HOS 6

1.2K 39 2
                                    

ခေတ်လမင်းသည် ရှက်တာတစ်ကြောင်း.မိမိ ကိုယ် ကို ဘာဖြစ်နေမှန်း မသိသော အတွေးမျိုးစုံဖြင့် အိမ်ထဲဝင်လာသောကြောင့် ဧည့်ခန်းထဲတွင်ထိုင်နေသော လမင်း၏ အဖေဖြစ်သူကိုတောင်မမြင်ချေ။

မိုးမမြင်လေမမြင်ဘဲ အိမ်ပေါ်တက်မည်အလုပ်......လမင်းဖခင်မှ လှမ်း၍

"ငါ့သား ဘာတွေပျော်လာတာလဲ ။မင်း အဖေထိုင်နေတာတောင် မတွေ့ဘူးဆိုတော့။"

ထိုအခါ လမင်းကအသိပြန်ဝင်၍ လမင်းဖခင်ဆီပြေးသွားကာ

"ဖေဖေ ဘာလို့အခုမှလာတာလဲ ။
ဖေဖေကို လမင်းအရမ်းလွမ်းနေတာ။ဘော်ဒါမပြန်ခင်တွေ့ချင်တာဖေဖေကို။"

"ဒါကြောင့် ဖေဖေ လည်းပြန်လာတာပေါ့။ငါ့သားလေးနဲ့တွေ့ချင်လို့လေ။"

"ဒါနဲ့ဖေဖေ ဒီညပြန်မှာဆို သားနဲ့တစ်ရက်လောက်ထပ်နေသွားပါလား။တဘက်ခါ သကြန်လေ။"

"ဖေဖေလည်းနေချင်တာပေါ့ သားရဲ့။ဒါပေမဲ့ ဖေဖေ ဟိုက အလုပ်တွေကထားခဲ့လို့မဖြစ်ဘူးသားရဲ့။ဖေဖေကိုစိတ်မစိုးနဲ့ ဟုတ်ပြီလား သား"

ထိုအခါ လမင်း က သက်ပြင်းကလေးချကာ "ဟူး"

"ဖေဖေကိုစိတ်မဆိုးပါဘူး။သားတို့ အတွက်ဖေဖေ လုပ်နေတာပဲကို။ဒါနဲ့ဖေဖေ ညflight ကဘယ်အချိန် လဲ"

"ဖေဖေနဲ့ ညစာလေးတော တူတူစားချင်တယ်။ဖေဖေကိုလိုက်ပို့ပေးချင်တယ်။ပြီးတော့ ခွင့်တောင်းစရာလည်းရှိတယ် မေမေကိုတော့မပြောရဲ့လို့"

"အေ။ဟုတ်လားသား"

"ဟုတ်။ဒါဖေဖေ ပြောပေးပါလား"

"ဘာကိစ္စလဲ လမင်း၊ သားမေမေကိုတောင်မပြောရဲလောက်အောင်။"
"ဘာလဲ့ ငါ့သားက ပိုက်ဆံလိုတာလား။ဘယ်လောက်လဲဖေဖေပေးမယ်လေ "

"ဒါမဟုတ်ပါဘူး ။အခုလာမယ် သကြန် အကျနေ့မှာ ။ဘော်ဒါကသူငယ်ချင်းတွေနဲ့ အပြင်လျှောက်လည်ချင်လို့‌၊"
'' အဲ့ဒါ မေမေကိုပြောရင် မေမေကလွတ်မှာမဟုတ်ဘူး။ဒါကြောင့်‌ ဖေဖေကိုပြောပေးပါလို့"

Heart Of Stone (ကျောက်ဖြစ်သွားသော နှလုံးသား) Unicode VerWhere stories live. Discover now