《 6 》

9K 797 107
                                    

"သားငယ်လေး အဖေ့ကို ကျောင်းကနေ အကြောင်းကြားလာတယ်။ သားငယ် မာစတာဘွဲ့ကို ယူချင်လားတဲ့"

မနက်စာ စားပြီးနောက် ဧည့်ခန်းထဲမှာ အကုန်လုံးတူတူ ထိုင်နေကြတုန်း မေးမြန်းလာသည့် အဖေဖြစ်သူရဲ့အမေးကြောင့် Jimin မှာပြန်ဖြေရတော့သည်။ ကျန်သည့်လူတွေက Jimin ရဲ့ အဖြေကို စောင့်နေကြတော့သည်။

"သားမာစတာဘွဲ့ ဆက်တက်ချင်တယ် ဖေဖေ။ မာစတာဘွဲ့ယူပြီးမှ သားအလုပ်လုပ်ချင်တယ်"

"ကောင်းပါပြီ။ Jung Kook သားကရော သားငယ်ရဲ့ကျောင်းကိစ္စကို ဘာပြောချင်သေးလဲ။ နောက်ကျရင် သားငယ်ရဲ့ အုပ်ထိန်းသူ ဖြစ်လာတော့မှာလေ။ အဲ့တော့ သားစိတ်ထဲမှာရှိတာကို ပြောကြည့်လေ"

Jimin ဘေးနားမှာ ထိုင်နေသည့် Jung Kook ရဲ့ သဘောထားကိုပါ မေးမြန်းလာသည့် မစ္စတာပတ်ခ်ဟာ လူငယ်တွေရဲ့ စိတ်ခံစားချက်ကို အလေးထားသည့် လူကြီးလူကောင်းမှန်း သိသာပါသည်။

"ဘေဘီဖြစ်ချင်တာမှန်သမျှကို ကျွန်တော် အနောက်ကနေ ပံ့ပိုးပေးမှာပါ။ မိဘက ပိုက်ဆံရှိလို့ ဘာအလုပ်မှမလုပ်ပဲနဲ့ အိမ်မှာပဲနေပြီး ဖျက်ဆီးနေတဲ့ သူေဋ္ဌးသားပုံစံလိုမျိုး ဘေဘီကို ကျွန်တော် မနေစေချင်သလို ဘေဘီလဲ မနေချင်လောက်ပါဘူး။ နောက်ပြီးတော့ ဘေဘီကို ပြင်ပလောကကြီးအကြောင်းလဲ စူးစမ်းစေချင်တာမို့လို့ ကျွန်တော့်မှာ ဘေဘီသဘောထားကို ကန့်ကွက်စရာမရှိပါဘူး"

Jung Kook အပြောကို အကုန်လုံးက သဘောပေါက်သလိုနှင့် ခေါင်းငြိမ့်ကြသလို Jimin ကလဲ သူပဲလုပ်ချင်လုပ်ချင် ပံ့ပိုးပေးမည့် Jung Kook ရဲ့ စိတ်ကြောင့် ပြုံးမိသွားသည်။

"ဒီလိုဆိုရင် အဖေကျောင်းကို မာစတာဘွဲ့ဆက်ယူမယ့်အကြောင်း အကြောင်းကြားထားလိုက်မယ်။ လိုအပ်တာတွေကို သားငယ်ဘာသာ ဝယ်လို့အဆင်ပြေတယ်မလား"

"ဟုတ် သားအဆင်ပြေပါတယ်"

"TaeHyungie ရော သားငယ်နဲ့အတူ မာစတာဘွဲ့ဆက်ယူချင်သေးလား"

မစ္စပတ်ခ်က ငယ်ငယ်တည်းက ကျောင်းမှာ Jimin နဲ့ တပူးပူးတတွဲတွဲရှိခဲ့ကြသည့် TaeHyung ကို မေးတော့ TaeHyung က Yoongi ဘက်ကို လှည့်ကြည့်လာသည်။ Yoongi က ဘာမှမပြောပဲ ခေါင်းသာငြိမ့်ပြလာသည်။

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Where stories live. Discover now