Previous Ep - မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ကျွန်တော် ခင်ဗျားနဲ့မနေချင်ဘူး။ ကျွန်တော်မနေချင်ဘူးလို့ . . . ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
" Qing Xuan ကြည့်စမ်း . . .။ ကိုယ်မင်းအတွက်လုပ်ပေးထားတဲ့ယပ်တောင်။ ဘယ်လိုနေလဲ . . . ။ မင်းအရင်က ကိုင်ခဲ့တဲ့တစ်ခုလောက်မကောင်းပေမဲ့ ဒါက ကိုယ်လက်နဲ့အစွမ်းမသုံးဘဲလုပ်ပေးထားတဲ့ဟာ . . . ။ "
He Xuan အပြီးသတ်ပြီးကာစ ယပ်တောင်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်ကာဆိုလိုက်သော်လည်း တစ်ဖက်မှာတုန့်ပြန်သံမရှိပေ။ မျှော်လင့်ချက်မဲ့နေတဲ့ မျက်ဝန်းတွေကအသက်မဲ့စွာပင် တစ်ချိန်က တောက်ပကြည်လင်စွာရှိခဲ့တဲ့ အကြည့်တွေနေရာမှာအစားထိုးဝင်ရောက်လို့နေလေ၏။
ခြေလက်အစုံကိုတုပ်နှောင်ထားကာ ဒဏ်ရာရနိုင်သည့်အရာများရဲ့ဝေးရာမှာ အရုပ်လေးတစ်ရုပ်လို လှုပ်ရှားမရနိုင်အောင်ချည်နှောင်ထားခံရတဲ့ Qing Xuan ကို He Xuan ပြုံးကာကြည့်လိုက်သည်။
" Qing Xuan သဘောမကျလို့လား . . . ။ "
" . . . "
" အာ . . ဟုတ်သား။ ပါးစပ်ကိုစည်းထားတာ ကိုယ်မေ့သွားတယ်။ "
" . . . "
" ကိုယ် စိတ်စွမ်းအင်တစ်ချို့ထည်လိုက်ပြီးရင်တော့ လေပြင်းမုန်တိုင်းလောက်တော့ ဆင့်ခေါ်နိုင်မယ်ထင်တယ်။ "
" . . . "
" Xiao Qing Er က သေရည်သောက်ရတာကိုသဘောကျတယ်မလား. . . ။ ကိုယ်တို့ ဒီကိုထွက်မလာခင် ကိုယ်သေရ
ည်တစ်ချို့ဝယ်ခဲ့တယ်။ ညကျ သောက်ဖို့ကိုယ်နွေးပေးမယ်။ "" . . . "
" Xiao Qing Er ငြိမ်ငြိမ်လေးနေနော်။ ဒဏ်ရာမရစေနဲ့ . . . ။ ကိုယ်ဒေါသထွက်ပြီး စိတ်ဆိုးရင် Xiao Qing Er ကို ဘာလုပ်မိမလဲဆိုတာ ကိုယ်မသိဘူး။ အဲ့ဒါကြောင့်မို့ ဒဏ်ရာမရစေနဲ့။ "
တစ်ယောက်တည်း ပြောချင်ရာများကိုပြောကာ နဖူးထက်၌ အနမ်းခြွေပြီးထွက်သွားသောသူကို Qing Xuan အသက်မဲ့စွာငေးကြည့်နေမိ၏။ ယခုအချိန်မှာ သူ့ဘဝက သက်မဲ့အရုပ်ကလေးတစ်ရုပ်သာ။
ဆိုးဝါးလှတဲ့အတိတ်မှတ်ဥာဏ်တစ်ခုဟာ သူသတိရလာစေရန်အသည်းအသန်မျှော်လင့်လို့နေလေသည်။ Qing Xuan တိတ်တဆိတ်သာ မျက်ရည်ကျမိ၏။ ဖြစ်နိုင်လျှင်ချက်ချင်းပင် ဤနေရာကနေပျောက်ကွယ်သွားချင်သည်။
YOU ARE READING
FanfictionThis is a Fan make story.And I not translation anyone's else so I hope you guys put a little respect on me.And this story about He Xuan and Shi Qingxuan . Cos I want to see couple of them in happy ending . . .