《 4 》

9.6K 850 69
                                    

"Yoongi Hyung ကျွန်တော် ဘေဘီကို အိမ်ခေါ်သွားချင်လို့။ အမေတို့ကို မတွေ့တာနဲ့ Yoongi Hyung ဆီမှာ လာခွင့်တောင်းတာပါ"

"အမေတို့က အလုပ်မှာ သွားစစ်ဆေးနေလို့ အိမ်မှာမရှိနေတာ။ ပေါက်စကို ခေါ်ချင်တယ်ဆိုရင် ခေါ်သွားလေ။ ငါအမေတို့ ပြန်ရောက်ရင် ပြောပြထားလိုက်မယ်။ ဒါပေမယ့် ညစာအမှီတော့ ပေါက်စကို အိမ်ပြန်လာပို့ပေး
Jung Kook။ ပေါက်စ ညစာစားပွဲမှာမရှိနေရင် ဒီအိမ်ကသိတဲ့အတိုင်း ပစိပစပ်များလွန်းတယ်"

"ဟုတ်ကဲ့ Yoongi Hyung။ ကျွန်တော် ညစာအမှီ ဘေဘီ့ကို ပြန်လာပို့ပေးပါ့မယ်"

Jung Kook စကားကို Yoongi က ခေါင်းငြိမ့်ပြတာကြောင့် Jung Kook နှုတ်ဆက်ကာ Jimin ကို သွားခေါ်ရတော့သည်။ Yoongi Jimin ကို စိတ်မချတာမှန်ပေမယ့် Jung Kook နဲ့ဆိုရင်တော့ အဲ့လောက်ကြီး စိတ်မပူပန်နေပေ။ Jung Kook အကြောင်းကိုလဲ ကောင်းကောင်းသိနေတဲ့အပြင် Jimin အပေါ်ထားသည့် စိတ်သဘောထားဟာလဲ ဘေးကသူတို့ကိုတောင် စိတ်ချစေမိသည့်အထိပင်။

တကယ်ဆို Jimin ကို ဒီလိုအပြင်ခေါ်သွားမည့်ကိစ္စက ခွင့်တောင်းနေစရာမလိုပေ။ သိပ်မကြာခင်မှာ လက်ထပ်ရမယ့်လူတွေဖြစ်တဲ့အပြင် နှစ်ယောက်လုံးက အသက်ပြည့်ပြီးသား လူငယ်တွေ မဟုတ်ပေလား။ Jung Kook သာ စိတ်ရှိမယ်ဆိုရင် အလွန်ကျူးဆုံးအဆင့်ထိကိုတောင် သွားလို့ရနေသည်လေ။ သို့သော် Jung Kook က Jimin ကို အလေးထားပေးသည်။ အခုချိန်ထိ "ဘေဘီ"ဆိုသည့် အသုံးအနှုန်းနှင့် တစ်ခါတစ်ရံ နဖူးလေးကိုနမ်းရှိုက်ခြင်းကလွဲ၍ မည်သည့်အခွင့်အရေးကိုမှ မယူခဲ့ပါချေ။ Jimin စိတ်ဆန္ဒကိုသာ အရေးပေးထားသလို မိသားစုဝင်တွေထပ်တောင် Jimin ကို မျက်နှာတစ်ချက် အပျက်ခံသူမဟုတ်ပေ။

"အငယ်လေးကိုတော့ မင်းနဲ့ပဲ စိတ်ချချင်တယ် Jeon Jung Kook။ မင်းကိုယုံကြည်ထားတာမို့လို့ ငါယုံကြည်ချက်တွေကို မရိုက်ချိုးဘူးလို့ မျှော်လင့်ပါတယ်"

Jimin ရဲ့ ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးကာ Jimin မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေပေးနေသည့် Jung Kook ကို ကြည့်ရင်းနှင့် Yoongi ခပ်တိုးတိုး ရေရွတ်နေမိသည်။

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now