HOS 5

1.1K 50 1
                                    

" ကားဆရာကြီး ယောက်လမ်းမှတ်တိုင်နားမှာပဲရပ်လိုက်ခင်ဗျ။ကျေးဇူးပါနော် ဆရာ"

ခေတ်လမင်း တို့ နှစ်ဦး ကားပေါ်က ဆင်းလိုက် ကာ နေသူရိန် မှ

“ညီ …..ညီတို့ အိမ်က ဘယ်နားလဲ”

"ကျွန်တော်အိမ်က ရှေ့က သုံးထပ်တိုက် အဖြူရောင် အကို။
ဒါနဲ့ အကို လိုက်ပို့ပေးတာကျေးဇူးပဲ။
နောက်မှ မွေးနေ့လက်ဆောင်ပေးတော့မယ်”

“ရပါတယ်။ဒါနဲ့  မင်းက baby bossလေးပဲကွ”

“ဗျာ ဘာကိုလဲ အကို….”

“ဘာမှ မဟုတ်ပါဘူး။ဒါနဲ့လေ ညီ..။ကိုယ်လေ..”


နေသူရိန်သည် လူသူအခြေအနေကိုကြည့်၍ အနမ်းပေးရန် ခေတ်လမင်း၏ နှုတ်ခမ်း အနားသို့ ဖြေးညင်းစွာ ကိုယ်ကိုညွန့်ချလိုက်သည်။
ထို့နာက် လမင်းအား အနမ်းပေးမည် လုပ်စဥ်၊ခေတ်လမင်းသည် မိမိရပ်ကွက်ဖြစ်နေသောကြောင့်

နေသူရိန် ၏ အနမ်းကို ငြင်းဆိုလိုက်ကာ

“အကို ခုလိုလိုက်ပို့ပေးတာ ကျေးဇူးနော် အကို…။
လမင်း သွားတော့မယ်”

ထိုအခါ နေသူရိန် မှ မိမိ ခေါင်းကို ကုတ်ကာ ရှက်ဖွယ်သော မျက်နာထားဖြင်

“အေးပါရပါတယ်ကွ။ဖြေးဖြေးပြန်နော် ညီ ။ဒါနဲ့တပတ်ခါ Thingyan လိုက်မယ် လို့ ကတိပေးထားတယ်နော် မမေ့နဲ့"

ခေတ်လမင်းသည် နေသူရိန်ကိုပြန်လှည့်ကြည့်ကာ

"လမင်း အိမ်ကိုပြောကြည့်မယ်လေ မေမေကသွားဆိုလိုက်ခဲ့မယ်"

ထို့အခါ နေသူရိန်သည် ခေတ်လမင်းအနားကိုပြေးလာပြီး ခေတ်လမင်း၏ လက်ဖဝါးနုနု ကလေးကိုကိုင်၍

"ညီမေမေက မသွားနဲ့ဆို ညီ မလိုက်ဘူးပေါ့၊ဟုတ်လားညီ ။ ညီ ဒီလိုတော့မလုပ်လိုက်ပါနဲ့နော်။လိုက်ခဲ့ ပါ ညီ ရယ် "

"ဟုတ်ကဲ့ပါ။လမင်းလက်ကို တော့လွတ်။ဒါက လမင်းနေရာဗျ။လူတွေမြင်သွားရင် လမင်းအတွက်မကောင်းဘူးအကို။”


“ကိုယ့်ကို လွတ်စေ ချင်ရင် ကိုယ့်ကိုလိုက်မယ် လို ကတိပေးလေ။ဒါဆို ညီစကား နားထောင်ပေးမယ်”

“ဟုတ်ကဲ့ လိုက်မယ် တကယ်ကတိပေးတယ်။လွတ်တော့ အကို”

နေသူရိန်သည် ခေတ်လမင်း၏ လက်ကလေးကို လွတ်ပေးခံနီးတွင် လက်ဖမိုးကလေးကိုဖွဖွလေးနမ်းလိုက်သောအခါ

ဖွေးဥနေသော လမင်း၏ မျက်နှာကလေးမှာ ပန်းသီးကလေးသဖွယ် နီရဲသွား ၍

“ဟာ၊အကို ဖယ်တော့။လမင်းသွားတော့မယ်”

Heart Of Stone (ကျောက်ဖြစ်သွားသော နှလုံးသား) Unicode VerWhere stories live. Discover now