"သားငယ် ဒီနေ့သတင်းစာရှင်းလင်းပွဲကို အဖေတို့နဲ့အတူ လိုက်ခဲ့လိုက်။ သားငယ်ကိုကိုကတော့ ကြိုရောက်နှင့်နေပြီ"
မစ္စတာပတ်ခ်ရဲ့စကားကြောင့် Jimin တက္ကသိုလ်မသွားပဲနှင့် သတင်းစာရှင်းလင်းပွဲကို လိုက်သွားလိုက်သည်။ သိပ်မကြာခင်မှာ Jung Kook နဲ့ သူရဲ့လက်ထက်ပွဲကို စီစဉ်ကြတော့မှာမို့လို့ ယခုတက်ရောက်မည့် သတင်းစာရှင်းလင်းပွဲမှာ လက်ထက်ပွဲအကြောင်းကို ကြေညာပြီးတော့ ပတ်ခ်အုပ်စုရဲ့ အငယ်ဆုံးသားလေးအနေနဲ့ သူ့ကိုပွဲထုတ်ကြတော့မှာဖြစ်သည်။
"သားငယ် စိတ်လှုပ်ရှားနေလား"
"ဟုတ် မေမေ"
မီဒီယာတွေနဲ့ မရင်းနှီးသေးတဲ့လူမို့လို့ Jimin မစ္စပတ်ခ်ရဲ့ ရင်ခွင်ထဲဝင်ခွေကာ စိတ်ငြိမ်အောင်လုပ်နေတော့သည်။ မစ္စပတ်ခ်က သူ့ခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးနေတော့သည်။
သတင်းစာရှင်းလင်းပွဲ လုပ်မည့်နေရာကိုရောက်တော့ Jung Kook က အသင့်ထွက်စောင့်နေသည်။"ကိုကို"
Jung Kook ကိုတွေ့သည်နှင့် အမေဖြစ်သူနားကနေ Jung Kook အနားကို Jimin ပြေးသွားလိုက်မိသည်။ မစ္စတာပတ်ခ်တို့ နှစ်ယောက်ကတော့ သူတို့သားငယ်လေးကို ရယ်ပြီးကြည့်နေသည်။
"ဘေဘီ အများကြီး စိတ်ပူနေတာလား"
"ဟီး ကိုကို့ကို တွေ့လိုက်ရတော့ စိတ်ပူတာလျှော့သွားပြီ"
"အတတ်ကလေးကွာ"
Jung Kook နှင့်နည်းတူ အမဲရောင်ဝတ်စုံပြည့်ကို ဝတ်ထားမို့လို့ မြင်နေကြနှင့် ကွဲထွက်နေပေမယ့် အရင်လိုပဲ ချစ်စရာကောင်းနေသည့် Jimin ရဲ့ ဆံပင်လေးကို ခပ်ဖွဖွပွတ်ပေးကာ ပြောတော့ Jung Kook ရင်ခွင်ထဲမှာ ကပ်ချွဲလာတော့သည်။
"သားငယ် အချွဲလေး အင်တာဗျူးဖြေရအုံးမှာနော်။ သူ့ကိုကို့ကို ချွဲနေတာနဲ့တင် မေ့နေပြီလား"
"မေမေကလည်း သားမမေ့ပါဘူးနော်"
နှုတ်ခမ်းလေးဆူကာ ပြောလာသည့် Jimin ကြောင့် အကုန်လုံးမှာ အသည်းတယားယားပင်။ ထို့နောက် မစ္စတာပတ်ခ်နှင့် မစ္စပတ်ခ်က လက်တွဲကာ ဝင်သွားသည်မို့လို့ Jimin နဲ့ Jung Kook လည်း လက်တွဲကာ အနောက်ကနေ လိုက်ဝင်သွားသည်။
YOU ARE READING
FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||