"ပါးပါး...ပါးပါး!"
Jimin တောင်ကုန်းတစ်ခုအပေါ်မှာရှိသည့် ချယ်ရီပင်ကြီးအောက်တွင် ရောက်နေတာပင်။ ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်က သူ့အား ပါးပါးလို့ခေါ်လာတာကြောင့် လှည့်ကြည့်လိုက်သည့်အခါ အံ့ဩသွားသည်။ Jung Kook ငယ်ငယ်တုန်းက ပုံစံနှင့် တစ်ပုံစံတည်းပင်။ သို့သော် ထိုကောင်လေးကို ကြည့်ရင်း သူ့သွေးသားလို့ခံစားရကာ ဗိုက်လေးကို စမ်းမိသည်။ သူ့နဲ့နီးလာလေလေ ထိုကလေးလေးက သူ့သွေးသားလို့ ထင်လာမိလေလေပင်။
"ပါးပါးက သားကိုမလိုချင်လို့လား"
"ဟင် မဟုတ်...အင့် မဟုတ်ပါဘူး သားလေးရယ်"
Jimin ထိုကောင်လေးကို ရင်ခွင်ထဲထည့်ဖက်ကာ ငိုမိသည်။ သူ့ပေါ့ဆမှုကြောင့် ဒီကလေးလေးကို ဆုံးရှုံးလိုက်ရတာ။ အခုတော့ ကလေးလေးက သူ့ကိုမလိုချင်ဘူးလို့ ထင်သွားခဲ့ပြီ။ ရင်တွေနာလိုက်တာ ကလေးလေးရယ်။
"ပါးပါး အသုံးမကျလို့ပါ ကလေးလေးရယ်။ မလိုချင်ခဲ့တာမဟုတ်ပါဘူး။ မကာကွယ်ပေးနိုင်ခဲ့တာပါ ကလေးလေးရယ်။ ပါးပါး တောင်းပန်ပါတယ်နော််"
"သားကိုပြန်ခေါ်ပါလားဟင်။ သားပါးပါးဆီမှာပဲ နေချင်တယ်"
"သားငယ်ကိုသာ ပြန်ခေါ်လို့ရမယ်ဆိုရင် ပါးပါး ဘာပဲပေးဆပ်ရပါစေ။ ပါးပါး ပေးပါ့မယ်"
"မငိုပါနဲ့ ပါးပါး မျက်ရည်တွေကို သား မကြိုက်ဘူး"
လက်သေးသေးလေးတွေနဲ့ သူ့မျက်ရည်တွေကို သုတ်ပေးလာသည့် ကလေးလေးကို Jimin ပျောက်ကွယ်သွားမှာကြောက်တာမို့လို့ တင်းတင်းကြပ်ကြပ် ဖက်ထားမိသည်။ ပါးပါးကို ထားမသွားလိုက်ပါနဲ့ ကလေးလေးရယ်။
"သားငယ်မကြိုက်ရင် ပါးပါး မငိုတော့ဘူးနော်။ သားငယ် ပါးပါးနဲ့ ပြန်လိုက်ခဲ့မယ်မလားဟင်။ ပြန်လာခဲ့ပါ သားငယ်ရယ်။ ပါးပါး ဒီတစ်ခေါက်က အသက်နဲ့ရင်းပြီးကို ကာကွယ်ပေးပါ့မယ်ကွယ်"
"သား ပြန်လာခဲ့မယ်။ ဒါပေမယ့် ပါးပါး နောက်ထပ် ကလေးလေး တစ်ယောက်ကိုပါ လက်ခံရမှရမယ်။ သား တောင်စောင့်နတ်မင်းကြီးနဲ့ အပေးအယူလုပ်ပြီးသွားပြီ ပါးပါး"
![](https://img.wattpad.com/cover/215844198-288-k100511.jpg)
YOU ARE READING
FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||