~ ဒုန်း ~
He Xuan သည် တစ်ချက်သာမော့ကာ အစားမပျက်ပေ။
~ ဒုန်း . . . ဒုန်း ~
" သခင်လေး အဲ့လိုဆောင့်ချနေရင် ခွက်တွေကွဲကုန်ပါလိမ့်မယ် . . . ။ "
ဘေးက အစေခံမလေးက ဝင်ပြောတဲ့အခါမှာတော့
~ ခွမ်း ~
Qing Xuan ရေနွေးခွက်ကို ကြမ်းပြင်ပေါ်သို့ပင် ဆောင့်ပစ်ချလိုက်တော့သည်။ မျက်ထောင့်စွန်းကနေလည်း He Xuan ကို တစ်ချက်ချောင်းကြည့်လိုက်ဖို့မမေ့ပေ။ He Xuan ကလည်း သူ့အစားမှလွှဲ၍ တစ်ချက်မှပင် အရေးမလုပ်ပေ။
( တင်းထားစမ်း He Xuan အစရှိအနှောင်နှောင်တဲ့။ )
" သခင်လေး ခွက်ကို ဘာလို့ခွဲပစ်တာလဲ . . .။ "
Qing Xuan သည်ထိုအပြောကိုပင် ဂရုစိုက်မစွာ ထပ်ခွဲဖို့ ခွက်တစ်ခုဆီသို့လက်လှမ်းလေသည်။ ထိုအခါမှ HE Xuan ထိုလက်သေးသေးလေးကို လှမ်းဖမ်းလိုက်ပြီး အစေခံမလေးအား ထွက်သွားဖို့ လက်နှင့်ဝေ့ကာပြောလိုက်ပြီး
" Qing Qing ကိုယ်တစ်ယောက်လုံးရှိနေတာကို ဘာလို့ခုနစ်ဆောင်တန်းကို ဇွတ်သွားချင်နေတာလဲ . . . "
" ခင်ဗျားရှိတာနဲ့ အဲ့ဒီကိုသွားတာ ဘာဆိုင်လို့လဲ. . . ။ "
" မင်းကအဲ့ဒီကိုအလှကြည့်ဖို့သွားမှာမလို့လား . . .။ "
" ပိုက်ဆံပေးပြီးသွားရတဲ့ဟာ အလှထိုင်ကြည့်စရာလား . . . ။ "
" ကိုယ်ရှိနေတာကိုကွာ။ ကိုယ်နဲ့ဆို ငွေလဲမကုန်ဘူးလေ . . ။ "
He Xuan စကားကြားတဲ့အခါမှာတော့ Qing Xuan ခန္ဓာကိုယ်လေးမှာ တုန်လို့ပင်သွားသည်။ အိပ်ယာပေါ်တက်ဖိခံထားရတာမှ မနေ့တနေ့ကတင် လတ်လတ်ဆတ်ဆတ်။ ကံကောင်းလို့ ဘာမှမလုပ်ခံရတာ။ မဟုတ်ရင်တော့လား သူ့ဘဝလေးကမတွေးရဲစရာ။
ပြန်တွေးရင်လည်း ဒါကြီးကတော်တော်ကို အဓိပ္ပာယ်မရှိတာပင် . . .
~ လွန်ခဲ့သော နှစ်ရက် ~
" He Xiong ဒါဆိုကျွန်တော်တို့က ငယ်ငယ်ကတည်းက အတူကြီးလာတော့ပေါ့ . . . "
" အင်း . . . "
" ဒါဆို ဘာလို့ He Xiong က သခင်ကြီးဖြစ်ပြီး ကျွန်တော်က သခင်လေးဖြစ်နေတာလဲ . . . "
YOU ARE READING
FanfictionThis is a Fan make story.And I not translation anyone's else so I hope you guys put a little respect on me.And this story about He Xuan and Shi Qingxuan . Cos I want to see couple of them in happy ending . . .