အကြို နေ့တွင် သကြန်မိုးကလေး ရွာထားသည့် အတွက် အကျနေ့ မနက်တွင် ပိတောက်ပန်းနှင့် ငုဝါပန်း ကလေးများကဝေဝေ ဆာဆာ ဖူးပွင့်လျှက်ရှိလေသည်။ထိုပန်းအလှ များနှင့်တကွ လမင်း နေရာ သည် ဆူးလေ နှင့် နီးသဖြင့် သံချပ်သံများ ၊သီချင်းသံများ စုံလျှက်............
ထိုမနက်တွင်......
တီတီ၊တီတီ ...... (ကားဟွန်းသံ)
ခေတ်လမင်း အိမ်ရှေ့"ခေတ်ရေ ခေတ် အကိုတို့ရောက်ပီ။ထွက်ခဲ့တော့"
ထို့အသံကြားသဖြင့် ဘေးအိမ်မှ ထွက်လာသော ခေတ်လမင်း
"ဟုတ်ကဲ့ လာပြီ အကို"
ခေတ်လမင်းသည် Hoody အဝါရောင် အကျီ ကလေး နှင် ဂျင်းဘောင်းဘီ တိုကလေးကိုဝတ်ကာ လွယ်အိပ် ကလေးပါလွယ်ထားလေသည်....။
ထို့နောက် ကားပေါ်တက်တက်ခြင်းနေသူရိန်မှနေ၍
"ညီ ရောက်ပြီဆိုတော့..... ကိုယ့်သူငယ်ချင်းတွေနဲ့ အရင်မိတ်ဆက်ပေးမယ်။"
"ဟုတ်ကဲ့အကို...""သူ က စည်သူ ၊ သူက ခိုင်သူဇာ ၊သူက မေသူ ၊သူက ကြယ်တာရာ ၊သူက ကျော်သူရ"
"ဟုတ်ကဲ့ပါခင်ဗျ။ ခေတ်လမင်းလို့ခေါ်ပါတယ် ခင်ဗျ....။တစ်ခါမှ မလည်ဖူးတော့ မမှားလုပ်မိရင် ထိန်းပေးပါနော်.....ဟီး"
ခိုင်သူဇာ မှ.......
"ချစ်စရာလေး ခေတ် က ပါးလေးဖောင်ဖောင်းလေး
အသားဖြူဖြူလေးနဲ့ ငါတို့ငမဲနဲ့ သူငယ်ချင်းဖြစ်တယ်တဲ့အေ မတန်ပါဟယ်......"မေသူ "ဟုတ်တယ် ၊ ငါလည်းထောက်ခံတယ် ၊အဆင်လေး ။မောင်လေးမှာ စော်ရှိလား။မမနဲ့တွဲ မလား"
နေသူရိန်မှ ခေတ်လမင်းကို ရှေ့သို့ ဆွဲလိုက်ကာ "နင်တွေ တော်ကျတော့။ဟိုမှာကလေးရှက်နေပီ"
"အခုမှ ကလေး လား မယုံဘူးမောင်လေး။မမကို ပြကြည့်ပါလား။"
"ခိုင်သူဇာနင်.... ဘာပြခိုင်းနေတာလဲ။ငါ့ ညီကို "
"လည်စိလေ နင်ကလည်းတွေးတယ်နော်... ။နဲနဲတောင်ပြောလို့မရဘူး။"
"လမင်း ညီ။နားမထောင်နဲ့ ကိုယ့်သူငယ်ချင်းတွေက ဒီလိုပဲ။လျှောက်ပြောနေတာ။လာကိုယ့်ရှေ့မှာပဲနေ။"
ခေတ်လမင်းသည် နေသူရိန်သည် ရင်ခွင်ထဲ မှာပေါ့ "ဟုတ်"
"ဒါနဲ့နေပါအုံး ။လွယ်အိပ်ကဘာလုပ်တာလဲ။ညီ"
"မုန့်တွေလေ ဗိုက်ဆာရင် စားဖို့လေ"
ထိုအခါ နေသူရိန်သည် ခေတ်လမင်း နောက်ကျောမှနေ၍ ရှေ့သို့ တိုးကာ "မင်းချစ်ကိုကြီးတစ်ယောက်လုံးတစ်ယောက်လုံးပါနေတာကို။ဘာတွေပူနေတာလဲ သဲလေးရဲ့"
ထိုအခါ ခေတ်လမင်းသည် ဘားမျှမပြော ပြုံးလျှက်သာနေလေသည်....။
.............................................................................................
ထွက်လာပြီး မကြာမှီ မြို့တော်ခန်းမ အရောက်

YOU ARE READING
Heart Of Stone (ကျောက်ဖြစ်သွားသော နှလုံးသား) Unicode Ver
Romanceမိဘဆွေမျိုးတွေသဲသဲလှုပ် ချစ်ခြင်းခံ ရပြီး အနေအေးသော ခေတ်လမင်း ငယ်စဥကတည်းက မိဘနှစ်ဦးနှင့်ကွဲကွာခြင်း ခံရပြီး အရာရာကို ခပ်ပေါ့ပေါ့ သာ သဘောထားသော နေသူရိန် ထိုကောင်လေးနှစ်ဦး ရဲ့ တွေ့ဆုံမှု.......... ခေတ်လမင်းရဲ့ အချစ်စွမ်းအားကြောင့် နေသူရိန် ဘယ်လိုပြေ...