အပိုင်း - 6
1.9K 252 7
Previous Ep - ကိုယ်တို့ကချစ်သူတွေလေ။လူတွေက ကိုယ့်တို့ကို လိုက်ခွဲကြလို့ ဒီထိထွက်ပြေးလာတာ . . . ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
     လေးထောက်တိုင်စားပွဲဝိုင်းအသေးလေးကိုမကာ အခန်းတွင်းသို့ဝင်လာသော He Xuan ပုံစံသည်အနည်းငယ်ရယ်ချင်စရာကောင်းလှသည်။ အမဲရောင်ဝတ်စုံတွင် ဂျုံမှုန့်ဖြူဖြူများက အဖွေးသား။ ဆံနွယ်ရှည်ရှည်တွင်လည်း တစ်စွန်းတစ်သော ဂျုံမှုန့်များက ကပ်ညှိလျက်နှင့်။
" ခွီး . . . "
     He Xuan ရယ်သံကြောင့် မသိမသာလေးပြုံးလိုက်မိသည်။စားပွဲကို စက်ရာပေါ်၌ပင်ချကာ
" ကိုယ့်ပုံက ရယ်စရာကောင်းနေလို့လား . . . ။ "
     ခေါင်းရမ်းကာ အသည်းအသန်ငြင်းနေသော်လည်း မျက်ဝန်းများ၌ ရယ်မြူးရိပ်များကတွဲခိုလျက်ပင်ရှိသည်။ He Xuan ခေါင်းပုတ်ရန်လက်လှမ်းလိုက်တော့ Qing Xuan ခေါင်းက နောက်သို့မသိမသာရှောင်ဖယ်သွား၏။
     နူးနူးညံ့ညံ့ဆံနွယ်တွေအစား လေဟာနယ်ကိုသာ ဖမ်းဆုပ်မိလိုက်တဲ့ လက်ကိုကြည့်ကာ He Xuan အေးစက်စက်ပြုံးလိုက်သည်။ Qing Xuan ထိုအပြုံးကိုကြည့်ကာ ကြက်သီးမွှေးများပင် ထောင်လာသည်ဟု ခံစားလိုက်ရသည်။
" ကိုယ်ချက်ထားတာ အဆင်ပြေလားဆိုတာ မြည်းကြည့်ပါအုံး . . . ။ "
     ပြောရင်းကမ်းပေးလာသော တူတစ်စုံကို Qing Xuan မဝံ့မရဲလှမ်းယူလိုက်သည်။ ချက်ပေးလာသောဟင်းပွဲမှာ သိပ်တော့များများစားစားမရှိလှ။ ဂျုံခေါက်ဆွဲရည်ဖျော်တစ်ပွဲ၊ မည်သည့်သတ္တဝါ၏အသားမှန်းမသိရသော အသားတစ်ပွဲနှင့် အရွက်ဟင်းရည်တစ်ပွဲတို့သာ။
     Qing Xuan အသားကိုအရင် တူနှင့်လှမ်းယူကာ မြည်းစမ်းလိုက်၏။ ခပ်ငန်ငန်အရသာက ပါးစပ်အပြည့်နေရာယူသွား၏။ Qing Xuan ထိုအသားကို မထွေးထုတ်မိစေရန် ဟင်းရည်ခွက်ကို အမြန်ယူကာပင် မော့သောက်လိုက်၏။
     ဟင်းရည်အရသာ ပေါ့ရွှတ်ရွှတ်ဖြစ်နေခြင်းကို ဝမ်းသာရမလိုဖြစ်အောင်ပင် အသားဟင်း၏အရသာမှာငန်လှ၏။Qing Xuan ဟင်းနှစ်ခွက်ကိုမြည်းအပြီးမှာတော့ ခေါက်ဆွဲပန်းကန်ကိုထပ်မြည်းစမ်းရမည်ကိုပင် အနည်းငယ်လန့်နေ၏။