Episode 7 (Z+U)

2.9K 327 7
                                    


အပိုင်း ၇

တင်း!

ရှောင်းကျန့် ဖက်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး phone ကို ကြည့်လိုက်တော့ Club ရဲ့ Group မှ စာပို့နေခြင်းဖြစ်တယ်။

✉  Guardien တီချယ်တွေ စာရင်း ထွက်လာပြီးနော် ဘယ်သူတွေနဲ့ ဘယ်အဖွဲ့လဲ စစ်လိုက်ကြအုံး ။

Club ခေါင်းဆောင်းရဲ့စာကို အကုန်လုံးက ထောက်ခံ တဲ့ စာပို့ကြလေသည် ။ ထို့နောက် ရှောင်းကျန့်လဲ ပို့ထားတဲ့ စာရင်းကိုကြည့်လိုက်သည် ။သူ ကျတဲ့ တီချယ်က သဘောကောင်းတဲ့တီချယ်မို့ ကျေနပ်သွားလေသည် ။ သူငယ်ချင်းတွေနဲ့ group တူဖို့ထက် ဘယ်တီချယ် နဲ့ ကျတာလဲဆိုတာက သူတို့အတွက် ပိုအရေးကြီးလေသည် ။ တစ်နှစ်လုံးစာအတွက် ကူပေးပြီး တစ်ခြားကိစ္စတွေပါ တာဝန်ယူပေးသည်မို့ သဘောကောင်းပြီး စိတ်ရှည်လေကောင်းလေ ဖြစ်သည် ။ပြီးတော့ ရှောင်းကျန့် ကျန်တဲ့လူစာရင်းကိုပါ ကြည့်လိုက်သည် ။ဟိုနှစ်ကောင်နဲ့တော့ တစ်နှစ်မှတူတူကျတာမရှိသလို ဒီနှစ်လဲတူတူမကျပေ ။ သူတို့နှစ်က ကောင်မလေး တစ်ယောက်ပါပြီး ကျန်တာက စီနီယာနဲ့ ဂျူ နီယာတွေ....

" What ဝမ်ရိပေါ် ! "

ရှောင်းကျန့် အသံထွက်သည်အထိ အံ့သြသွားရသည်။ ဒီကောင်လေး သူနဲ့ တော်တော် ရေစက်ပါပုံပဲ ။ချက်ချင်း group ထဲကထွက်ပြီး မီးစိမ်းနေတဲ့ သူ့ acc ကို phone ခေါ်လိုက်သည်။

"ရိပေါ် စာရင်းတွေ့ပြီးပြီးလား "

" ဘာကိုလဲ "

" မင်း မကြည့်ရသေးဘူးလား ငါတို့ groupထဲမှာ မင်းပါတယ် "

ရှောင်းကျန့်အသံဟာ အံ့သြမှုရောဝမ်းသာမှုရောရောစွတ်နေသည် ။ သို့သော် ကောင်လေးက သူ့လောက်ေ်တာင်စိတ်ဝင်စားနေပုံမပေါ် ။

" အော် ဟုတ်လား "

" ဒါပဲလား မင်းတုံ့ပြန်ပုံကြီးကလဲ "

" အမ် ဒါဘဲပေါ့ ဘာထပ်ဖြစ်ရမှာတုန်း ။ အစ်ကိုကလဲ "

ရိပေါ်စကားအဆုံးမှာ ရယ်သံနည်းနည်းပါတယ် ။

" အေး ဒါပဲ "

" ကောင်းသောညပါ အစ်ကို "

ရိပေါ်စကားအဆုံး ရှောင်းကျန့် phone ကို ချလိုက်သည် ။ရိပေါ်ရဲ့ ခပ်အေးအေး တုန့်ပြန်မှုကို မကျေနပ်ပေ။ သူတောင် ဒ်ီလောက်ပျော်နေတာ ဒီကောင်လေးက ဘာလို့ ဘာမှမဖြစ်ရတာလဲ ။ နေအုံး ငါကရော ဘာလို့ပျော်နေတာလဲ!

Adieu, My Love (YIZHAN)Wo Geschichten leben. Entdecke jetzt