Episode 4 (Z+U)

3.8K 378 2
                                    

အပိုင်း ၎

ည အချိန်ကား ၉နာရီကျော်ရုံမျှ သာရှိသေး၍ ပေကျင်းလမ်းမထက် မီးရောင်စုံ ၊ ယဉ်ပေါင်းစုံ တို့ဖြင့်စည်းကားနေလေသည်။  ဒီအချိန် အိမ်ကထွက်လေ့မရှိပေမယ့် အခုတော့ စီးတော်ယဉ်ဆိုင်ကယ်နှင့်အတူ ဒီထိတောင် ရောက်လာလေပြီ ။ ခုထိ ဆိုင်ထဲ ဝင်ရနိုးမဝင်ရနိုးနဲ့ ဆိုင်ရှေ့က ခေါက်တုံခေါက်ပြန် ဖြတ်မောင်းနေရသည်မှာလဲ ၅ခေါက်မြောက်ရှိနေလေပြီ ။

ရှစ်ယွမ်ဆီက မလှိမ့်တစ်ပတ်လုပ်ပြီး စီနီယာ အချိန်ပိုင်းလုပ်တဲ့နေရာကို သူမေးထားသည် ။ သူ ဒီကိုဘာအတွက် လာချင်တာလဲ အကြောင်းပြချက်ခိုင်ခိုင်မာမာ မသိပေမယ့် ဆိုင်ရှေ့ထိရောက်နေခြင်းကို သူကိုယ်တိုင်လဲ အံသြနေရသည် ။

ပေကျင်းရဲ့ ညဘက်လေက အေးလွန်းသည် ။ Love Coffee & Cake ဆိုတဲ့ ဆိုင်ရဲ့ဆိုင်းဘုတ်လေးက လေအဝှေ့ မှာ တစ်လှုပ်လှုပ် ။ ဆိုင်ရှေ့အပင်အောက်တစ်နေရာမှာ ဆိုင်ကယ်ရပ်လိုက်ပြီး ဆိုင်ထဲကိုချောင်းကြည့်သည် ။သို့ပေမယ့် အချိန်အတော်ကြာတဲ့ထိ သူတွေ့ချင်နေတဲ့လူရဲ့ အရိပ်ကိုတောင်မတွေ့ရပေ ။

ဆိုင်ပြင်ထွက်လာတဲ့သူတွေက ဆိုင်အကွယ်မှာရပ်ပြီးချောင်းနေတဲ့သူ့ကို ဘာလိုလိုအကြည့်တွေနဲ့ ကြည့်သွားသေးသည် ။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည်မို့ တော်သေးသည် ။ မဟုတ်ရင် သူ့ရဲ့ cool guy image တောင်ထိခိုက်နေလောက်ပြီ ။

တစ်ဖြည်းဖြည်းအချိန်ကုန်လာသည်နှင့် ပေါင်တွေတောင့်ပြီးခြေထောက်တွေလဲ နာနေလေပြီ ။ လက်လျှော့ပြီး လှည့်ပြန်တော့မည်ဟု တွေးလိုက်ပြီး ဆိုင်ထဲတစ်ချက်ထပ်ချောင်းကြည့်မိသည် ။

ဒုတ်!

ဆိုင်ကယ်ဦးထုပ်နဲ့ အုတ်နံရံတိုက်မိသံ ။ သူ့အာရုံကတော့ ကောင်တာမှာ စကားပြောပြီးရပ်နေတဲ့လူဆီ ။လေအဝှေ့ မှာ သစ်ရွက်ခြောက်တွေကြွေကျလာတယ် ။ လမ်းဘေးတစ်လျှောက် သွားနေတဲ့လူတွေဆီက ရယ်သံတွေကိုကြားနေရသည် ။ မှန်တစ်ဖက်ခြမ်းက ရပ်နေသူ တစ်ချက်ပြုံးလိုက်တဲ့အခါ လက်ဖျားတွေကအေးစက်နေပေမယ့် ရင်ဘက်တစ်နေရာကနွေးထွေးသွားတယ် ။

Adieu, My Love (YIZHAN)Where stories live. Discover now