Qing Xuan မရင်းနှီးတဲ့ရင်ခွင်တစ်ခုထဲကနေ အကြိမ်းများစွာနိုးထလာခဲ့တယ်။ ပုံသေသတ်မှတ်ထားနဲ့ နေ့စဉ်လှုပ်ရှားမှုတွေက သူ့ကိုသေလူတစ်ယောက်လို ခံစားရစေတယ်။ အပြုံးအရယ်မဲ့ကာ ရုပ်သေးရုပ်လို လှုပ်ရှားနေတဲ့ အစေခံတွေ။ မြင်တွေ့နေကျအတိုင်း လှုပ်ရှားနေကြတဲ့ ဈေးသည်တွေ. . . ။
" နိုးပြီလား. . . "
လည်တိုင်ကိုလာရိုက်ခတ်တဲ့ လေပူတစ်ချို့ကြောင့် ခန္ဓာကိုယ်ကိုမသိမသာပင်ကျုံလိုက်တယ်။ နွေးကနဲ့ဖြစ်သွားတဲ့ နားဖျားလေးကနေ ယားယံမှုတစ်ချို့ကိုခံစားလိုက်တယ်။ထိုကဲ့သို့ ငုံထွေးမှုမျိုးကို သူအသားမကျသေး။
" အင်း . . . ။ "
ပွေ့ဖက်ထားခံရတဲ့အနေအထားကနေ ရုန်းထွက်လိုက်ပြီး ထထိုင်လိုက်တယ်။ ရင်းနှီးသည်ဟုထင်ခဲ့သော ကိုယ်ငွေ့ဟာအသက်ရှူကျပ်စေတယ်။ လုံခြုံသည်ဟုခံစားခဲ့ရသော လက်အစုံ၏ထွေးပွေ့မှုသည် သူအားတုန်လှုပ်စေတယ်။ နောက်ပြီး မသဲကွဲတဲ့ အိပ်မက်တွေ. . . ။
" နေမကောင်းဘူးလား Qing Xuan . . . "
မေးသံနဲ့အတူ နဖူးပြင်ဟာ လက်နွေးနွေး၏ဖိကပ်ခြင်းကိုခံလိုက်ရတယ်။ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုန့်ပြန်မှုက Qing Xuan ကိုယ်လေးကို ဆတ်ကနဲတုန်သွားစေသည်။ ဒါဟာကြောက်လန့်မှုရဲ့ သဘာဝအလျောက် တုန့်ပြန်မှုပေလား။ ရုတ်တရက်မို့ တုန့်ပြန်မှုပေလား သူမသေချာခဲ့ . . . ။
" ဒီအတိုင်း နည်းနည်းစိတ်မကြည်ရုံပါ . . . "
" အိပ်မက်ဆိုးတွေမက်ပြန်ပြီလား . . . "
" အင်း . . . "
He Xuan လေပူတွေကို စိတ်မပါစွာနဲ့ပင် မှုတ်ထုတ်လိုက်တယ်။ ရင်ထဲက နာကျင်မှုအစိုင်အခဲတွေရဲ့ သိပ်သည်းဆ အနည်းငယ်လျော့ကျသွားစေရန် ရည်ရွယ်လျက် . . . ။
လည်တိုင်ကိုလာရိုက်တဲ့ လေပူတွေကြောင့် တစ်ဖက်လူဟာ လဲလျောင်နေရာမှ ထလိုက်ပြီဆိုတာကို Qing Xuan သတိထားလိုက်မိတယ်။ နေရာမှထဖို့ကြံရွယ်လိုက်သော်လည်း လက်တစ်စုံဟာ အကြံအစည်ကို သိသည့်အလား တင်းကျပ်စွာလာရောက် နှောင်တွယ်လို့ထားလေသည်။
YOU ARE READING
FanfictionThis is a Fan make story.And I not translation anyone's else so I hope you guys put a little respect on me.And this story about He Xuan and Shi Qingxuan . Cos I want to see couple of them in happy ending . . .