"ကိုကို ဒီနေ့နောက်ကျတယ်နော်"
Jung Kook အိမ်ပေါက်ဝကို ရောက်သည်နှင့် ဘယ်အချိန်တည်းက မျှော်နေမှန်းမသိသည့် ကလေးလေးဟာ သူ့လက်မောင်းကိုချိတ်ကာ ပြောလာတော့သည်။ ဒီကလေးလေးက ရင်းနှီးတဲ့လူတွေ အနားဆို သိပ်ကပ်တာပဲ။
"ကိုယ် ဘေဘီအတွက် ကိတ်ဝင်ဝယ်နေလို့ပါ။ ဘေဘီ မနေ့က စားချင်တယ်ဆိုတဲ့ စတော်ဘယ်ရီကိတ်လေ"
"ကိုကို အကောင်းဆုံးပဲ"
သဘောတကျနှင့်ရယ်ကာ ထမင်းစားပွဲစီကို သွားနေသည့် Jimin ကြောင့် Jung Kook မှာ ထမင်းစားပွဲဆီကို လိုက်ရတော့သည်။ သူရောက်လာတာကိုတွေ့တော့ မစ္စတာပတ်ခ်တို့စုံတွဲရယ်၊ Jin Hyung တို့စုံတွဲရယ်၊ Yoongi Hyung တို့စုံတွဲနဲ့ Hoseok Hyung က နှုတ်ဆက်လာတော့သည်။
"ဟိုပေါက်စအတွက် ဝယ်လာပေးပြန်ပြီလား။ Park Jimin မင်းဘာတွေ ထပ်ပူဆာထားတာလဲ"
Jung Kook လက်ထဲက အထုပ်ကိုမြင်သည်နှင့် Yoongi က ဆူလာတာကြောင့် Jimin နှုတ်ခမ်းဆူကာ TaeHyung ကို ကြည့်လိုက်တော့သည်။ သို့သော်
ဘောက်ကျဲကြီး Kim TaeHyung ကတော့ မသိချင်ယောင်ဆောင်နေသည်။"ဘေဘီပူဆာတာမဟုတ်ပါဘူး။ ကျွန်တော်က စားစေချင်လို့ ကိတ်ဝယ်လာပေးတာပါ"
ပထမတစ်ခါ လူကြီးတွေရှေ့မှာ လေးစားသမှုနှင့် "ဘေဘီ" ဟုမခေါ်ပဲ "Jimin" ဟု ပြောင်းသုံးလိုက်တော့ စိတ်ကောက်သွားသည့် Jimin ကြောင့် Jung Kook မှာ အခေါ်အဝေါ်ကို ထပ်မပြောင်းရဲတော့ပေ။ လူကြီးတွေမှာတော့ Jung Kook ကို အားနာကြောင်းပြောလာပေမယ့် Jung Kook က Jimin အခုလိုသူ့ကို တွယ်ကပ်ကာဆိုးလေ သဘောကျလေဖြစ်သည်။
"မင်းက တအားအလိုလိုက်လွန်နေပြီ Jung Kook။ ဒီပေါက်စက ငါ့ကိုကြောက်လို့သာ ငြိမ်နေတာ။ မဟုတ်ရင် ဆိုးချင်နေတာ"
"Yoongi Hyung က သားကိုဆို အမြဲအဲ့လိုပဲ။ သားဒီလောက် လိမ္မာနေတာကို။ မေမေ Yoongi Hyung ကို မဆူတော့ဘူးလား"
Jimin Jung Kook နဲ့တူတူ ထိုင်ခုံမှာဝင်ထိုင်းရင်းနှင့် အမေဖြစ်သူကို နှုတ်ခမ်းဆူကာ တိုင်တောနေတော့သည်။ အားလုံးဟာ ထိုအခြေအနေကို ပုံမှန်ဖြစ်နေသယောင် ပြုံးရယ်နေကြတော့သည်။
![](https://img.wattpad.com/cover/215844198-288-k100511.jpg)
YOU ARE READING
FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||