"ဒီဇိုင်းအဖွဲ့ A က တင်ပြချက်ပါ CEO Jeon"
Jung Kook အတွင်းရေးမှူးဖြစ်သူ ပေးလာသည့် ဖိုင်တွဲကို စစ်ဆေးလိုက်တော့သည်။ ဒီနေ့အရေးကြီးကိစ္စ ဆွေးနွေးစရာရှိတာမို့လို့ သူ့ကလေးလေး မျက်နှာကိုတောင် သွားကြည့်ဖို့အချိန်မရခဲ့ပေ။ မနေ့ညက ချော့ခဲ့တယ်ဆိုပေမယ့် ထမင်းဝိုင်းမှာ Jimin တစ်ယောက် နှုတ်ခမ်းလေးဆူထားမှာကို စိုးရိမ်မိပါသည်။
အဖွဲ့တစ်ခုချင်းစီက တင်ပြချက်တွေကို စစ်ဆေးပြီးနောက် သူတို့နောက်ပိုင်းမှာ စလုပ်တော့မည့် စီမံကိန်းအတွက် တာဝန်တွေကို ခွဲခြားပေးလိုက်ကာ ရှယ်ယာရှင်တွေနဲ့ သေချာဆွေးနွေးပြီးမှ အစည်းအဝေးကို အဆုံးသတ်လိုက်တော့သည်။ နိုင်ငံခြားက ရှယ်ယာရှင်တွေပါ ပါဝင်နေတာမို့လို့ Jung Kook မှာ အသေးစိတ်စီစဉ်ထားရသည်။
Jung Kook သူ့ရုံးခန်းထဲပြန်နေစဉ်မှာပဲ သူ့ရဲ့တစ်ဦးတည်းသော ကလေးလေးကို ဖုန်းခေါ်လိုက်တော့သည်။ သူ့ဖုန်းကိုချပြစ်နေသည့် ကလေးလေးက မနေ့ညက ချော့ထားတာတောင် စိတ်ဆိုးမပြေသေးပုံပင်။ သို့သော် လက်လျှော့တတ်တဲ့လူမဟုတ်သည့် Jung Kook ကြောင့် နောက်ဆုံးမှာ အသံစူးစူးလေးနှင့် ဖုန်းပြန်ဖြေလာတာ့သည်။
"ဘေဘီ စိတ်ဆိုးနေတုန်းလား"
"မဟုတ် အင့် ကျွန်တော်က ညတည်းက စိတ်ဆိုးပြေနေပေမယ့် မနက်ကျ ကိုကို့ကို ထမင်းစားပွဲမှာ မတွေ့ရတော့ ပြန်စိတ်ဆိုးမိသွားတာ။ နောက်ပြီး ကိုကိုက အခုလိုဖုန်းခေါ်ပြီး ထပ်ချော့ဖို့လုပ်နေတော့ ကျွန်တော်က ပိုဆိုးချင်တာပေါ့"
နှုတ်ခမ်းလေးတဆူဆူနှင့် ရှင်းပြနေသည့် Jimin ရဲ့ ပုံစံလေးကို မြင်ယောင်မိတာမို့ Jung Kook ပြုံးမိသွားသည်။
"ကိုယ် အရေးကြီးကိစ္စ ဆွေးနွေးစရာရှိနေလို့ပါ ဘေဘီရယ်။ နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူးကွာ။ ဟုတ်ပြီလား။ ကိုယ့်ရဲ့ဘေဘီလေး"
"ဟီး ဟုတ်ဟုတ် ကိုကို"
"ဘာစားချင်လဲ ဘေဘီ။ ကိုယ်ညနေ အိမ်ဝင်ခဲ့မယ်လေ"
YOU ARE READING
FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||