《 17 》

5.2K 433 54
                                    

"ကိုကိုရေ"

"ကိုကို မီးဖိုခန်းထဲမှာ အချစ်ကလေး"

မနေ့ညက ပန်ကိတ်စားချင်တယ်ဆိုပြီး ပူဆာထားသည့် Jimin ကြောင့် Jung Kook မနက်စောစောထကာ ပန်ကိတ်လုပ်နေပေမယ့် သူ့ရဲ့ပါးဖောင်းလေးက အိပ်ယာနိုးနိုးချင်း လိုက်ရှာနေပုံပင်။

"ကိုကို သားကို ပြစ်ထားသွားတာ။ ဘာလုပ်နေတာလဲ"

မီးဖိုချောင်ထဲရောက်လာပြီး သူ့နောက်ကျောကနေ ဖက်ကာ စိတ်ကောက်နေသည့် ပါးဖောင်းလေးကြောင့် Jung Kook ပြုံးမိသည်။

"ဘေဘီ စားချင်တယ်ဆိုတဲ့ ပန်ကိတ်လုပ်နေတာပါဗျာ။ ကိုကိုက ပြစ်ထားသွားတာ မဟုတ်ပါဘူး"

"ကိုကိုနော် အများကြီး ချစ်ဖို့ကောင်းနေလို့ စိတ်ဆိုးပြေပေးလိုက်မယ်သိလား"

"ကျေးဇူးပါဗျာ ကိုကို့အချစ်ကလေး။ မျက်နှာသစ်ပြီးပြီလား"

"ဟုတ် ကိုကို။ သား ရေချိုးခန်းမှာ ကိုကိုပြင်ပေးထားတာတွေ့လို့ သန့်ရှင်းရေးလုပ်ခဲ့တယ်"

"လိမ္မာ‌လိုက်တာဗျာ။ ခဏနေကြမှ အများကြီး နမ်းပြစ်အုံးမယ်"

Jung Kook ပန်ကိတ်တွေကို ပန်းကန်ထဲ ပြောင်းထည့်ပြီးတဲ့အထိ နောက်ကျောမှာ ကပ်နေသည့် ပါးဖောင်းလေးအား တကယ်ကို အူယားနေပြီပင်။

"အချစ်ကလေး ကိုကို့ မျက်လုံးရှေ့ကို လာခဲ့ပါအုံး"

"ဟုတ် ကိုကို"

ထိုအခါ သူ့အရှေ့ရောက်လာကာ သူနှင့်ဆင်တူ ညဝတ်အကျီ အနက်ရောင်လေးနှင့် လှပနေသည့် Jimin ဟာ မျက်လုံးလေးတွေ ပိတ်သွားသည့်အထိ ရယ်ပြလာသည်။ မနေနိုင်သည့်သူ့မှာ နှုတ်ခမ်ဖူးဖူးလေးကို နမ်းရှိုက်မိတော့သည်။ ကိုယ်သင်းနံ့မွှေးမွှေးလေးကြောင့် သူ့မှာရူးရချည်ရဲ့။

"ကိုကို အင့် သားကိုက်ချင်လို့"

နမ်းနေရင်း သူ့ကိုတွန်းကာ ချွဲလာသည့် ပါးဖောင်းလေးကြောင့် Jung Kook ပြုံးမိသွားသည်။ တကယ်ကို ချစ်စရာလေး။

"ဘယ်နားကို ကိုက်ချင်လို့လဲ အချစ်ကလေး"

"လည်ပင်းကို ညနေကျ ပွဲတက်ရမှာလေ။ သား ကိုကို့ ကို စိတ်မချလို့"

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now