∆9

5.7K 1K 56
                                    

[ zawgyi ]

ဘာရယ်မဟုတ်စိတ်တွေမြူးပြီးလန်းဆန်းနေတာကြောင့် မနက်မျက်စိနှစ်လုံးပွင့်ကတည်းကသီချင်းတွေညည်းနေမိတယ်

ရာသီဥတုသာယာတယ်
ပင်လယ်ကြီးကလည်းလှိုင်းတွေတဝုန်းဝုန်းနဲ့အသက်ဝင်နေဆဲပဲ

မီးဖိုချောင်ထဲဝင်တယ်... ကော်ဖီတစ်ခွက်ခပ်သွက်သွက်ဖျော်ပြီး ခေါင်မိုးထပ်ကိုပြေးတက်တော့ ဆားငံနံ့သင်းတဲ့လေထုက မျက်နှာပြင်ကိုခပ်ဖွဖွလာရိုက်တယ်။ ဝန်ခံခြင်းတွေပြီးမြောက်ပြီးချိန်မှာတော့ စိတ်အတွင်းကထိန်းချုပ်ထားသမျှအရာတစ်ချို့က မြူမှုန်တွေလိုပဲ လွင့်ပါးသွားသလိုပဲ

လက်တစ်ဖက်နှင့်တစ်ဖက် အသားတွေပင် ပွန်းပဲ့သွားအောင်ပွတ်သပ်ပြီး တုန်ယင်စွာပြောထွက်ခဲ့တဲ့စကားလုံးတွေကိုကြားပြီးနောက်မှာတော့ အပြာရောင်လေးက မှင်သက်စွာပဲ ရှောင်းကျန့်ကိုပြန်ကြည့်ခဲ့တယ်။ လက်ခံခြင်းမပြုသလို ငြင်းဆိုတဲ့စကားတစ်စုံတစ်ရာမပြောပါပဲ ငြိမ်သက်နေခဲ့တယ်

မပြတ်သားတဲ့ရိပေါ့်ကြောင့် ပျော်ရမလား ဝမ်းနည်းရမလားမသိပေမယ့် ရှောင်းကျန့်ကတော့အရူးလိုပဲပြုံးပြီးပျော်နေခဲ့တယ်
ငြင်းဆိုခြင်းမပြုတာနဲ့တင် သူ့အတွက်ကလုံလောက်နေခဲ့တယ်မဟုတ်လား?

ထိုနေ့ကပင်လယ်ပြင်ကြီးက ရှောင်းကျန့်မြင်ခဲ့သမျှတွေထဲ အလှဆုံးဖြစ်နေခဲ့တယ်

.

.

' ဒီနေ့က အိမ်ဌားမယ့်သူရောက်လာမှာပဲ '

တစ်ကိုယ်တည်းကြားရုံခပ်တိုးတိုးရေရွတ်ပြီး မနက်ခင်းအလှကိုတစ်ဝကြီးခံစားပစ်လိုက်တယ်။ ရုတ်တရက်သလိုပဲ အိမ်အောက်ထပ်ကခေါ်သံတချို့ကိုခပ်ရေးရေးကြားလိုက်ရတယ်

ရောက်လာပြီထင်တယ်

လှေကားထစ်တွေပေါ်ကပြေးဆင်းတဲ့အခါ နမော်နမဲ့နိုင်တဲ့ ရှောင်းကျန့်က အထစ်ချော်ပြီးပြုတ်ကျတယ်။ ခေါင်းရဲ့ညာဘက်ခြမ်းက နံရံနဲ့ရိုက်မိပြီးအီစိမ့်သွားတာကိုလည်း ဂရုမထားနိုင်ဘူး.. ခေါ်သံလာရတာတံခါးဝကိုသာသုတ်ခြေတင်ပြေးတယ်

O n e  M o r e  C h a n c e [ Completed ]Where stories live. Discover now