အခန်း ၁

5.7K 199 146
                                    

Unicode

You & Me

အခန်း ၁

သို့

ချစ်လှစွာသော ဟန်နီ....

" ဟိတ်ကောင် ပေးစမ်း ပေး အဲ့စာ ငါ့ကို "

မီးရထားစက်ခေါင်းမျိုချထားသလိုအသံနဲ့ ရှူးရှူးရှဲရှဲအော်ဟစ်ဆူညံနေသူက ကျွန်တော့်ဦးလေး လူပျိုချိုးတူးကြီး P'Phyo....

🖤 လေးလေးကလဲဗျာ ဘာဖြစ်တာလဲ အဲ့ဒါ

နှစ်ဆွေးနေတဲ့ ရည်းစားစာကြီး သိမ်းထားပြီး ခုထိ ဟန်နီ ဟန်နီနဲ့ တ နေတာ မပျင်းသေးဘူးလား

လူပျိုကသိုးရုံတင်မကဘူး ချိုးပါတူးနေတာ

"ဘာပြောတယ် မင်းသာ အဖြစ်ရှိအောင်အရင်လုပ်စမ်းပါ ပြောတော့ဖြင့် King လေးဘာလေးနဲ့ အကုန်လုံးမင်းနဲ့ ကင်းကင်းနေကြတာလဲ ပြောဦး အလကား ရည်းစားတစ်ယောက်တောင်မရှိတဲ့ ကောင်ကများ"

🖤 လေးလေး ဒီမှာ သားမျက်နှာကို ကြည့်စမ်းပါ

" အေး ကြည့်တယ်လေ ကြည့်တော့ ဘာဖြစ်လဲ"

🖤 ဒီမှာ ဒါက အချေမျက်နှာ ဟော ဒါကျတော့ ပြုံးတဲ့မျက်နှာလို့ ခေါ်တယ် ဟော ဒါကျတော့ စိတ်မကောင်းတဲ့မျက်နှာ တွေ့လား တွေ့လား

"အေး တွေ့တယ်လေ တွေ့တော့ ဘာလုပ်ရမှာလဲ"

🖤 သားက အဲ့လို ခံစားချက်က မျက်နှာမှာ အပီအပြင်ပေါ်တဲ့ လူချောလေး ရည်းစားက မထားချင်လို့မထားတာ

လေးလေးသာ ငိုမှန်းမသိရယ်မှန်းမသိ ဘိလပ်မြေကိုင်ထားတဲ့ မျက်နှာနဲ့ အသက်တွေကြီးကြီးလာတာ ဟီး သွားပြီသိလား

ဟန်နီ့ကိုတွေ့ရင် P'Phyo က လိုက်ရှာနေပါတယ်လို့ ပြောလိုက်မယ်နော် သွားပြီဗျိုးးးးး

" Perth............................"

နံနက်ချိန်ခါတေးသံသာအဖြစ် တစ်ဦးတည်းသော ဦးလေးကို စနောက်ရင်း အကျေနပ်ကြီးကျေနပ်ခဲ့ရပါပြီ။

မုန့်ဖိုးတောင်းမို့ သူ့အခန်းထဲဝင်ရာကနေ သူ့ကုတင်ပေါ်မှာ စာတစ်စောင်တွေ့လို့ အသံလေး ခုနှစ်အိမ်ကြားလောက်ရုံ အော်ဖတ်မိပါတယ် ကဲကဲတွေကိုလှုပ်နေတာပါပဲဗျာ။

🖤You & Me❤️ Where stories live. Discover now