Episode 11 (Z+U)

2.8K 302 4
                                    

အပိုင်း ၁၁

FORGET ME NOT

အဲ့ဒီနေ့ အဖြစ်အပျက်ပြီး အစ်ကို ကျွန်တော့ကို လုံးဝ ရှောင်နေခဲ့တယ် ။ ကျောင်းသွားဖို့ နေ့တိုင်း သွားစောင့်လဲ ကျွန်တော့ထက်စောသွားတယ်၊ မဟုတ်ရင် အစ်ကိုကျန်းချန်နဲ့ တူတူသွားပြီး ကျွန်တော့ကို မမြင်ချင်ယောင်ဆောင်ထားတက်တယ် ။ စာကြည့်တိုက်မှာ စာလုပ်နေကြလူက ကျွန်တော့ကြောင့် စာကြည့်တိုက်ကိုလဲ မလာတော့ ။တစ်ခါတစ်လေ ရှစ်ဟွမ်တို့နဲ့ ရယ်ရယ်မောမော ရှိနေတက်ပြီး ကျွန်တော် လာရင်တော့ အမြဲ ထွက်သွားတက်တယ် ။ အစ်ကို ထင်ဟွေ့တို့လဲ ကျွန်တော်တို့ပြသာနာကို မသိချင်ယောင်ဆောင်ထားရသည် ။ အစ်ကိုက လုံးဝ ပြတ်သားနေတာခဲ့တာမို့ထင် ။

တစ်ပတ် တိတိပြည့်တဲ့ နေ့အထိ ကျွန်တော့ ဘက်က ဘယ်လောက် ကြိုးစားကြိုစား အစ်ကို လုံးဝ တွေ့ခွင့်မပေးသလို စကားပြောခွင့်လဲ မပေးခဲ့ ။ ကျွန်တော်သိတဲ့ အစ်ကိုက ဒီလို ရက်စက်တက်တာလား ။

ကျွန်တော် ညဘက်တွေ အိပ်မရဘူး အစ်ကို ။ ထမင်းလဲ သေချာမစားဖြစ်ဘူး ယ ညတိုင်းလိုလို ရေချိုးကန်ထဲ ရေဝင်စိမ်နေပေမယ့် ကျွန်တော်တစ်စက်ကလေးမှ မဖျားသေးဘူး။ ကျွန်တော် နေမကောင်းဖြစ်ရင် အစ်ကို ကျွန်တော့ကို စိတ်ဆိုးပြေချင်ပြေမှာကိုလေ ။ အားမေကလဲ အစ်ကို့ကို မေးနေပြီ ။ ကျွန်တော် အားမေနဲ့လဲ သဝန်မတိုတော့ပါဘူး ။ အစ်ကို စီနီယာနဲ့ ရှိနေရင်လဲ ဒေါ်သထွက် ရန်ဖြစ်ပြီး ရဲစခန်းထိ လာပြန်ခေါ်ရလောက်အောင်လဲ မဆိုးတော့ပါဘူး ။ တောင်းပန်ပါတယ် ကျွန်တော့ကိုတစ်ချက်လေးဖြင့်ဖြင့် လှည့်ကြည့်ပေးပါလား ။ မားလဲ သူ့အိမ်လာလည်မို့ ကျွန်တော့ကို ပြောထားသေးတယ်လေ ။ တောင်းပန်ပါတယ် တကယ် တောင်းပန်တာမို့ ကျွန်တော့ကို ပစ်မထားပါနဲ့ ။

ည ၁၀နာရီ ။ ရိပေါ် အနွေးထည်ပါးလေးတစ်ထည် ကောက်စွတ်ပြီး ဆိုင်ကယ်သော့ယူကာ အောက်ဆင်းလာသည် ။

" ဦးငယ်လေး ဘယ်လဲ "

" အပြင်ခဏ သွားမို့ "

" ကိုကိုရှောင်းကျန့်ဆီလား မိုးချုပ်နေပြီးလေ "

" ခဏပဲ ခဏပဲ သွားပြီး ပြန်လာမယ် အိပ်နှင့်နော် အားမေ "

ခြံထဲ ဆိုင်ကယ်ထွက်သွားသံ ကြားတော့ အားမေ သက်ပြင်းတစ်ချက်ချရင်းသာ ကျန်ရစ်ခဲ့တယ် ။

Adieu, My Love (YIZHAN)Donde viven las historias. Descúbrelo ahora