ထိုအချိန် ရေကန် အသင့်ကြာ အသင့် ဆို သလို တံခွန်ဆီ က ဖုန်းဝင်လာလေသည်။
"အေး၊ပြော တံခွန်"
“လမင်း၊မင်း ပြောလုပ်မနေနဲ့ ၊အခု ဘယ်ချိန်ရှိနေပြီလဲ၊မင်းအခုထိပြန်မလာသေးဘူးလား”
“ဟီးဟီး သားကြီး အဲ့ဒါ ၊ငါအခုပြောမလို့ ကွ”
ငါအခုလေ ကိုသူရိန်တို့အိမ်မှာ ညဘက်နောက်ကျမယ် သိလား။ဒါလေ မင်းအိမ်တော့မသိစေနဲ့နော် မင်းကြည့်ရှင်းပေးပါအုံးနော်။သားကြီး”“အခုတောင် 6နာရီ ရှိနေပီလေ ၊ပီးတော့သူရိန်ဆိုတာ မင်းတို့ဘော်ဒါကလား”
“ဟုတ်တယ်လေ ၊ငါပြောနေကြ အကိုလေ”
“အေးပါ။မင်းရောက်နေပြီဆိုတော့လဲ နေ တော့ မပြောတော့ဘူး။
ဒါပေမဲ့ ဖုန်းတော့ ဆက် သားကြီး ။ဘယ်လိုပဲ ဖြစ်ဖြစ်ငါတော့စိတ်မချဘူး”“တစ်ခုတော့ပြောမယ် နော် ။သူရိန်ဆိုတဲ့ ဘဲကြီးက ပြောပုံအရဆို သတိထားရမယ် ။သားလေး။တော်ကြာ မင်း အစားခံနေရမယ် ။သတိထားအုံး”
“ယီးကိုစားမှာ၊တံခွန်တော်တော့ကွ။ခနနေပွဲစတော့မှာ”
“အေးကွာ ငါမပြောတော့ပါဘူး၊ဒါပေမဲ့
ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲခင်ခင် သူစိမ်း က သူစိမ်း နော် သတိနဲ့နေ ။"
“ပြီးတော့ အရက်လည်း အရမ်းမသောက်နဲ့ အုံး ။မင်း က အရေ ဝင်ရင် သူများနဲ့မတူဘူး စိတ်ထဲပြောချင်တာ၊လုပ်ချင်တာ အကုန်ပြောတာ"“အေးပါကွာ ၊ငါသတိထားပါမယ် အဖေရယ် ။ပွဲစတော့မယ် နောက်မှဆက်လိုက်မယ် ။တာတာ စိတ်ချမယ်နော်”
"အင်း၊ငါလည်းစိတ်ချမယ်နော်”
.......................................
ထို့နောက် နေသူရိန် သည် မေသူတို့ခြံထဲတွင်ကဲရန်ထွက်လာခဲ့ကြသည်။"သူရိန် ၀င်လာလေ နင် ဘာလုပ်နေတာလဲ အိမ်ရှေ့မှာ "
“လာခဲ့ လမင်း မောင်လေးလဲ လာ”"ဟဲ့ သူရိန် နင်ကလဲ သူစိမ်းကြနေတာပဲဟယ် ။ဟဲ့ !လာပါဆိုနေ။”
“ဟုတ် မမေသူ ၊လမင်း အပေါ့သွားချင်လို့ ခန”
“အေးမောင်လေး တည့်တည့်သာသွား။ရှေ့မှာ ပဲ”
YOU ARE READING
Heart Of Stone (ကျောက်ဖြစ်သွားသော နှလုံးသား) Unicode Ver
Romanceမိဘဆွေမျိုးတွေသဲသဲလှုပ် ချစ်ခြင်းခံ ရပြီး အနေအေးသော ခေတ်လမင်း ငယ်စဥကတည်းက မိဘနှစ်ဦးနှင့်ကွဲကွာခြင်း ခံရပြီး အရာရာကို ခပ်ပေါ့ပေါ့ သာ သဘောထားသော နေသူရိန် ထိုကောင်လေးနှစ်ဦး ရဲ့ တွေ့ဆုံမှု.......... ခေတ်လမင်းရဲ့ အချစ်စွမ်းအားကြောင့် နေသူရိန် ဘယ်လိုပြေ...