Say You Won't Let Go-31

2.1K 77 7
                                    

[Unicode]Mina ဒီနေ့အလုပ်နားရက်ဖြစ်၍ ကစားကွင်းနှင့်တိရစ္ဆာန်ရုံသွားရန် မနက်စောစောထကာ ထမင်းဘူးပြင်နေသည်
Minyoung ကိုသူ့အဖေဘေးသိပ်ထားခဲ့သည်
သူပြင်လို့ပြီးတဲ့အထိ သားအဖနှစ်ယောက်ခုထိမနိုးသေး၍ အပေါ်သို့တက်လာခဲ့သည်

အခန်းထဲဝင်တော့အိပ်နေ​ကြတာ နှစ်ယောက်လုံး ခြေကားယားလက်ကားယားဖြင့် စောင်ကလည်းကုတင်ခြေရင်းမှာ

Mina ကုတင်ဘေးသွားလိုက်ပြီး အိပ်နေသော Minyoung ပါးလေးကိုနမ်းရင်း နှုတ်ခေါင်းလုံးလုံးလေးကိုဖွဖွလေးပွတ်သပ်ရင်း မြူနေတော့. မျက်လုံးလေးမှိတ်လျက်ရယ်နေသည်
MN - Youngine လေးမထသေးဘူးလား Omma သားလေးကို ဒီနေ့ကစားကွင်းလိုက်ပို့မှာလေ အိပ်နေအုံးမှာလား ဆိုတော့ မျက်လုံးလေးပွင့်လာကာ သူ့ကိုရယ်ပြနေသည်

Mina ပါးလေးကိုထပ်နမ်းလိုက်ပြီး
MN - မင်း Papa နိုးရအောင်ဆိုတော့
Minyoung လေးဘက်ထောက်လိုက်ကာ သူ့အဖေဗိုက်ပေါ်တက်ထိုင်ကာ ခုန်လေတော့သည် အောက်ကChaeyoung ကတော့
CY - ဟွန်😴😴 Minyoungnie အောက်ဆင်းအုံးကွာ Appa အိပ်ရေးမဝသေးဘူး
Minyoung က မဆင်းဘဲ Chaeyoung မျက်နှာအနှံ့ဆော့နေမှ
သူ့သားကို သူ့ဗိုက်ပေါ်မှောက်ကာ
CY - အိပ်အုံး မင်း Omma လာနိုးမှထကြမယ် ဆိုတော့ ကလေးကတခစ်ခစ်ရယ်လေသည်

Mina. Chaeyoung ပေါင်ကိုရိုက်လိုက်ကာ
MN - ကလေးတောင်နိုးနေပြီ ခုထိမနိုးသေးဘူးလား
CY - ဟင် 😳😳
MN - ထတော့ ကလေးကိုကစားကွင်းလိုက်ပို့ပေးမှာလို့ပြောထားတယ်လေ
CY - အင်းအင်းဆိုပြီး ချက်ချင်းကုန်းထလေသည်
လက်ထဲမှာတော့ Minyoung ကိုချီလျက်
CY - ကိုယ်မျက်နှာသစ်ရင်းကိုယ်နဲ့အတူတူ Youngie ကိုတစ်ခါတည်း ရေချိုးပေးလိုက်မယ်
MN - အင်းအင်း အကျီထုတ်ထားမယ် ရေအကြာကြီးမဆော့နဲ့နော် ဖျားနာနေအုံးမယ်
CY - naeee😄 Morning kiss ဆိုပြီး နှုတ်ခမ်းကြီးဆူကာတောင်းနေပြန်သည်

Mina သူလိုချင်တာမြန်မြန်ပေးကာ.ရေအမြန်ချိုးခိုင်းရသည် တော်ကြာရစ်နေအုံးမည်
တခါတလေ သူ့ရဲ့စိတ်ဆိုးစိတ်ကောက်ပုံကိုကြည့်ကာ အရမ်းအချစ်ပိုနေရသည်
"နင့်ရဲ့ဒီလိုကလေးဆန်တဲ့ပုံကို အရင်ကငါမမြင်ခဲ့ရဘူး ငါ့ကို နင်သန်မာတဲ့ပုံပဲပြဖို့မလိုပါဘူး နင်စိတ်ဓာတ်ကျနေချိန် ဝမ်းနည်းနေချိန်တွေမှာလည်း ငါ့ကိုဖော်ပြပေးပါ ငါနင့်ကိုဘေးကနေ အားနှစ်သိမ့်ပေးပြီး နင်လိုချင်တဲ့ မိသားစုဘဝလေးဖြစ်အောင် တည်ဆောက်ပေးမှာပါ.နင့်အတွက် ခိုဝင်ဖို့ရာငါရှိပါတယ် "

Say You Won't Let GoWhere stories live. Discover now