《 11 》

8K 613 103
                                    

သူ့အနားက ပျောက်ကွယ်သွားသည့် အနွေးဓာတ်လေးကြောင့် Yoongi အိပ်ယာနိုးလာသည်။ TaeHyung ကို လိုက်ရှာကြည့်တော့ ဝရန်တာမှာ ဖုန်းပြောနေသည်ပင်။ ရာသီဥတုက ဆောင်းတွင်းဘက်ကို ရောက်နေတာမို့လို့ အေးစိမ့်စိမ့်ဖြစ်နေသည်။ ထို့ကြောင့် Yoongi ပြန်အိပ်လို့မရတော့ပဲ TaeHyung ကို လှမ်းပြီးငေးကြည့်နေလိုက်သည်။

ဖုန်းပြောနေသည့် TaeHyung က သူနှင့်ဆင်တူ ညအိပ်ဝတ်စုံ အညိုရောင်လေးကို ဝတ်ထားတာတောင်မှ ယောကျာ်းဆန်ကာ ကြည့်ကောင်းနေသည်။ ဖုန်းပြောနေသည့် မျက်နှာအနေအထားက တည်ကြည်လွန်းတာကြောင့် အမြဲတမ်း သူ့အနားမှာ ကပ်ချွဲနေသည့် ထယ်ပေါက်စနှင့် မသက်ဆိုင်သည့်အလားပင်။

"အကို နိုးနေတာလား။ ကျွန်တော့်ကို လှမ်းခေါ်လိုက်တာ မဟုတ်ဘူးဗျာ။ အခုတော့ အေးနေပြီမလား အကိုရယ်"

ဖုန်းပြောပြီးလို့ အထဲပြန်ဝင်လာသည်နှင့် Yoongi နိုးနေတာကိုတွေ့တော့ စိုးရိမ်ကာ မေးခွန်းတွေ ဆက်တိုက်မေးလာသည့် TaeHyung ပင်။ အိပ်ရတာကိုခုံမင်သည့် Yoongi က ဒီလိုစောစောနိုးသည့် အကြောင်းပြချက်က ခပ်ရှားရှားရယ်။ သူ့အနားမှာ TaeHyung မရှိတော့လို့ မဟုတ်ရင် ခန္ဓာကိုယ်က နေထိုင်မကောင်းဖြစ်လာသည်မို့ TaeHyung ကို ကပ်ချွဲချင်လို့ပင်။

"အွန်း ကိုယ်နည်းနည်းအေးနေပြီ ထယ်။ ပြီးတော့ ပြန်လဲအိပ်ချင်သေးတယ်"

"ကျွန်တော် ပြန်ဖက်ထားပေးပါ့မယ်ဗျာ။ အိပ်တော့နော် အကို"

TaeHyung အိပ်ယာပေါ် ပြန်လဲကာ Yoongi ကို ရင်ခွင်ထဲသွင်းပြီး ချော့သိပ်လိုက်သည်။ ခဏအကြာမှာ အသက်ရှူမှန်မှန်လေးနှင့် အိပ်ပျော်သွားသည့် Yoongi နဖူးကို နမ်းကာ သူပါပြန်လိုက်အိပ်သည်။ အိမ်ထောင်သည်ဘဝက သိပ်ကိုကောင်းသည်ပင်။ မနက်နိုးတိုင်း မြတ်နိုးရသည့်လူသားလေးကို မြင်တွေ့ခွင့်ရသလို ညဘက်အိပ်တိုင်းလည်း မြတ်နိုးရသည့် လူသားလေးကို ထွေးပွေ့ခွင့်ရသည်ပင်။

*ကျွန်တော့်ဘဝမှာ အကို့ကို ပိုင်ဆိုင်ခွင့်ရခဲ့တာက အကြီးမားဆုံး ကံကောင်းမှုပါပဲဗျာ*

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now