Episode 6(Z+U)

3.1K 341 2
                                    

အပိုင်း ၆

ဒီနေ့လဲ သူ အစောကြီး နိုးနေသည် ။ ကျောင်းသွားရတဲ့ မနက်တွေတိုင်း ရိပေါ်အမြဲ တက်ကြွနေတက်သည် ။ အမှန်က ကျောင်းသွားချင်လို့တော့မဟုတ် ။ အစ်ကို့ကို တွေ့ရလို့ဖြစ်တယ် ။ အခုချိန်ထိ အစ်ကိုပေါ်ထားတဲ့ ခံစားချက်ကို သူအဓိပ္ပါယ်မဖွင့်ချင်သေး ။ ဒီတိုင်းလေးသာ ဆက်နေသွားချင်သေးသည် ။ မနက်တိုင်း အစ်ကို့ကို တွေ့ရပြီး ၊ နေ့လည်စာ တူတူစား စကားတွေ ဖောင်ဖွဲ့ပြီး ညနေကျောင်းဆင်းချိန်ဆို နှုတ်ဆတ်မယ် ။ ကျောင်းပိတ်ရက် တွေ့ချင်ရင် အစ်ကိုရှိတဲ့ ဆိုင်လေးကို ယောင်လည်လည် သွားမယ်။ အစ်ကို ဖျော်ပေးတဲ့ Coffee သောက်ပြီး အစ်ကို့ ဆုံးမစကားတွေနားထောင်မယ် ။ ဟာသမလုပ်တက်တဲ့ လူကြီးရဲ့ ဟာသတွေကို ရယ်ပေးမယ် ။  ပြီးတော့ အစ်ကို့ရဲ့ အမူအရာတစ်ခုချင်းဆီကို အသေးစိတ်လိုက်မှတ်မယ် ။ အစ်ကို့ရှေ့ လူကြီးဆန်ဆန်နေပြီး တစ်ခါတစ်လေ ကလေးဆိုးလေး ဖြစ်ချင်ဖြစ်နေမယ် ။ ဒီလိုနဲ့ အစ်ကိုနဲ့ ကျွန်တော့ကြားက သံယောဇဉ်ကြိုးကို တစ်နေ့ထပ်တစ်နေ့ခိုင်မြဲအောင်လုပ်မယ် ။ ကျွန်တော့်ရဲ့ ပထမဆုံးဆိုတဲ့ အရာတွေကိုလဲ အစ်ကိုနဲ့ တူတူဖြတ်သန်းကြည့်ချင်တယ် ။  အစ်ကိုကလဲ ကျွန်တော့ရဲ့ ပထမဆုံး ........... သူဖြစ်လာမယ် ။

ဒါပေမယ့် ကျွန်တော်က လောဘမကြီးတက်ဘူး အစ်ကို ။
 
ရိပေါ်ကျောင်းသွားဖို့ ပြင်ဆင်ပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။ မနက်စာစားဖို့ ထမင်းစားခန်းကို ဝင်လာတော့ ပေါင်မုန်မီးကင်နဲ့နွားနို့တစ်ခွက် ဒေါ်ကြီးက ပြင်ဆင်ပေးထားသည်။ ရိပေါ် ခုံမှာဝင်ထိုင်လိုက်ပြီး မနက်စာစားဖို့ ဟိုကောင်မလေးကို စောင့်နေချိန် သတင်းစာဖတ်နေလိုက်တယ် ။

"Morning ဦးငယ်လေး "

" အင်း  Morning အားမေ "

" မစောင့်ဘဲ အရင်စားနှင့်တာ မဟုတ်ဘူး "

" အိမ်မှာ ရှိတာဆိုလို့ ဒေါ်ကြီးပါမှ ၃ယောက်တည်း ။ တစ်ခြားချိန်တွေ တူတူမရှိနိုင်တော့ မနက်စာတော့ တူတူစားသင့်တယ်မလား ။ ကျောင်းနောက်ကျမယ် စားတော့ "

" ဟုတ် "

ရိပေါ်တို့ တစ်မိသားစုလုံး koreaမှာသာ အခြေချပေမယ့် သူနဲ့အားမေကတော့ တရုတ်ကို ရအောင်ပြန်လာခဲ့သည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး  ဆိုပြီး အိမ်ကို စစ်တိုက်လာကြခြင်း ဖြစ်သည်။ မွေးချင်းမရှိတဲ့ ရိပေါ်အတွက် အားမေက ညီမလေးလဲ ဟုတ်သည် ။ အရင်းနှီးဆုံး လူတစ်ယောက်လဲ ဟုတ်လေသည် ။
ဝါအရသာ သူက ဦးငယ်လေး ဖြစ်ပေမယ့် အသက်သိပ်မကွာတာကြောင့် ငတိမက သူ့ကိုရိုရိုသေသေ ဆက်ဆံမှုမရှိ ။ သူငယ်ချင်းလိုသာမို့ ဒါလဲ တစ်မျိုးကောင်းသည်ပင်  ။

Adieu, My Love (YIZHAN)Where stories live. Discover now