Episode 12 (Z+U)

3.2K 337 13
                                    

အပိုင်း ၁၂

" အားမေ ရိပေါ် ရှိလား "

" ဟုတ် ရှိတယ် အကိုကျန်းချန် ဝင်လာလေ ။ အခန်းထဲမှာ "

" အင်အင် အကို သွားလိုက်မယ်။  ရတယ် မလိုက်ခဲ့နဲ့တော့ အားမေ "

" ဟုတ် "
.
.
.
.
.
.
.
ဒေါက်... ဒေါက်

" ရိပေါ် ဝင်လာခဲ့မယ်နော် "

ကျန်းချန် အခန်းထဲရောက်တော့ အရင်က သပ်သပ်ရပ်ရပ်နဲ့ ရှင်းလင်းနေတဲ့ အခန်းက အခုောတ့ ဘီယာ ဘူးခွံတွေ အရက်ပုလင်းတွေနဲ့ ပြည့်နေလေသည် ။ ကျန်းချန် သက်ပြင်းချရင်းသာ ကုတင်ပေါ်က ကြည့်လိုက်သည် ။

" အကိုကျန်းချန် ဘယ်လို ဖြစ်ပြီး "

" ရတယ် ကုတင်ပေါ်မှာပဲနေ "

" အစ်ကိုရော မပါလာဘူးလား. "

သူ့ကို မြင်တော့ မျှော်လင့်ချက် မျက်လုံးလေးတွေ တစ်ဖျက်ဖျက် တောက်သွားတာကို သူသိပေမယ့်

" အင်း မပါလာဘူး။  အစ်ကို တစ်ယောက်ထဲ လာတာ "

"......."

" ဘယ်လိုဖြစ်ပြီး နေမကောင်းဖြစ်ရပြန်တာလဲ "

သူ့အမေးကို ဖြူ ဖက်ဖြူ ရော ဖြစ်နေတဲ့ ကောင်လေးက ပြုံးပြပြီးပြန်ဖြေလာသည် ။

"ကျွန်တော် နေမကောင်းဖြစ်ရင် အစ်ကို့ကို ဖြစ်ဖြစ် တွေ့ရမယ်ထင်လို့ ။ တစ်ခါထဲ ဆေးရုံရောက်သွားတဲ့ ထိ ဖြစ်သင့်တာကို....ဒါပေယမ့် ကျွန်တော်တကယ် မာနေသေးတယ်လေ.. "

တကယ် တစ်ယောက်တစ်မျိုးနဲ့ ဖြစ်နေပုံကို ကျန်းချန် မြင်နေရတာအဆင်မပြေတော့ ။ တစ်ယောက်ကလဲ အသဲအသန် စိတ်ပူပေမယ့် ဘာမှ မဖြစ်သလို နေနေရတယ် ။ တစ်ယောက်ကလဲ တွေ့ချင်လွန်းလို့ ဒီလိုတွေ ဖြစ်အောင်နေတယ် ။
တကယ်ပဲ လူတွေမှာ ချစ်တာတွေ မုန်းတာတွေ မရှိရင်ကောင်းမယ် ။ အဲ့တာဆို ခုလို ခံစားနေကြရစရာမလိုတော့ဘူးမလား...

ကျန်းချန် ကုတင်ဘေးကခုံမှ ဝင်ထိုင်လိုက်ပြီး

" အစ်ကို ဒီကိုလာတာ မင်းကို ပြောပြစရာရှိလို့ ရိပေါ် "

"ပြောပါ အကိုကျန်းချန် "

တောင်းပန်ပါတယ် ရှောင်းကျန့် ။ ငါဒီအကြောင်းတွေ ပြောတယ်ဆိုတာ မင်းအတွက်ပါ ။

Adieu, My Love (YIZHAN)Where stories live. Discover now