Say You Won't Let Go-5

1.5K 85 6
                                    

[Unicode]
နောက်နေ့နံနက်မှာတော့ Mina အရင်နိုးလာကာ အောက်ထပ်၌သို့ဆင်းသွားလေသည် သူထွက်သွားမှ Chaeyoung ထလာကာ
CY'pov - သူဘာမှမဖြစ်ဘူးလား🤔 ဟွန့်ငါ့ကိုတောင်ရအောင်ယူထားသေးတာ ဒီလောက်တော့ပေးဆပ်ရမှာပဲ😈
Chaeyoung မျက်နှာသစ်ပြီးအောက်ဆင်းလာကာ မနက်စာစားလေသည် ဒီနေ့အလုပ်နားသည်မို့အိမ်မှာပဲနေဖြစ်သည်

CY - arjima ဟိုတယောက်ရော
A - nae မမလေးပန်းခြံထဲခဏဆင်းသွားပါတယ် အကိုလေး
Chaeyoung မနက်စာသာဆက်စားနေလိုက်သည် စားပြီးတော့ ဧည့်ခန်းမှာထိုင်ကာ သတင်းစာဖတ်နေလိုက်သည် သူသတင်းစာဖတ်နေတုန်း အပြင်ကနေဝင်လာသောMina သူ့လက်ထဲမှာလည်းခွေးလေးနဲ့ မီးဖိုချောင်ဘက်သွားကာ
MN - arjima ခြံရဲ့တောင်ဘက်မှာလေ ခွေးလေးရောက်နေတာ လက်ခိုက်မိထားတာဆေးထည့်​ပေးမလို့ လာကူ​ပေးပါအုံး
A - nae မမလေး

Chaeyoung သတင်းစာဖတ်နေရာမှ
CY - Arjima အဲ့ခွေးကို ကျနော်အိမ်ထဲမသွင်းနဲ့ သူလာရာအပေါက်ကနေပြန်လွှတ်လိုက် Chaeyoung ပြောပြီး အပြင်တက်ဖို့ရာပြင်လိုက်ရာ
MN - နေပါအုံး ဒီခွေးကရှင့်ကိုဘာလုပ်နေလို့လဲ
CY - ဒါငါ့အိမ် မင်းမှာငါ့ကိုမေးပိုင်ခွင့်မရှိဘူး
Arjima အဲ့ခွေးကိုမမြင်ချင်ဘူးလို့ ပြောပြီးပြီနော် ပြီးမှ ကျနော့်အဆိုးမဆိုနဲ့ Chaeyoung လည်းပြောပြီး အပေါ်ထပ်တက်သွားလေသည်
A - nae အကိုလေး
Chaeyoung အပေါ်တက်သွားမှ
A - မမလေးရယ် ခွေးလေးကို ခြံပြင်မှာဆေးထည့်ပေးပြီး ပြန်လွှတ်လိုက်ပါ သူ့ပြောစကားနားမထောင်ရင်သူအရမ်းစိတ်ဆိုးတာ

Mina'pov / ရှင့်ရဲ့အဲ့လိုစိတ်ကြောင့် ကျမရှင့်ကိုတော်တော်မုန်းတယ် ယောကျ်ားတန်မဲ့မိန်းကလေးတစ်ယောက်ကို လိုက်ပြိုင်နေတာ

တပတ်ကြာပြီးတဲ့နောက်မှာတော့ ကုမ္ပဏီတွင်
PA - ဒုဥက္ကဋ္ဌ ထမင်းစားချိန်ရောက်ပါပြီ.
Chaeyoung လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး
CY - သွားကြတာပေါ့
Chaeyoung ကုမ္ပဏီအောက်ထပ်က cafeteria ရောက်တော့ အခန်းထဲမျက်လုံးဝေ့ကြည့်လိုက်တော့ စားပွဲဝိုင်းတစ်ခုမှာ ဝန်ထမ်းအချို့နဲ့စကားပြောရင်းနေ့လည်စာစားနေသော Mina ကိုတွေ့၍ သူ့နောက်မှာရှိသော အတွင်းရေးမှူး Kim ကို
CY - ဟိုတယောက်ကို ဒီဘက်ခေါ်ခဲ့
Chaeyoung မှန်တွေဘက်ရှိ စားပွဲမှာထိုင်ကာစောင့်နေလေသည်
Chaeyoung ထမင်းစားနေတော့ Mina ကသူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်လေသည်
MN - ဘာကိစ္စရှိလို့လဲ
CY - မင်းနေ့လည်စာစားရင် အဲ့လိုရောမစားနဲ့ မင်းကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တောင် ငါ့ဂုဏ်ရှိသေးတယ် သီးသန့်စားရင်းစား မစားချင် မင်းအတွင်းရေးမှူး Min ရှိတယ်မလား သူနဲ့စားလေ
MN - ရှင်ကျမကို ဒါတွေထိချုပ်ချယ်ဖို့ မလိုဘူးလို့ထင်တယ်.
CY - မင်းယူထားတဲ့ငါက တခြားယောကျ်ားတွေလိုမဟုတ်ဘူး ဒီလိုမနေနိုင်ရင် မင်းကွာရှင်းလိုက်လေ arr ဘယ်ကွာရှင်းနိုင်မလဲ မင်းမှမငြင်းနိုင်တာ ငါ့ကို ဟုတ်တယ်မလား ဖြေးဖြေးစားငါသွားနှင့်ပြီ🙂 Chaeyoung ပြောပြီးထထွက်သွားလေသည် Mina ကတော့ တူကိုတင်းကျပ်စွာဆုပ်ကိုင်ရင်းဒေါသဖြစ်စွာ ကျန်နေခဲ့သည် အတွင်းရေးမှုးKim မှာတော့ကြားထဲကနေ အားနာနေရသည်

Say You Won't Let GoWhere stories live. Discover now