Episode 10 (Z+U)

2.7K 310 2
                                    

အပိုင်း ၁၀

"Yayyy! !! "

ကျောင်းခန်းမထဲ တီးလုံးသံတွေ ကျောင်းသားတွေရဲ့ အားပေးသံတွေနဲ့ ဆူညံနေသည် ။

" နောက်ထပ်ယှဉ်ပြိုင်မယ့် သူကတော့.....ဝမ်ရိပေါ်! "

တင်ဆက်သူရဲ့ ကြေညာမှုအပြီး အောက်က ပရိတ်သတ်တွေရဲ့ အားပေးမှုက ဆူတက်လာသည်။

" ဝမ်ရိပေါ် ဝမ်ရိပေါ်! ဝမ်ရိပေါ်! "

ကောင်လေးတွေ အသံထက် ကောင်မလေးတွေအသံက ပိုဖုံးလွမ်းနေသည်မှာလဲ အဆန်းမဟုတ် ။ အခုစင်ပေါ်မှာရှိနေသူက အချေမင်းသား ဝမ်ရိပေါ်မို့ပင် ။

"ရိပေါ်တို့က တကယ် စန်းပွင့်တာပဲ ။ ကောင်မလေးတွေ အသံနားကွဲလောက်တယ် "

" အတန်းထဲမှာ ဒီကောင်ကို ကြိုက်တဲ့လူတွေမှ အများကြီး ။ သူပဲ အဖတ်မလုပ်တာ ဘာဆေးတွေစားပြီး လူပါးဝနေလဲမသိဘူး "

ရှစ်ဟွမ်ရဲ့ စကားကို ကျွန်တော်တို့ တစ်ဖွဲ့ထရယ်တော့ ဘေးက ကောင်မလေး တွေရဲ့ ဘုကြည့်ကြည့်တာခံလိုက်ရသေးတယ် ။

" ဟဲ့ အဲ့တာ စီနီယာရှောင်းကျန့်မလား "

" ဟုတ်တယ် ဝမ်ရိပေါ်နဲ့ တစ်တွဲတွဲပဲ ။ ကျောင်းမှာ စာသင်ချိန်ကလွဲ အဲ့စီနီယာဘေးပဲ ကပ်နေတာ "

" မိန်းကလေးတွေဆို အဖတ်မလုပ်တဲ့ ရိပေါ်က စီနီယာဆို သဲသဲလှုပ်နေရောပဲ "

" ဟုတ်တယ် ဟုတ်တယ် ငါလဲ ကြားတယ်။ ငါတို့ ထင်သလိုတော့ ဖြစ်တော့မယ်ထင်တယ် "

" ဟယ်...ဟိဟိ "

အနောက်တန်းမှာ ထိုင်နေတဲ့ ကောင်မလေးတွေပြောနေတဲ့ အဓိပ္ပါယ်ကို ရှောင်းကျန့် ကောင်းကောင်းသိတယ် ။ ဒါပေမယ့် မဟုတ်ဘူးဆိုပြီး ထငြင်းလို့လဲ မကောင်း ။ အဲ့အခါမှ အနာပေါ် တုတ်ကျတာလား ဆိုပြီးဖြစ်နေအုံး မည်။ ဟူး......။ မကြားသလိုသာ နေလိုက်တာ ကောင်းပါတယ် ။

ထို့နောက် တီလုံးသံ ထွက်လာပြီး အနက်ရောင် suit အပြည့်နဲ့ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး ကနေတဲ့ ရိပေါ်ပုံစံက တကယ်ကို မိန်းကလေးတွေအပြင် ယောကျာ်းလေးတွေပါငေးရလောက်သည် ။ ဒီကောင်လေးက စင်ပေါ်မှာဆို အတောက်ပဆုံးကြယ်တစ်ပွင့်ပဲ ။ ဒီကောင်လေး အတွက် သူ ဂုဏ်ယူရမယ်မလား ။

Adieu, My Love (YIZHAN)Where stories live. Discover now