Episode 8 (Z+U)

2.8K 315 2
                                    

အပိုင်း ၈

" သားငယ်လေးရေ ပြီးပြီးလား "

အိမ်အောက်ထပ်မှ မား ခေါ်သံကြား၍......

" ဟုတ် ကျွန်တော် ဆင်းလာပြီး "

ပစ္စည်းစုံမစုံတစ်ချက် စစ်ကြည့်ပြီးမှ ရှောင်းကျန့် အိမ်အောက်ထပ်ကို ဆင်းလာလိုက်သည်။ ထို့နောက် ဧည့်ခန်းထဲ ထိုင်နေတဲ့ မားဘေးနားသွားပြီး ဆိုဖာမှာ ဝင်ထိုင်လိုက်တော့.....

" ကျန်းချန်တို့ လာခေါ်ပေးမှာလား သားငယ်လေး "

"မဟုတ်ဘူး ရိပေါ်လာခေါ်မှာ "

ရှောင်းကျန့် လက်ရှည်အနွေးထည်ကို ခေါက်တင်ရင်း ပြန်ဖြေလိုက်သည် ။

" သား ပြောပြောနေကြ ကလေးလား ။ ဟိုတစ်ခါ နေမကောင်းတုန်းကလဲ ဟင်းတွေ ယူသွားပေးတဲ့ အိမ်ကလား "

" ဟုတ်တယ် မား "

" အော်..... မားသားလေးက တကယ်ခင်တာပဲ အဲ့ကလေးကို "

မားကို တစ်ချက် ပြုံးရုံသာပြုံးပြလိုက်သည်။ မားက အတွေးများတဲ့ သူမို့စိတ်မပူစေချင် ။

ထို့နောက် ရှောင်းကျန့် လက်ထဲက phone လေး အသံမြည်လာသည် ။

" ဟယ်လို ရောက်ပြီးလား....ရိပေါ် "

"....."

" အိုခေ အိုခေ အခု ထွက်လာခဲ့မယ် ။ မား ကျွန်တော် သွားပြီးနော် ဂရုစိုက်နော် "

" မားသားလေးသာ ဂရုစိုက်ပါ အလည်မလွန်စေနဲ့ "

" ဟုတ်ကဲ့ "
.
.
.
.
.
.
.
.
ခြံရှေ့မှ ဆိုင်ကယ် တစ်စီး ထွက်သွားတဲ့ အချိန်ထိ သူမ ရပ်ကြည့်နေခဲ့တယ် ။ သားငယ်လေးက လူတစ်ယောက်အပေါ် ဘယ်လောက်ထိ ခင်တွယ်နိုင်တယ် ဆိုတာ သူမ အသိဆုံးပင် ။ ခုမြင်နေရတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ကြားချည်ထားတဲ့ ကြိုးတွေကလဲ သူမ စိတ်ပူသလို မဖြစ်လာပါစေနဲ့လို့ဘဲ ဆုတောင်းရုံကလွဲ ။

..............

လဝက် ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ရှောင်းကျန့် တို့အဖွဲ့ ခရီး ထွက်ရန် တိုင်ပင်ကြပြီး နောက်ဆုံး Xiamen မှာရှိတဲ့ ရိပေါ် အဖွားအိမ်ကို သွားဖို့ဆုံးဖြတ်ခဲ့ကြသည်။ ရိပေါ်တို့ အိမ်မှာ လူစုပြီး ထိုမှတစ်ဆင့် ကားငှါးပြီး သွားကြမှာဖြစ်သည်။

Adieu, My Love (YIZHAN)Hikayelerin yaşadığı yer. Şimdi keşfedin