အပိုင်း - 3
2.6K 335 4
Hello . . .
ဇာတ်လမ်းလေးကိုမစခင် Dz စကားလေးနည်းနည်းပြောချင်လို့ပါနော်။အရင်ဆုံးကြိုတောင်းပန်ပါရစေနော်။ဘာလို့ဆို Dz ရဲ့ မြန်မာစာနဲ့မြန်မာစကားက အရမ်းအားနည်းတဲ့အပိုင်းမှာပါ,ပါတယ်။စာလုံးပေါင်းသတ်ပုံလဲအရမ်းမှားတက်တာကြောင့် စာလုံးပေါင်းကို Dzတက်နိုင်သလောက်ခဏခဏပြန်ပြန်စစ်ပါတယ်။ဒီအပုဒ်က Dz ပထမဆုံးစရေးတဲ့အပုဒ်တော့မဟုတ်ပေမဲ့ စာရေးနားပြီးလေးနှစ်အကြာရဲ့ ပထမဆုံးအပုဒ်ဖြစ်တဲ့အတွက် ဖတ်ရတာအဆင်မပြေတာတွေရှိခဲ့ရင် Dz ကြိုတောင်းပန်ပါတယ်နော်။Dz ရေးထားတာကို ဖတ်ပေးတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို Dzအလေးအနက်ကျေးဇူးတင်ပါတယ်။Dz ရဲ့ဇာတ်လမ်းလေးကို Reading list ထဲထည့်ပေးထားတာကိုလည်း Dz ကျေးဇူးတင်ပါတယ်။Vote ပေးတဲ့သူတွေ၊ Feedback ပေးတဲ့သူတွေကိုလည်း Dz တကယ်ကျေးဇူးတင်ပါတယ်။ Feedback ပေးတဲ့သူတွေကို Dz တကယ်Reply ပြန်ပြီးရင်းရင်းနှီးနှီးပြောချင်တာပါ။ ဒါပေမဲ့ Dz က လူမှုဆက်ရေးပိုင်းမှာ တကယ်ကို minus ရထားတဲ့သူပါ။အဲ့ဒါကြောင့် Dz ရဲ့Replyမှာအမှားပါသွားမှာ တကယ်ကိုစိုးရိမ်တဲ့အတွက် Dz Replyမပြန်ရဲတာပါ။ပြီးတော့ Dz ဘယ်လို Reply ပြန်ရမလဲဆိုတာလဲ Dz စဉ်းစားမရလို့ပါ။ Dz မာနကြီးလို့ဘာလို့ Reply မပြန်တာမဟုတ်ဘဲ ဘယ်လိုပြန်ရမလဲမသိလို့ပါ။ Dz အတွက် conversation တစ်ခုကိုဘယ်လိုစရမလဲ ဘယ်လိုဆက်ထိန်းသိမ်းရမလဲဆိုတာ Dzပုံမှန်လုပ်နေကျအလုပ်တွေရဲ့အခက်ဆုံးဆိုတာထက်ကိုပိုခက်ပါတယ်။ အဲ့အတွက်ကြိုပြီးတောင်းပန်ထားတာပါနော်။ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
Qing Xuan လက်ကိုတစ်ယောက်ယောက်က ညစ်ထားသည်ဟု ခံစားရတာကြောင့် ထိုလက်ကလေးကို မသိမသာလေးရုန်းကြည့်၏။ လက်ကလေးခဗျာ လွတ်မြောက်မသွားတဲ့အပြင် ပိုတိုးလို့သာဖိဆုပ်ခြင်းကို ခံလိုက်ရသည်။
မနေ့ညက Qing Xuan နိုးလာတော့ နဘေးမှာ အမဲရောင် ညဝတ်ရုံနှင့် အမည်မသိလူသားတစ်ယောက်က မှေးစက်လို့နေလေသည်။ နိုးလာချင်းချင်း မရင်းနှီးသောပတ်ဝန်းကျင်နှင့် မရင်းနှီးသောလူတစ်ယောက်နှင့် စက်ရာတစ်ခုတည်း မျှဝေသုံးဆွဲနေသည်မှာ သူ့အတွက်အနည်းငယ်ထူးဆန်းလို့နေလေသည်။