Episode 1 (Z+U)

10.7K 558 12
                                    

အပိုင်း ၁

Beijing ကနေ ၂နာရီကျော် လေယာဉ်စီးပြီးတဲ့နောက် 'The island of pianos' လို့ တင်စားတဲ့ Gulangyun ကျွန်းတည်ရှိရာ Xiamen ကို နောက်ဆုံးတော့ ရောက်လာခဲ့လေပြီ ။Xiamen မြို့လေးကို တကယ်အေးချမ်းပြီး လှပတဲ့  မြို့လေးလို့ လဲတင်စားကြသည်။

ဖြောင့်ဖြူးတဲ့လမ်းမကြီး တစ်လျှောက် မောင်းနှင်လာတဲ့ ကားတစ်စီးက အစိမ်းရောင်နွယ်ပင်ကြီးတွေ တွယ်တန်းနေတဲ့ အုတ်တံတိုင်း ရှည်ရှည် ၊ ဟောင်းနွမ်းနေပုံရတဲ့ အိမ်အိုကြီး ရှေ့မှာ ရပ်လိုက်သည် ။

အိမ်အိုကြီးလို့ပြောရမှာထက်ဆိုင်ရင် ရှေးဟောင်းအိမ်တစ်အိမ်ပင် အနီရောင် အုတ်ချပ်တွေနဲ့ ခမ်းခမ်းနားနား တည်ဆောက်ထားတဲ့ နှစ်ထပ်တိုက်ကြီးဖြစ်ပြီး အရောင်လွင့်နေဟန်ရှိတဲ့ ရွှေရောင်သံတံခါးကြီး နဲ့ တစ်ခြံလုံးနီးပါး ပျိုးထားတဲ့ ပန်းပင်တွေရယ် ၊ အစီအရီခင်းထားတဲ့ ကျောက်ပြားရောင်စုံလေးတွေနဲ့ လှပအေးချမ်းလွန်းသည် ။

"ဟော်မေ ခြံထဲမှာဘဲ ရပ်နေတော့မို့လား... အိမ်ထဲဝင်ရအောင်လေ"

" ဟုတ် မားမား "

ဟော်မေ မားမားကို အသံပေးပြီး ကားပေါ်က အထုပ်တွေကို ယူလိုက်ပြီး အိမ်ထဲသို့ ဝင်သည် ။  ဟော်မေ ၆နှစ်အရွယ်တုန်းက ဒီကိုတစ်ခေါက် ရောက်ဖူးသည် ။ အခု ဟော်မေ အသက် ၁၆ နှစ်ပြည့်ပြီး ၊ ပါးပါးလဲ Xiamen မှာ ပြောင်းရွှေ့တာဝန်ကျ၍ တစ်မိသားစုလုံး ပြောင်းလာခြင်း ဖြစ်တယ် ။ မားမားကတော့ beijing မှာထက် ဒီမှာနေရမှာကို ပိုပျော်ပုံပင်။ တစ်လတစ်ခါ ဖိုးဖိုးလေး အိမ်ကို သန့်ရှင်းရေးနဲ့ ထိန်းသိမ်းရေး တာဝန်ယူခဲ့ပေမယ့် ခုတော့ သူ့စိတ်ကြိုက်နေနိုင်တော့မှာပဲ ဖြစ်တယ်။ ဟော်မေ ဖိုးဖိုးလေးကို မမြင်ဖူးပေ...။ မားမားကတော့ သူ့ရဲ့ မိသားစုဝင်ဖြစ်တဲ့ ဖိုးဖိုးလေးနဲ့ တစ်စုံတစ်ယောက် အကြောင်း သတိရတိုင်း ပြောတက်သည် ။ ပြောတိုင်းလဲ မျက်ရည်ဝဲ ပြီး  ကြည်နူးဟန်အပြည့်နဲ့ပင် ။

" မားမား သမီး အိမ်ပေါ်ထပ်ခန်းကို ယူမယ်နော် "

" ဟုတ်ပြီ ဟော်မေ... ဘေးထောင့်စွန်းက သော့ပိတ်ထားတဲ့အခန်းကိုတော့ မဝင်ရဘူးနော် "

Adieu, My Love (YIZHAN)Where stories live. Discover now