《 2 》

11.6K 915 100
                                    

Kim Nam Joon + Park Seok Jin

        《 Happy Wedding Day

ကြီးကျယ်ခမ်နားစွာ ခင်းကျင်းပြသထားသည့် ဆိုင်းဘုတ်ကြီးနှင့်အတူ မင်္ဂလာပွဲဟာလည်း သိပ်ကိုကြီးကျယ်ခမ်းနားနေတော့သည်။ Park အိမ်တော်ရော၊ ပထမ Kim အိမ်တော်ကရော အင်အားကြီးသည့် အိမ်တော်တွေ မဟုတ်ပေလား။ အင်အားကြီးအုပ်စု နှစ်ခုရဲ့ပူပေါင်း မင်္ဂလာပွဲဟာ ဒီလောက်ကြီးကျယ်ခမ်းနားနေတာက သာမန်ဖြစ်သည်ပင်။

စီးပွားရေးလုပ်ငန်းရှင် တစ်ချို့ဟာလဲ ဒီမင်္ဂလာပွဲကနေ အကျိုးအမြတ်တွေ ရယူဖို့ စဉ်းစားထားကြတော့သည်။ Park အိမ်တော်နဲ့ မဟုတ်ရင်တောင် ပထမ Kim အိမ်တော်နဲ့ ပူးပေါင်းခွင့်သာ ရခဲ့မယ်ဆိုရင် သူတို့ဘဝကြီးဟာ ချက်ချင်း ရွှေဇွန်းကိုက်ရတော့မှာပင်။

အဖြူရောင်တွေနှင့် လှပစွာအလှဆင်ထားသည့် မင်္ဂလာပွဲဟာ အထက်တန်းဆန်သလို ဧည့်ခံပေးသည့် စားပွဲထိုးတွေကအစ သန့်ပြန့်ကာ ကြည့်ကောင်းနေတော့သည်။ မစ္စတာပတ်ခ်တို့ စုံတွဲရယ်၊ မစ္စတာကင်(မ်)တို့ စုံတွဲတို့က စီးပွားရေးလုပ်ငန်းရှင် အချို့နှင့် စကားပြောနေပေမယ့် ကလေးတွေကတော့ မင်္ဂလာဆောင်ရတော့မည့် သူတို့သားရဲ့အခန်းထဲမှာ ဂယက်သွားထနေတော့သည်။

"Hyung တို့ ဓာတ်ပုံရိုက်ကြရအောင်လေ။ ကျွန်တော်တို့ လေးယောက် ဓာတ်ပုံမရိုက်ရတာကြာပြီ"

အငယ်ဆုံးလေးက ပြောလာတာကြောင့် အစ်ကိုဖြစ်သူတွေမှာ ဓာတ်ပုံရိုက်ပေးရတော့သည်။ Kim TaeHyung ကတော့ ဓာတ်ပုံဆရာပင်။ ထို့နောက် Park Jimin တစ်ယောက် TaeHyung နှင့် Yoongi ကို အရောက်ပို့ကာ ဓာတ်ပုံတူတူ ရိုက်ခိုင်းတော့သည်။

"Yoongi Hyung TaeHyung နားကို ကပ်အုံးလေ။ အဲ့လောက်ကြီး ဝေးနေရင် ဓာတ်ပုံထဲမှာ လှမှာမဟုတ်ဘူး"

Yoongi မှာ ခေါင်းတငြိမ့်ငြိမ့်နှင့် TaeHyung အနားတိုးလိုက်တော့ မသိမသာနှင့်ပင် TaeHyung ရင်ခွင်ထဲကို ရောက်သွားရတော့သည်။ TaeHyung မှာတော့ မှိုရထားသည့်မျက်နှာကြီးနှင့် ပြုံးဖြီးနေကာ မြားနတ်မောင်လေး Jimin ကို ကျေးဇူးတင်နေမိတော့သည်။

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now