ပိုင်ဆိုင်ချင်တဲ့
ကြယ်လေးတစ်လုံး ကို
တကယ် ပိုင်ဆိုင်ခွင့်ရခဲ့ရင်
သေချာပါတယ်
အပျော်ရွှင်ဆုံးလူက
ကိုယ်ဖြစ်နေလိမ့်မယ် ။အကယ်၍ ပိုင်ဆိုင်ခွင့်မရလဲ
အဝေးမှာ လင်းလတ်နေတဲ့
အရာသေးသေးလေးကိုငေးရင်း
ကြည်းနူးရမှာကလဲ ကိုယ်ပါပဲ ။ကိုယ်ဟာ
ကြယ်လေးတစ်ပွင့်ကို ပိုင်ဆိုင်ချင်ခဲ့သူပါ ။၃လခန့် ကြာသောအခါ......
အရာအားလုံးက နေသားတကျနဲ့ပင်။ တက္ကသိုလ် နှစ်ဝက်စာမေးပွဲ ဖြေထားပြီး အခု အားလပ်ရက်ရထားတဲ့ နေ့ရက်တွေမှာ အရင်အလုပ်လုပ်ခဲ့တဲ့ Coffee ဆိုင်မှာပဲ အလုပ်ပြန်ဝင်ခဲ့တယ် ။ ကျန်းချန် ၊ထင်ဟွေ့နဲ့ ရှစ်ဟွမ်တို့ကလဲ သူ့အလုပ်နဲ့သူ တစ်ခါတစ်လေမှသာ ကျွန်တော်တို့ ဆုံဖြစ်ကြတယ် ။ အကုန်အရင်တိုင်းပါပဲ ။ အမြဲ ဘေးနားရှိနေတက်တဲ့ ကောင်လေးတစ်ယောက် မရှိတော့တာကလွဲပြီး ၊ အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတက်တဲ့ ကောင်လေးတစ်ယောက်မရှိတော့တာက လွဲပြီး ၊ ကလေးလို့ စခေါ်ရင် မကြိုက်တဲ့ ကောင်လေး မရှိတော့တာကလွဲ၍ အကုန် အဆင်ပြေပါတယ် ။ သူနဲ့ တွေ့ခဲ့တဲ့ နောက်ဆုံးနေ့က ပြောခဲ့တဲ့တိုင်း ကျွန်တော့ ဘဝထဲက ထွက်သွားခဲ့တာ အခုဆို သုံးလ ပြည့်လေပြီ။ သူစိမ်းတွေနဲ့ ရင်းရင်းနှီးနှီး မနေတက်တဲ့ ကောင်လေး အဆင်မှပြေရဲ့လား ၊ အမြဲ ဖျားတက်တဲ့ ကောင်လေး နေရော ကောင်းရဲ့လား ၊ သူ့ဘေးမှ လူကောင်းတွေရော ရှိရဲ့လား ၊ တစ်ခုခုဆို ဒေါ်သမထိန်းနိုင်ဘဲ ဆိုးနေတုန်းပဲလား ။ သုံးလလုံး နေ့ရက်တိုင်း စိတ်မပူဘဲ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်ဟူ၍ မရှိခဲ့ပေ ။သူလိုချင် တဲ့ အဖြေ ကို မပေးခဲ့ပေမယ့် သူ့ဘေးနာ မနေပေးနိုင်ခဲ့ပေမယ့် သူ့အတွက် ကျွန်တော့အဖြေက ဘာလဲဆိုတာ သူသိလောက်မှာပါ ။
" ဆိုင်ဖွင့်လားရှင့်... "
မနက် အစောကြီးပဲ ရှိသေးတာကြောင့် ဆိုင်ထဲ ဝင်လာတဲ့ ကောင်မလေးက တံခါးကို တွန်းဖွင့်ရင်း အသံပေးလေသည်။
" ကြိုဆိုပါတယ် "
"......"
" အားမေ...ဒီကို ဘယ်လို လုပ်ပြီး "

VOCÊ ESTÁ LENDO
Adieu, My Love (YIZHAN)
FanficThank You For The Lovely Time and Adieu. ရိုးရှင်းစွာနဲ့ အချစ်တစ်ခုကို ခံစားကြည့်ကြရအောင် ။ Thank You For The Lovely Time and Adieu. ရိုးရှင်းစွာနဲ့ အချစ်တစ်ခုကို ခံစားကြည့်ကြရအောင် ။