[ zawgyi ]
" မနက်က မားဖုန်းဆက်တယ် "
" မား? "
" အင်းး ဒီကိုခဏလာမလို့တဲ့
ပင်လယ်လေအေးအေးလေးကိုလွမ်းလို့တဲ့လေ "မားဖုန်းဆက်သည့်အချိန်တွေတော်တော်များများ ရိပေါ်နဲ့ပဲတိုးတာကြောင့် မားကိုတော့ရိပေါ့်အကြောင်းအထွေအထူးပြောပြစရာမလို၊ သည်လိုပဲ ရိပေါ်ကလည်း မားအကြောင်းကို ရှောင်းကျန့်ပြောပြသလောက်အကုန်နီးပါးသိထားတာကြောင့် အနေခက်စရာမလိုတော့။
" အခန်းရော အဆင်ပြေရဲ့လား? ကျွန်တော်ဧည့်ခန်းဘက်ထွက်အိပ်ရမလား "
" မဟုတ်တာ အပေါ်မှာအခန်းရှိပါသေးတယ် ရိပေါ်ရဲ့ "
တံခါးဝနားမှာ ဖိနပ်ထိုင်စီးနေသူက ခေါင်းတငြိမ့်ငြိမ့်လုပ်နေတာမြင်ရတော့ ချစ်စနိုးနဲ့နားရွက်ရဲရဲတစ်ဖက်ကိုအသာထိလိုက်တယ်။ ပြန်လည်မော့ကြည့်လာသူက သွားတွေစီနေအောင်ပြုံးပြလာတာမို့ ယောက်ျားလေးတန်မဲ့ ပါးနှစ်ဖက်အပြင် နားရွက်တွေကလည်းအပူတွေတိုးလို့
" ရှက်သွားတာလား? ဟမ် ရှက်တာလား ဟုတ်လား? အခုအဲ့ပုံစံကရှက်တဲ့ပုံစံလား "
အနည်းငယ်စောင်းကြည့်ရင်း လက်သီးဆုပ်ပြတော့ တဟားဟားအော်ရယ်ပြီးလူကိုလာဖက်ပါရော။ ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတဲ့ ဂျင်းဘောင်းဘီခပ်ပွပွနဲ့အတူ စွပ်ကျယ်အဖြူလွင်လွင်ပေါ်မှာထပ်ကာဝတ်ထားတဲ့အပြာနုရောင်ကော်လံရှပ်တစ်ထည်ကလည်း ရိပေါ့်ခန္ဓာကိုယ်နဲ့ကွက်တိ၊ သိပ်မကြာသေးခင်ကမှညှပ်ထားတဲ့ ပုံသွင်းထားတဲ့ဆံပင်ခပ်တိုတိုနဲ့အတူ မျက်ဆံပြာပြာလေးတွေကလည်းပနံသင့်လို့ရယ်... တကယ်ကိုဆုတောင်းကောင်းခဲ့တဲ့ကောင်လေးပဲ။
" ရိပေါ် "
" အင်းး "
" ကြည့်ကောင်းတယ် အရမ်း "
" အင်း သိတယ် "
" ဟားးး လိပ်ပဲ လိပ်တောင်မှ ဝမ်မျိုးရိုးလိပ်!
ဟား ဟားး "သဘောကျစွာ ခပ်ကျယ်ကျယ်အော်ရယ်မိတော့ မဆီမဆိုင်စွာပဲ ဂုတ်သားဖွေးဖွေးက နှုတ်ခမ်းတစ်စုံရဲ့ထိကပ်ခြင်းကိုခံရတယ်