ဒီနေ့ Jimin ရဲ့ ဘွဲ့ယူအခမ်းအနားပင်။ မနက်ကတင် အရေးကြီးကိစ္စရှိတာမို့လို့ ဘွဲ့ယူအခမ်းအနားကို မလာနိုင်တော့ဘူးဆိုသည့် Jung Kook ကြောင့် Jimin စိတ်ကောက်ကာ တစ်ယောက်တည်း တက္ကသိုလ်ကို ထွက်လာခဲ့တာပင်။ တစ်မိသားစုလုံးရောက်နေတဲ့အချိန် ယုတ်စွအဆုံး မစ္စတာဂျွန်တို့လာတဲ့အချိန်မှာတောင် မရောက်လာသည့် Jung Kook ကြောင့် Jimin မျက်နှာဟာ ပြိုတော့မည့် မိုးလိုဖြစ်နေသည်။
"ငယ်လေး စိတ်မကောင်းဖြစ်နေတာလား"
Hobi ရဲ့စကားကြောင့် Jimin မငိုမိအောင် မနည်းထိန်းနေရသည်။
"ကိုကိုက သားကိုမချစ်တော့တာလား။
သားထက် ဘာကိစ္စက အရေးကြီးနေလို့လဲ"ငိုမဲ့မဲ့လေးနဲ့ ပြောလာသည့် Jimin ကြောင့် တစ်မိသားစုလုံးက မျက်နှာမကောင်းပေ။ အတတ်ဆန်းချင်သည့် Jung Kook ကို မနိုင်လို့သာ သူတို့လွှတ်ထားရတာ သူတို့ရဲ့အငယ်ဆုံးလေး ငိုမဲ့မဲ့လေးဖြစ်နေတော့ သူတို့မှာ စိတ်မကောင်းပေ။
"ပေါက်စ မင်းအမျိုးသားက ဂျွန်လုပ်ငန်းစုတစ်ခုလုံးကို ထိန်းချုပ်နေရတာလေ။ ဟိုနေ့ကတောင် သူ့လက်အောက်က ကုမ္ပဏီမှာ အချက်အလက်တွေ အဖောက်ခံရတာဆိုတော့ သူလည်းတကယ်မအားလို့ဖြစ်မှာပါ။ စိတ်မကောင်းမဖြစ်နေပါနဲ့"
"ဟင့် ကိုကိုက သားကို အဲ့ကိစ္စတောင်မပြောပြဘူး"
"မငိုပါနဲ့ အသေးလေးရာ။ Jung Kook က မင်းကို စိတ်မညစ်စေချင်လို့ မပြောပြတာလေကွာ။ အချိန်လည်းနီးနေပြီ။ သွားရအောင်နော်"
TaeHyung နဲ့ Yoongi ရဲ့ ချော့မော့မှုကြောင့် မျက်ရည်မကျလာစေရန် မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခပ်လုပ်ကာ အနောက်ကနေ လိုက်သွားသော်လည်း Jimin တကယ်ကို ဝမ်းနည်းနေတာပင်။
*ကိုကို့ ကို သားအနားမှာ ရှိစေချင်တာကို*
ခန်းမထဲရောက်တော့ သတ်မှတ်ထားသည့် နေရာမှာထိုင်နေသော်လည်း စိတ်လွင့်နေတဲ့ လူတစ်ယောက်လိုဖြစ်နေသည့် Jimin က သူ့အနားမှာ မိဘတွေပဲကျန်ခဲ့ပြီး ကျန်တဲ့ခြောက်ယောက်လုံး ပျောက်သွားတာကို သတိမထားမိပါပေ။ အခမ်းအနားကြေညာသူက ပြောနေတာတွေကို ကြားတစ်ချက်၊ မကြားတစ်ချက်နဲ့ Jimin တစ်ယောက် ဘာကိုမှ အာရုံမစိုက်နိုင်ပေ။
YOU ARE READING
FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||