∆4

6.8K 1K 34
                                    

[ zawgyi ]

ရေလှိုင်းစီးကြည့်ရင်ကောင်းမလားလို့ ရှောင်းကျန့်ကတွေးဖူးပေမယ့် လက်တွေ့မှာမလုပ်ဖြစ်သေးတာခက်တယ်

ရှောင်းကျန့်ကပင်လယ်ကိုချစ်တယ် သို့ပေမယ့် ရေလှိုင်းကိုတော့သဘောမကျဘူး ကြောက်တယ်

အခုတလော Suntoku Cafè လေးက အပြာရောင်လေးကြောင့် ပျော်ရွှင်မှုတွေပြည့်နေတယ်။ နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှ သံယောဇဉ်တွေကလည်းတိုးလာပုံပါပဲ... ညနေစောင်းအချိန်ရောက်တာနဲ့ ဆိုင်ဝရောက်လာမယ့်အရိပ်လေးကို ရှောင်းကျန့်ကမသိမသာလေးမျှော်နေတတ်တယ်

ရိပေါ်ကဖော်ရွေပြီးခင်မင်ဖို့ကောင်းတဲ့ကောင်လေးလို့ထင်ရသလိုနားလည်ရလည်းခက်တယ်..ရှောင်းကျန့်အပေါ်တင်မဟုတ် လူတိုင်းအပေါ်ကို သဘောကောင်းပြီး တရင်းတနှီးဆက်ဆံတတ်သေးတယ်။ အထူးသဖြင့် ကျောင်းသူငယ်ငယ်လေးတွေ... နေရာလပ်ပင်မရှိအောင်တိုးကပ်ထိုင်ပြီး အခွင့်အရေးတွေကို အရယူနေကြတော့တာ
အပြာရောင်လေးကတော့ တပြုံးပြုံးပါပဲ

" ဆိုင်ပိတ်တော့မယ်မဟုတ်လား
ကျွန်တော်ကူပေးမယ် "

ဧည့်သည်တွေစားပြီးသားပန်းကန်တစ်ချို့ကိုသိမ်းဆည်းပြီးတဲ့အပြင် စားပွဲတွေကိုလည်းအဝတ်စနဲ့ သေချာသုတ်ပေးနေသေးရဲ့
နှစ်ဦးသားအတူရှိတဲ့ ညနေစောင်း ဒီလိုအခြေအနေက ကြည်နူးဖို့သိပ်ကောင်းတယ်

" ကဲ ပြီးပြီ
ပြန်တော့မယ် "

နှုတ်ဆက်ချိန်တောင်မရလိုက်ပါဘူး။ အိတ်အဖြူလေးသိုင်းလွယ်ပြီး ကောင်လေးက ဆိုင်အပြင်ဘက်ကိုခပ်မြန်မြန်ပဲထွက်သွားတယ်။ နီးလာတယ်ထင်ရပေမယ့် ပိုဝေးလာသလိုခံစားချက်ကိုခံစားလိုက်ရသလိုပဲ
အင်းး ဒီနေ့ညလည်းအိပ်ပျော်တော့မယ်မထင်ဘူး

. . .

" ကျိန်းသေရဲ့လား "

" အင်း.. တကယ်ကျိန်းသေတယ် "

ဝတ်စုံပြည့်နဲ့ ရှောင်းကျန့်က surfboard ပြာပြာလေးပိုက်ပြီး ရိပေါ်ရှေ့တည့်တည့်မှာရောက်နေတယ်။ အကြောင်းအရင်းကတော့ ရိပေါ်က ရှောင်းကျန့်ဆီကိုနှစ်ရက်လောက်ရောက်မလာခဲ့တာကြောင့်ပဲ... ကဖေးမှာထိုင်စောင့်နေရုံနဲ့ ရိပေါ်နဲ့သူကနီးမလာနိုင်ဘူးလို့ ရှောင်းကျန့်ကပုံသေတွက်တယ်.. ဒါ့ကြောင့်အရဲစွန့်ပြီး လှိုင်းစီးကြည့်ဖို့သူဆုံးဖြတ်လိုက်တယ်

O n e  M o r e  C h a n c e [ Completed ]Where stories live. Discover now