Episode 5 (Z+U)

3.4K 355 7
                                    

အပိုင်း ၅

" အိမ်ပြန်ရောက်ပါပြီ "

ဧည့်ခန်းမှာရှိနေတဲ့ မားကို အသံတစ်ချက်ပေးပြီး ရှောင်းကျန့် အိမ်ပေါ်ထပ်သို့ တက်လာခဲ့သည် ။ အခန်းထဲရောက်တော့ လွယ်အိတ်ကို ခုံပေါ်တင်၊ အဝတ်အစားလဲ ပြီး ခြေလက်အရင်ဆေးရသည် ။ မဟုတ်ရင် ကုတင်ပေါ် လှဲမိတာနဲ့ သူတန်း အိပ်ပျော်တော့မည် ။ Coffee ဆိုင်မှာ ၄နာရီ ၅နာရီလောက် မက်တပ်ရပ်ပြီး စက်ဘီးနဲ့ အိမ်ပြန်ရတာမို့ ခြေကုန်လက်ပန်းကျနေလေပြီး ။

ဒေါက် ဒေါက် !

" ဝင်လာလေ မား ကျွန်တော် လောဒ်မချထားဘူး "

ရှောင်းကျန့် အကျီ င်္လဲပြီးချိန်မှာ မားကအခန်းထဲရောက်လာသည် ။ ဘယ်အချိန်ကြည့်ကြည့် ကြည်လင်နေတဲ့ မျက်နှာနဲ့ အပြုံးချိုချို ။ ကျွန်တော် အပြုံးချိုတာကလဲ မားဆီကအမွေရသည်ဟု တော်တော်များများ ပြောကြသည် ။

မားလက်ထဲက နွားနို့ပူပူတစ်ခွက် ။

" သားငယ်လေ ဒါသောက်ပြီး အိပ်တော့နော် ။ မနက်ကျ မား လာနှိုးပေးမယ်နော် " လို့ပြောပြီး စာကြည့်စားပွဲပေါ် ချပေးသည် ။

"ဟုတ်ကဲ့ သောက်လိုက်ပါ့မယ် "

ရှောင်းကျန့် ခုတင်စွန်းမှာထိုင်နေရင်းက  မားရဲ့ ခါးကို တင်းတင်းကျပ်ကျပ် တိုးဖတ်ထားမိတယ် ။ ဒီလိုလေးဖြစ်ဖြစ် ပင်ပန်းတာလေး ပျောက်သွားချင်တယ် ။ အရင်လို ဆူညံနေကြအိမ်လေးက အခုတော့တိတ်ဆိတ်ခြောက်ကပ်နေသည် ။

ရှောင်းကျန့် ဆံပင်တွေကိုပွတ်သတ်ပေးတဲ့ လက်ဖဝါးနွေးနွေး ။ သူပင်ပန်းနေပြီးဆိုတာ မားကို မမြင်စေချင်ဘူး ။

" တောင်းပန်ပါတယ် ။ မားသားငယ်လေးကို ဒီထပ်ပို ဂရုစိုက်ပေးခဲ့ရမှာ ။ မားကချည်းပျော့ညံ့နေခဲ့တယ် "

တုန်ရီနေတဲ့ အသံတိုးတိုးက သူ့ရင်ကိုနာကျင်စေတယ် ။ မားစိတ်ချမ်းသာဖို့ဆို သူဘာပဲလုပ်ရလုပ်ရ လုပ်ပေးနိုင်ပေမယ့် ဒါကအလုပ်မဖြစ်တော့ဘူးဆိုတာလဲ ရှောင်းကျန့်သိသည် ။ အခုချိန်သူတက်နိုင်တာက နှစ်သိမ့်စကားတစ်ခွန်း ။

" ဟအင်း ကျွန်တော်ကသာ ဒီထပ်ပို ကြိုးစားရမှာ ။ မမေ့သေးတာတောင် မားပျော်အောင် ကျွန်တော် အတက်နိုင်ဆုံး လုပ်ပေးပါ့မယ် ။ ကျွန်တော့ကိုယုံတယ်မလား  "

Adieu, My Love (YIZHAN)Where stories live. Discover now