∆3

7.3K 1.1K 36
                                    

[ zawgyi ]

ရှောင်းကျန့်က သိပ်ပြီးဘက်လိုက်တဲ့ကောင်လေး

အပြာရောင်လေး မှာတဲ့ omurice ကို များများစားစား ခပ်ကြီးကြီးလုပ်လေ့ရှိပြီး အခြားဧည့်သည်တွေမမြင်အောင် ပန်းကန်တင်ထားတဲ့ဗန်းကို ခပ်မြင့်မြင့်လည်းမြှောက်ကိုင်သေးတယ်

အပေါ်ယံတင်ထားတဲ့ Tomato Ketchup တွေကလည်း ပန်းကန်ဘေးတောင်လျှံကျတော့မလိုပဲ

" ဒီနေ့စောတယ်နော် "

ပြုံးပြီးအသာခေါင်းငြိမ့်ပြလိုက်တဲ့ ကောင်ငယ်လေးကို ရှောင်းကျန့်တစ်ယောက် တွေတွေလေးငေးမိသွားတယ်။ မနေ့ကလည်း ဒီလိုအခြေအနေမျိုးခံစားခဲ့ရသလိုပဲ.. ဆိုင်ပိတ်ခါနီး omurice စားဖို့ရောက်လာတဲ့အပြာရောင်လေးနဲ့သူနဲ့ အပြင်ဘက်ကကောင်းကင်ကြီး အနည်းငယ်မှောင်သွားတဲ့အထိ အတူရှိခဲ့ကြတယ်

အမှန်တကယ်တော့ omurice ကို အားရပါးရခေါင်းငုံ့ကာစားနေတဲ့ အပြာရောင် ကောင်လေးကို ရှောင်းကျန့်က ခိုးကြောင်ခိုးဝှက်ငေးကြည့်ခြင်းနဲ့အချိန်တွေကုန်ခဲ့တာပါပဲ။ ရှောင်းကျန့်က သတ္တိနည်းတဲ့သူတစ်ယောက်မဟုတ်ပေမယ့် ဒီကောင်လေးအနားရောက်ရင် အလိုလိုပျော့ခွေသွားတတ်တယ်
အပြာရောင်လေးက အန္တရာယ်သိပ်များတာ

" လှိုင်းတွေသိပ်မလာတော့ စီးလို့မကောင်းတော့လို့ "

ပန်းကန်လေးကို အရှေ့ချပေးကာ ကောင်လေးမျက်နှာကိုသေချာကြည့်ရင်း ရှောင်းကျန့်က သတ္တိမွေးတယ်

" ဟို နာမည်သိလို့ရမလား .. "

" ရိပေါ် "

" ..... "

" ဝမ်ရိပေါ် လို့ခေါ်တာပါ နာမည်က "

ကလေးမုန့်ပေးလိုက်သလိုပါပဲ
ခေါင်းလေးတညိမ့်ညိမ့်နဲ့လှည့်ထွက်သွားတဲ့ ရှောင်းကျန့်က သူ့နာမည်ကိုပြောပြခဲ့ဖို့ မေ့သွားခဲ့တယ်

. . .

ရှောင်းကျန့်မှာ ကြောင်တောင်တောင်အကျင့်လေးတစ်ခုရှိတယ်။ ရက်သတ္တပတ်အတွင်း ဆုတစ်ခုပဲတောင်းတတ်တဲ့အကျင့်... ဆုတောင်းပြည့်သည်ဖြစ်စေ မပြည့်သည်ဖြစ်စေ ရှောင်းကျန့်ကတော့ တစ်ပတ်တစ်ခါ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို ခပ်တိုးတိုးရေရွတ်မြဲပဲ

O n e  M o r e  C h a n c e [ Completed ]Where stories live. Discover now