HOS 10

1K 32 1
                                    

"ဟုတ်တယ်
။ငါလည်းမှုးနောက်နောက်နဲ့ နင်ပြောသလိုလုပ်တာပို‌ကောင်းမယ်နဲ့တူတယ်"

"သူရိန် နင် ကောင်းမယ် မလုပ်နဲ့ ။အိပ်ခိုင်းလိုက်တော့ ။ဟိုမှာ ဘာတွေပြောနေမှန်းလည်းမသိ ၊ဒီကောင်လေးက"

နေသူရိန်သည် ခေတ်လမင်းအားပွေ့ချီဖို့ လုပ်လိုက်ချိန်

"ဟဲ့သူရိန်၊ဒီမှာ လမင်းဖုန်းလာနေတယ်။နင် ကိုင်လိုက်အုံး"

"အော်အေး မေသူ။ငါပြောလိုက်မယ်။''

နေသူရိန် ဖုန်းဖွင့်ပြီးပြီးခြင်းပင်

"ဟေ့ကောင် ။လမင်းမလာသေးဘူး ၁၂နာရီထိုးနေပီ ၊မြန်မြန်လာ ။"

"ဟဲ့လို၊ ညီလေး‌။အကိုကလမင်းမဟုတ်ဘူး ။လမင်းရဲ့သူငယ်ချင်း သူရိန်ပါ"

"ဗျာဟုတ် အကို။လမင်းရှိလားခင်ဗျ"

"လမင်းက တော့ဖုန်းပြောနိုင်မယ် မထင်ဘူး။ အခု သူ အရမ်းမှုးနေလို့ လေ။လမင်း ဒီညပြန်ပို့အဆင်မပြေလောက်ဘူး"

"ဒါ အကိုမနက်မှပဲအိပ်ပြန်ပို့ပေးလို့အဆင်ပြေမလား"

"ဟုတ်လား ၊ဒုက္ခပဲ အကို ။ကျွနတော်က ဒီညပြန်ပို့စေချင်တာ"

" မှုးနေတယ်ဆိုတော့လည်း ဘယ်တက်နိုင်မလဲ။ တော်ကြာ အိမ်ရောက်လာလို့သူအမေသိသွားရင် ပိုဆိုးမှာ"

"မတက်နိုင်ဘူးလေ ၊ဒါပေမဲ့အကိုရေ လမင်းက မှုးနေရင် အကျင့်တစ်ခုတော့ရှိတယ်။တစ်ညလုံး စကားပြောပီးရစ်တက်တဲ့အကျင့်ရှိတယ်။ဒါလေးတော့ သည်းခံပေးခင်ဗျ။"

"ဗိုက်ဆာတယ်လည်းပြောသေးတယ်နော် စားချင်တာကျွေးလိုက် မကျွေးရင် ငိုတက်သေးတာအကိုရေ ""သတိတော့ထားသိလား လိုချင်တာမရရင်လည်း ငိုတက်တယ် သူက"

"တကယ်ကြီးလား ။တော်သေးတာပေါ့ ခုနက ဘာတွေပြောမှန်းမသိပြောနေတာ ဒါကြောင့်နေမယ်"

"ကျေးဇူးညီ‌လေးရေ ""မနက်တော့ အကိုပြန်ပို့ပေးမယ်သိလား"

"ဟုတ်ကဲ့။ကိုသူရိန် ကျွန်တော် သူငယ် ချင်း ကို စိတ်ချမယ်နော် ။ပြီးတော့ရှိသေးတယ် မနက်မလုပ်နဲ့။လာရမဲ့အချိန်ကျွန်တော် ဖုန်းဆက်လိုက်မယ် ၊ကျွန်တော့် အမေ သိသွားလည်းမလွယ်ဘူး ဒါကြောင့်ကျွန်တော်နဲ့အပြင်သွားတဲ့ပုံလုပ်လိုက်မယ် ၊ ကျွန်တော် စိတ်ချမယ်နော် အကို "

Heart Of Stone (ကျောက်ဖြစ်သွားသော နှလုံးသား) Unicode VerWhere stories live. Discover now