"လမင်း ၊သဲလေး ဆင်းလာပီလား""ဗိုက်ဆာလို့လား"
"ခန နော် ကိုယ် sausageလေးကျက်ရင် စားလို့ရပီ "
"လာ ထိုင် " "သဲကြိုက်တဲ့ orange juiceလုပ်ထားတယ် သောက်လိုက်"
"အကို ကျွန်တော်ကို သဲလို့မခေါ်နဲ့မကြိုက်ဘူး"
"အကို ချစ်သူလဲ မဟုတ်ပဲနဲ့"
"သဲရယ် ၊မင်းကသာ မဟုတ်ဘူးပြောတာ ၊ညက မင်းပဲ ဦးဆောင် တာနော် " "ဘယ်နစ်ကြောင်းတောင်လဲ""ကိုယ်ပြောပြရမလား"
"!!!!!!ဗျာ ရပီ။တော်ပီ ကျွန်တော် ပြန်တော့မယ် ။ညကလည်း ကျွန်တော်မူးနေလို့ ဖြစ်သွားတာလေ.....ချစ်လို့မှမဟုတ်တာ "
"ညီကလဲကွာ ကိုယ်ကိုစိတ်မကောင်းအောင်မပြောပါနဲ့ "
"ညီ မကြိုက်ရင် ကိုယ်မပြောတော့ဘူး"
"ဒါပေမဲ့ ညကတကယ်နော် ။ကိုယ် စိတ်က ........"
"ပြီးတော့ညီ အခုပြန်လို့မရဘူး "
"အကျက်နေ့ကြီး ကားလည်း မလွယ်ဘူး ပြီးတော့ တံခွန်က သူဖုန်းဆက်မှ လာခဲ့လို့ပြောတယ် ညီရဲ့ "
"တံခွန် ကိုဘာလို့ဖုန်းဆက်တာလဲ အကိုက ၊ဗျာ"
"အကိုမဆက်ဘူးညီရဲ့၊သူအရင်ခေါ်တာ""ညီရယ် ၊ကိုယ်တကယ်တောင်းပန်ပါတယ်ညီ"
"မင်းကိုစားစေချင်လို့ ၊ကိုယ်မနက်ထဲက ထချက်နေတာ "
"စားလိုက်နော် ပြီးမှ ပြန်ပါကွာ နော် ညီ။။။"
လမင်းသည် မျက်စောင်းလေးတချက် ထိုးကာ
"ကယ် .....ဒီလောက်တောင် ကျွေးချင်နေလဲ ပြော "
"အခု…..ဘာတွေချက်ထားတာလဲ"
"ကြက်ဥ half life ၊ ပေါင်မုန့် ရယ် ၀က်ပေါင်ခြောက်ရယ်
ပီးတော့ညီ ညက မူးနေတော့ ပျားရည်လေးလုပ်ထားတယ် ၊၀range juiceလေးကော"
"အရမ်းပင်ပန်းသွားမှာပဲနော် "
"ဒီလိုမပြောပါနဲ့ကွ၊ ကိုယ်ကဟင်းမှမချက်တက်တာ၊ကြက်ဥ မတူးအောင် အလယ်မကွဲအောင် ကြော်ကတာလွယ်တယ်ထင်နေလား ၊အချစ်တော်"
"ထိုင်ပါ "
"မင်းမျက်စောင်းထိုးတာ ချစ်စရာလေးနော် "
"ညကအပြုအမူလေးလဲ ချစ်စရာလေး"
လမင်းလေး က မျက်နာကြီးနီလာပြီးတော့"
"မစနဲ့တော့ ဗျာ "
"ဗိုက်ဆာတယ် ""လာစားမယ်"
"ဘာလဲ ညီ ""မ၀သေးဘူလား ညကလဲစားထားတာကို"
"အကို မစနဲ့တော့ဗျာ "
"အေးပါကွာ""ညီ မကြိုက်ရင် ကိုယ်မစတော့ဘူး ဟုတ်ပီလား။စားတော့"
ထမင်းစားပွဲပေါ်တွင် လမင်းက ဗိုက်ဆာဆာနဲ့စားနေတာ
သူရိန်က တော့ လမင်းကိုအကြည့်မပျက် ..
