Episode 2 (Z+U)

6.2K 486 7
                                    

အပိုင်း ၂

April 10, 2000

" ကျန့်ကျန့် ညနေလိုက်ခဲ့ပါလား "

စာသင်ချိန်ပြီး စာကြည့်တိုက်မသွားချင်သေး၍ အပင်ရိပ်ရတဲ့နေရာမှာ စာအုပ်ထိုင်ဖတ်နေချိန် ငယ်ပေါင်းမဟုတ်တဲ့ ကြီးမှပေါင်းရတဲ့သူငယ်ချင်းတွေက ညအစီအစဉ်အတွက် ရှောင်းကျန့်ကို လာစည်းရုံးလေပြီ ။

" ငါ အလုပ်ရှိသေးတယ်မလိုက်ဘူး "

" မင်း အလုပ်ကလဲမပြီးနိုင်တော့ဘူး။ ခေါ်တိုင်းငြင်းနေတာ ဒီတစ်ခါတော့ လိုက်လေကွာ "

"အေးလေ "

စိတ်ဆိုးနေတာမဟုတ်ဘဲ လိုက်စေချင်၍ ခေါ်နေသော
ထင်ဟွေ့ ရဲ့ စကားကိုကျန်းချန်ကပါ ဝင်ထောက်ခံလေသည်။

" ငါတကယ် ဖျက်လို့မရလို့ပါကွာ။ ပျက်ရင် ထုတ်မယ်တကဲကဲနဲ့ ။ ဒီအချိန်ပိုင်းအလုပ်လေးရအောင် ငါဘယ်လာက် ကြိုးစားထားရလဲ မင်းတို့လဲ သိသားနဲ့ "

" ထုတ်လဲ နောက်တစ်ခုပြောင်းရှာလိုက်! "

ရှောင်းကျန့် ကိုင်ထားတဲ့စာအုပ်နဲ့ ကျန်းချန်ခေါင်းကို ရိုက်ချလိုက်သည်။

" မင်းဘိုးတော်တွေပိုင်တဲ့ ဆိုင်မို့လား....တစ်ခုပြီးတစ်ခု လိုက်ပြောင်းရအောင် "

"အား!  နာလိုက်တာ စကားပြောရင် လက်မပါလို့ မရဘူးလား ခွေးကောင် "

" မင်းပြောတာက ဟုတ်လို့လား "

" တော်တော့ ။ ချမနေကြနဲ့တော့ အဆင်ပြေသွားအောင် ငါ ညှိပေးမယ် "

ကျွန်တော်တို့ နှစ်ယောက် ခွေးလိုကိုက်နေချိန်မှာ သိုင်းကားတွေထဲက ပညာရှိ ဖိုးဖိုးလိုလိုစတိုင်နဲ့ ထင်ဟွေ့က ဆရာဝင်လုပ်လေပြီ ။

ရှောင်းကျန့် ပေါင်းတဲ့ ရှားရှားပါးပါးနှစ်ယောက်က ရှားရှားပါးပါးကို တစ်ယောက်တစ်မျိုးစီ ရူးနေကြသည်ပင် ။ ကျန်းချန် ကတော့ မဟုတ်မခံဘဲ ဟုတ်ဟုတ်မဟုတ်ဟုတ်ဝင်ပါပြီး ဆရာကြီးလုပ်တက်သည် ။ ထင်ဟွေ့ကတော့ အတန်းထဲ Roll 2 ဆိုတဲ့ ဂုဏ်ကြီးတစ်ကားကားနဲ့ အကုန်သူသာ သိသည်ဆိုတဲ့ ဒီဇိုင်းနှင့် ။

ရှောင်းကျန့်ကိုတော့ အေးဆေးပြီး စာတော်တဲ့ Roll 1 ကျောင်းသား ။ အပြုံးတစ်ချက်နဲ့တင် ကောင်မလေးတွေကို ဆွဲဆောင်နိုင်တဲ့ လူချစ်လူခင်ပေါ်တဲ့လူလို့ သိကြသည် ။ တကယ်လဲ ဟုတ်တာပင် ။ ဒီရှားရှားပါးပါးနှစ်ကောင်နဲ့ ပေါင်းမှာသာပေါတာ ကျန်တဲ့အချိန်ဆို ရှောင်းကျန့်က အေးအေးဆေးဆေးသမားဖြစ်သည် ။

Adieu, My Love (YIZHAN)Where stories live. Discover now