"ဘေဘီ ထတော့လေ။ အတန်းတက်ရအုံးမယ် မဟုတ်လား"
သူ့အားခပ်ဖွဖွ လှုပ်နှိုးနေသည့် အသံကြောင့် Jimin မျက်လုံးလေးတွေ ပွင့်လာကာ Jung Kook ရဲ့ ချောမောသည့် မျက်နှာလေးကို မြင်လိုက်ရသည်။
"ဟင်...ကိုကို"
အသံခပ်အက်အက်လေးနှင့် သူ့ကိုခေါ်လာသည့် Jimin ကြောင့် Jung Kook ပြုံးမိသည်။ ဒီမနက် သူစောစောရောက်လာတာမို့လို့ သူ့ပါးဖောင်းလေးက အိပ်ယာက မနိုးသေးပါချေ။ ထို့ကြောင့် မိဘတွေကို ခွင့်တောင်းကာ ပါးဖောင်းလေးကို လာနှိုးတာပင်။
"ကိုယ့်ရဲ့အချစ်ကလေး ထတော့လေ။ မနက်အတန်းရှိတယ် မဟုတ်လား"
"ကိုကို အစောကြီးပဲ ရှိသေးတယ်လေ။ သားအိပ်ချင်သေးတယ်"
Jung Kook ပေါင်ပေါ် ခေါင်းအုံးရင်းနှင့် ကပ်ချွဲလာသည့် Jimin ဟာ တကယ်ပင် ထပ်အိပ်ချင်သေးပုံပင်။ နောက်မကျသေးပေမယ့် ပြန်အိပ်တော့မည့် ပါးဖောင်းလေးကို သူစနောက်ချင်သေးသည်။
"အတန်းပြေးမလို့လား ကိုယ့်အချစ်ကလေး"
"ဟင့်အင်း ကိုကိုနဲ့ ကြာကြာနေချင်လို့"
"ဟောဗျာ...ကိုယ့်အချစ်ကလေးက စကားတတ်လိုက်တာကွာ။ စကားတတ်လွန်းတဲ့ ဘေဘီလေးကို ကိုယ် နမ်းရပါစေအုံး"
"ဟီးဟီး ကိုကို ယားတယ်လေဗျာ။ သား အိပ်ချင်သေးတယ်လေ။ ကိုကို ဟီး ယားတယ်လို့"
Jung Kook က မျက်နှာနုနုလေးကို နေရာမလပ်အောင် လိုက်နမ်းနေတာမို့လို့ Jimin ဆီကနေ ရယ်သံလေးတွေ ထွက်လာသည်။
"ကိုယ် အများကြီး ထပ်နမ်းချင်သေးတာမို့လို့ ထတော့နော် အချစ်ကလေး။ မဟုတ်ရင် ကိုယ့်အချစ်ကလေး အိပ်နေတာကို နှောင့်ယှက်ရလိမ့်မယ်"
"ကိုကိုက လူဆိုးကြီး"
နှုတ်ခမ်းလေးဆူကာ ပြောလာသည့် Jimin ဟာ ချစ်စရာအတိပင်။ သူတို့နှစ်ယောက် လက်ထက်ပြီးသွားရင် ဒီမျက်နှာလှလှလေးကို မနက်နိုးတိုင်းမြင်ရသည်က သူ့တစ်နေ့တာအတွက် ကံကောင်းခြင်းတွေကို ဆောင်မပေးလိမ့်မည်ဟု Jung Kook ယူဆမိသည်။
"ဒီလူဆိုးကြီးကို ချစ်တယ်မဟုတ်လား။ ချစ်ရင် အလိုလိုက်ပါကွာနော်"
YOU ARE READING
FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||