"အကို လမင်းကို ဒီလိုမကြည့်နဲ့""လမင်း အစားစားကတာ မဖျောင့်ဘူး"
"တော်ပီ ဗျာ ၊ရေဆာတယ် ရေသောက်မယ်
၊ရေခဲသေတ္တာထဲမှာရေခဲရေ ယူလိုက်အုံးမယ်"
သူရိန်က လမင်း မနက်စာစားပီးထသွားတာလဲပြုံး ပြုံးလေးပဲကြည့်နေတယ် ။လမင်း ခုံနေရာ မှထကာ ရေခဲသေတ္တာကို ဖွင့်လိုက်သည် ။
ထိုအချိန် တွင် နေသူရိန်သည် လမင်းအား ခါး နောက်မှနေ၍ သိုင်းဖက်လိုက်သည်။
"အကို ဘာလုပ်တာလဲ ဖယ်ဗျ"
"ခနလေး ပါ ညီ ။ခနလေး "
"ကိုယ် အရမ်းအထီးကျန်နေတယ်။ဒါပေမဲ့”
"ကိုယ်ဘ၀ထဲကို ညီ၀င်လာတာ ဒါကိုယ့်အတွက် ဘုရားပေးတဲ့ဆုပဲ ညီ" "အကို လေ "ညီကို အရမ်း....ချစ်တာပဲ "
သူရိန် သည် မျက်ရည် စမ်းကာ လမင်းအားတင်းကျပ်စွာဖက်ထားလေ ၏။အကြောင်ရင်း ကား လမင်းမသိချေ။
ထို့နောက်……
ထို့နောက် လမင်းနောက်ကိုဖက်ထားသော နေသူရိန် ဘက်အားမျက်နက်ချင်းဆိုင်လှည့်ကာ
"အကို၊" "အကို ငိုနေတာလား"
ရစ်ဝဲလာသော မျက်ရည်များကို ဖယ်ရှားလိုက်၍ “ရတယ် ။ကိုယ် ဘားမှ မဖြစ်ဘူး”
ထိုအချိန်တွင် အနေအထားသည် မျက်နာချင်းဆိုင် အနေအထားဖြစ်၍ မျက်လုံးချင်းစုံရင်း နေသူရိန်၏ နှုတ်ခမ်းသားကလေးများသည် ခေတ်လမင်းအနားသို့ ဖြေးညင်းစွာရောက်လာလေသည်။
ထိုအချိန်……..
"ခန အကို ၊ညီ ဖုန်းလာနေလို့ ခန လေး"
အရှိန်ပျက်ကာ "အေး သွား ၊ညီ"
"Hello,တံခွန်ပြော"
"တံခွန်ပြောမလုပ်နဲ့၊သားလေး မင်းညက ဖင်ချခံရတယ်မှတ်လား"
"လီး မို့လို့ချခံရမှာလားကွ""ခွေးကောင် ၊ငါဘယ်အချိန်ပြန်လာရမှာလဲ"
"အေးကွာ ငါဒါပဲပြောမလို့ ""ငါဒီနေ့ညအိမ်ပြန်မဖစ်ဘူး"
"ငါ့ ညဘက် ကိစ္စရှိလို့"
"အေး မင်းလည်း ဒီ ကိစ္စတွေနဲ့ပဲ လုပ်နေ "
"တော်ကြာ ရောဂါနဲ့သေသွားမယ် "
"အေးပါကွာ ၊စိတ်ပူပေးတာကျေးဇူး သားလေး”
"ဒါဆို တံခွန် ၊မင်းအိမ်မပြန်ဖြစ်တာနဲ့ ။ငါအိပ်ပြန်မှာနဲ့ ဘာဆိုင်လို့လဲ"
"မဟုတ်ဘူး ။ငါမေမေ ကို လမင်းနဲ့ သူငယ်ချင်းအိမ်မှာအိပ်မယ်ပြောခဲ့တာ""ကူညီပါနော် လမင်းရယ် ။မင်းအလှည့်ကလဲ ငါကူညီတယ်လေ ငါအလှည့် မင်းပြန်မကူညီ ချင်ဘူးလား"
"မဟုတ်ဘူးလေ ။ဒါက မတူဘူးကွ"
