HOS 3

1.3K 56 2
                                    

တံခွန်ကျော် ပြန်ပြီးနောက် ခေတ်လမင်းက အတွေးတွေနဲ့ ကျန်ခဲ့တာပေါ့
"သူပြောတာမှန်တယ်။ငါစိတ်က အဓိက......"

ပြောတုန်းမကြာ .....ခေတ်လမင်း၏ စိတ်သည် ဖုန်းဆီပဲရောက်နေသည်။ထို့နောက် ကိုယ့် ပါးကို ပြန်ရိုက်ကာ...

"ငါကဘာလို့ စောင့်ရမှာလဲ ၊ငါကယောက်ျားလေးလေ ၊ဘာတွေဖြစ်‌ နေတာလဲ မင်းစိတ်ထိန်းစမ်း. "

ထို့နောက် မှန်ထဲမှ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကာ

"မင်းကြိုက်နေတာလားသူကို ၊ကြိုက်စရာလားကွ။
မကြိုက်ပါဘူး။ကြိုက်နေတယ် ဆိုရင်ကော။လီးပဲ ငါက ဘာလဲ အာ့ဆို ။မဟုတ်လောက်ပါဘူး"ဆိုသော စကားများနဲ့စိတ်ဒွိဟ စကားများနေတာပေါ့

ထိုအချိန် ဖုန်း ringtone ကမြည်လာတယ် နစ်ခါမပြောရဘူး
ဖုန်းကိုတစ်ခါတည်းကောက်ကိုင်ပလိုက်တယ်။
သူရဲ့နေမင်းကြီးထင်လို့ မျက်နာကြီးကလည်း ဖြီးလို့

ထို့နောက် အသံကို ပြင်ကာ

"ဟယ်လို"

"သား ၊ လမင်း နေကောင်းရဲ့လား။ဖေဖေပါ "

"ဟုတ်ဖေဖေလား"

"ဖေဖေလားဆိုတော့သားကအခြားသူကိုစောင့်နေလို့လား။ငါ့သား။ဘယ်သူလဲ သားရည်းစားလား"

"အဲ့လိုမဟုတ်ပါဘူး ဖေဖေကလည်း"

"အေးပါ ဖေဖေပြောစရာရှိလို့သားကို။
ဖေဖေ အခုမပြန်လာဖြစ်တော့ဘူး။
ဒီမှာ အလုပ်ကိစ္စလေးတွေမပြီးသေးလို့ ။Flightကလည်းမမှီတော့ဘူးဆိုတော့။နောက်တစ်ခါမှာ ဖေဖေ တို့တွေ့မယ်နော် သား..။ဒါနဲ့ သား ဘာလိုချင်လဲ ဖေဖေ သားလိုချင်တာ ၀ယ်ခဲ့မယ်လေ "

"ရပါတယ်။ဖေဖေမှ မအားတာကို ဘယ်တက်နိုင်ပါ့မလဲ။ ဘားမှမလိုချင်တော့ပါဘူး။ဒါနဲ့ ဖေဖေလည်းသတိထားနော်။ဂရုစိုက်နော်ဖေဖေ"

"အေးပါကွာ ငါ့သားရဲ့"

"သား ၊ဒီကနေပဲကန့်တော့လိုက်တယ်ချစ်တယ်ဖေဖေ"

"ဒါဆိုဖေဖေ ဖုန်းချလိုက်တော့မယ်။ဖေဖေ ခနနေ သွားစရာလေးရှိလို့"

"ဟုတ်ကဲ့ဖေဖေ တာ့တာ ဖေဖေ"

အဖေနဲ့ ဖုန်းပြော ပြီးပြီးချင်း ဖုန်းတစ်လုံး၀င်လာခဲ့တယ်။

Heart Of Stone (ကျောက်ဖြစ်သွားသော နှလုံးသား) Unicode VerWhere stories live. Discover now