Previous Ep - ကိုယ့်ကိုထွက်မပြေဘူးလို့ကတိပေးရင် ကိုယ်ကြိုးဖြေပေးမယ်။ ထွက်မပြေဘူးမလား. . . ။Qing Xuan . . . မင်းဘယ်တော့မှ ငါ့အနားကနေထွက်သွားခွင့်မရှိဘူး . . . ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
" ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် . . . "
ရုတ်တရက်ထပြောလာတဲ့ Qing Xuan ရဲ့စကားကြောင့် He Xuan အလိုမကျစွာ မျက်ခုံးစွန်းများက တွန့်ချိုးကျလာ၏။
" ကျွန်တော် ခင်ဗျားကိုမသိဘူး . . . "
ရင်ခွင်ထဲကနေ ရုန်ကန်းထွက်ကာ ပြောလာတဲ့စကားတစ်ခွန်းက နှလုံးသားကိုမီးမြိုက်သလို။ သူဒီလောက်ချစ်နေတာကို ဘာကြောင့်များမမြင်နိုင်ရသလဲ။ တကယ်ပင် ကိုယ့်အကြောင်း ခေါင်းအုံးမှသိသည်။
" Qing Xuan . . . ကိုယ်ဘယ်လိုလုပ်ပေးမှ ကိုယ့်ကိုယုံပေးမှာလဲကွာ။ "
" ကျွန်တော့်ကိုထွက်သွားခွင့်ပေး . . . ။ "
ရုတ်တရက် ကြမ်းတမ်းလာသောအပြုအမူသည် လူစားထိုးပြောင်းလဲသွားသလို။ ညင်သာစွာပွေ့ဖက်ခြင်းခံထားရတဲ့ ခန္ဓာဟာ စက်ရာပေါ်သို့ ကြမ်းတမ်းစွာပြိုလဲကျသွား၏။ ချည်နှောင်ထားခံရတဲ့လက်တွေဟာ ပြန်လည်တုန့်ပြန်နိုင်စွမ်းမဲ့စွာ။
" မင်းအိပ်မက်သာမက်နေလိုက်။ "
ပြောကာထွက်သွားတဲ့ ကျောပြင်ဟာ ရက်စက်ခြင်းများလွှမ်းခြုံကာထား၏။ Qing Xuan အသက်မဲ့စွာနှင့်ပင်ပြုံးလိုက်မိသည်။ အသိဥာဏ်ကတော့ဝေဝါးစွာ . . . ။
ယောက်ျားတစ်ယောက် . . . ။ ဟုတ်တယ် အပြာနုရောင်နဲ့ အဖြူရောင်ကို ဝတ်ဆင်ထားတဲ့ယောက်ျားတစ်ယောက်။ ဒူးထောက်နေတယ်. . . ။ ဘာလို့လဲ . . . ဘာလို့ဒူးထောက်နေတာလဲ။
" ဦးတိုက် . . . "
Qing Xuan အသံလာရာဘက်ကို အံသြစွာပင်ကြည့်လိုက်မိသည်။
He Xuan ! ! !
မဟုတ်တာ . . . မဖြစ်နိုင်ဘူး. . . ဒီလိုသွေးအေးရက်စက်စွာအမိန့်ပေးနေတဲ့သူက He Xuan မဖြစ်နိုင်ဘူး။Qing Xuan ခေါင်းကိုသာအကြိမ်ကြိမ်အခါခါ ယမ်းနေမိသည်။ ရုတ်တရက် အပြာရောင်ဝတ်စုံအမျိုးသားက သူ့လှည့်ကြည့်လာ၏။
YOU ARE READING
FanfictionThis is a Fan make story.And I not translation anyone's else so I hope you guys put a little respect on me.And this story about He Xuan and Shi Qingxuan . Cos I want to see couple of them in happy ending . . .