"မဟုတ်ဘူး။ဟုတ်တယ် ။လုပ်မနေနဲ့ ။"
"တစ်ညလောက် ထပ်နေလိုက်ပါကွာ ။ဒါပဲ ဟေ့ကောင် "
"ငါ စော် ခေါ်နေပီ ။b b"
"ဟေ့ကောင်၊တံခွန် ..နေအုံး ဟ..တံခွန် ......!!!!! (တီ..တီ)"
"ဒုက္ခပဲ ၊ငါ ဘယ်လိုထပ်နေရမလဲ ""ညက ကိစ္စတောင် ဘယ်လိုရင်ဆိုင်ရမလဲမသိတာကို"
"ရင်ဆိုင် စရာမှမလိုတာ ယောက်ျားလေး နစ်ယောက်ဖြစ်တာလေ ဗိုက်ကြီးစရာမှမရှိတာ "ဒီလိုပဲကျော်သွားမှာပေါ့ကွ"
"ဒါနဲ့ ခုနက ဘာဖြစ်တာလဲ ကိုသူရိန်က "
"အိမ်မှာ အခုကြည့်ရတာ သူမိဘပုံတောင်မတွေ့ဘူး၊
သေသွားတာလား " "သိတော့ဘူးကွာ ခေါင်းမူးလာပီ"
............
ညီ..... ကိုယ်ပြောစရာလေးရှိလို့"ဟုတ်အကို လမင်းကိုဘာပြောမလို့လဲ"
"ဒီလို ညီရဲ့ ၊ဒီနေ့ကအကျက် နေ့လေ ဒါကိုယ် တို့ခနနေမေသူတို့နဲ့ အပြင်သွားမလို့။ဒါညီ ကောလိုက်အုံးမလားလို့မေးကြည့်တာ""မလိုက်တော့ဘူး အကို လမင်း ခေါင်းမှုး နောက်နောက် ဖြစ်နေလို့၊ခနပြန်အိပ်လိုက်မယ်....ဒါနဲ့အကို အပြင်သွားမယ်ဆို တော့ အိမ်မှာ လမင်းတစ်ယောက်တည်းကျန်ခဲ့မှာပေါ့ !!
ပြီး တော့အကိုကိုပြောစရာလည်းရှိတယ် ဒီတစ်ညလောက် လမင်းအကိုဆီမှာပဲ နေလို့ရမလား""ညီ ရယ် ကိုယ်ကိုကြည့်
ညီနေချင်ရင် တစ်ည မဟုတ်ဘူး တစ်သက်လုံးတောင်နေလို့ရတယ် သိလား""အကိုလည်းနော် မစရမနေနိုင်ဘူးလား။နောက်တီးနောက်တောက်နဲ့...."
နေသူရိန်သည် လမင်းပုခုံးလေးကို ကိုင်ကာ "ညီ ၊အခုတော့ မနက်စာလေး စားလိုက် ။ပြီးမှ အိပ်လိုက် ကျန်တာကိုယ်စီစဉ်ပေးမယ် အိုကေ..
ပြီး တော့ ညက ကိစ္စ.........."လမင်းစကားဖျက်၍
"အကို လမင်းဗိုက်ဆာနေပြီ ပြီးမှပြောမယ်နော် ဟီးဟီး"
YOU ARE READING
Heart Of Stone (ကျောက်ဖြစ်သွားသော နှလုံးသား) Unicode Ver
Romanceမိဘဆွေမျိုးတွေသဲသဲလှုပ် ချစ်ခြင်းခံ ရပြီး အနေအေးသော ခေတ်လမင်း ငယ်စဥကတည်းက မိဘနှစ်ဦးနှင့်ကွဲကွာခြင်း ခံရပြီး အရာရာကို ခပ်ပေါ့ပေါ့ သာ သဘောထားသော နေသူရိန် ထိုကောင်လေးနှစ်ဦး ရဲ့ တွေ့ဆုံမှု.......... ခေတ်လမင်းရဲ့ အချစ်စွမ်းအားကြောင့် နေသူရိန် ဘယ်လိုပြေ...