HOS 2

1.9K 58 0
                                    

"ဗျာ! ခင်ဗျားဘာပြောလိုက်တယ်။ ခင်‌ဗျားပြောတော့မစတော့ဘူးဆို "

"အေး လေ။ငါဘာစလို့လဲ ကိုယ်ခေါက်ဆွဲပြုတ်ထားတာ အနံထွက်လာလို့ မွှေးတယ်ပြောတာလေ "
"ညီကဘာစားစေချင် လို့လဲ "

"ဟာ တော်ပီဗျာ။ကျွန်တော်အိပ်တော့မယ် "

ကျွန်တော် လည်းရှက်ကိုးရှက်ကန်းနဲ့ ဘာလုပ်ရမှန်းမသိ

နေသူရိန်သည် ပြုံးစိစိဖြင့်"ညီ စားပါအုံးလား ။ညီစားမယ်ဆိုကိုယ် ဥလေးထည့်မလို့"

"တော်ပြီ အကိုမစားတော့ဘူး ကျေးဇူးပဲ"

ရှက်ရှက်နဲ့အိပ်လိုက်တာပေါ့။ဒါပေမဲ့မရပါဘူး ကိုယ်ကအစားသမားဆိုတော့လေ။ အိပ်ရာမှပြန်ထ
ပြုံးပြုံးနဲ့

"အကိုရေ ဘာခေါက်ဆွဲပြုတ်လဲဟင် ကျွန်တော်ကိုနဲနဲလောက်ကျွေးပါလား"

"ညီစားချင်လို့လားလာခဲ့လေ ။ဥကောစားမလား"

"ဗျာ "

"ကြက်ဥလေ ညီရယ် ။ညီ မင်း အရမ်းဗျာတာပဲ ။ အရမ်းတွေးတယ်နော်။အတွေးမများနဲညီရေ တကယ်ဖြစ်တက်တယ်”
ထိုအခါ ခေတ်လမင်းသည် ဆူပုတ်ကာ မစားတော့ပေ။နေသူရိန်သည် ဆူနေသော ပါးကလေးနှစ်ခုကို ဖွဖွလေးညစ်ကာ
"စားပါတော့ ညီရယ် ကိုယ်မစတော့ပါဘူး ဆူပုတ်မနေနဲ့၊ဟုတ်ပြီလား။"
နေသူရိန်သည် သွားတပ်လေးပေါ်အောင် ရီ၍ "ချစ်စရာလေး ဆူနေတာလေးကိုက…”
နေသူရိန်သည် ခေတ်လမင်း ခေါက်ဆွဲ ထည့်ပေးကာ “ရော့ ….စားတော့။ညီ”

……………………………………………………………
ဘော်ဒါမှာနေလာတာလဲ အခုဆို တစ်ပတ်လောက်ရှိတော့မယ် ခေတ်ကို သူရိန် ကတော့ စတာမလျှော့ပေ။ထို့ကြောင့် သူရိန် စမြဲစနောက်နေပါများတော့ ခေတ်လမင်းကလည်း မပြောတော့ဘူး ။

အတန်းထဲမှာဆို  သူရိန်က အမြဲရိုက်ခံရတယ်။
ခေတ်လမင်းကတော့ စာတော်တော့တစ်ခါမှအရိုက်မခံရဘူး။
အသားလေးကလဲ ဖြူဖြူ နုနုလေးဆိုတော့ ၊အထိမခံလိုဖြစ်နေတာ။
ပြီးတော့ ရိုက်ခံရမှာလဲမတရားကြောက် .......

ဒါပေမဲ့သူရိန်က ဉာဏ်အရမ်းကောင်းတာ ။
ကျွန်တော်သာ စာအသည်းအသန်ကျက်တာ သူက ကျွန်တော် စာကျက်တာကိုနားထောင်လိုက် ခေတ်တောင်မရသေးဘူး သူကစာရသွားရော။လောကကြီးကနော် မတရားတာလိုက်တာဗျာ။
ဒါပေမဲ့ရတာကို တစ်ခါမှချမရေးဘူး ။ဆိုလည်းမဆိုဘူး။သက်သက်မဲ့အရိုက်ခံနေသလိုပဲ။
မေးလိုက်တိုင်းလဲ
" မင်းနဲ့မဆိုင်ဘူး မင်းမသိချင်နဲ့"ဆိုပြီးအမြဲပြောတယ်။

Heart Of Stone (ကျောက်ဖြစ်သွားသော နှလုံးသား) Unicode VerWhere stories live. Discover now