Say You Won't Let Go-34

1.7K 73 6
                                    

[Unicode]CY'pov - ဟိုတနေ့က Somi ကိုအရင်ကအကြောင်းတွေ မေးကြည့်တော့
Mina မှာအရင်ကချစ်သူရှိခဲ့တယ်တဲ့ ဒါ့ကြောင့် Chaeyoung နဲ့အမြဲပြဿနာတက်ရတယ်တဲ့ ဒါပေမဲ့ Somi လည်း Chaeyoung မပျောက်ခင် တစ်နှစ်ကျော်အကြာကတည်းက Netherlands ကိုပြန်သွားခဲ့တာ ခုမှပြန်လာခဲ့တာတဲ့
အဲ့နောက်ပိုင်းအကြောင်းတွေတော့ သေချာမသိဘူးတဲ့
Mina ရဲ့ Chaeyoung အပေါ်သဘောထားကိုမသိပေမဲ့ Chaeyoung ကသူ့ကိုအရမ်းချစ်ခဲ့တာတဲ့ သူ့ပန်းချီပုံတွေဆွဲထားတာတွေရှိတယ်တဲ့ ပြီးတော့ Notebook..

Chaeyoung ထိုအကြောင်းအရာတွေ ပြန်တွေးရင်း ​ခေါင်းတွေကထိုးကိုက်လာသည် ဘာမှမစဥ်းစားချင် မတွေးချင်လောက်အောင် ထိုးကိုက်နေသည်

CY'pov - အရင်က ငါနဲ့ Mina အကြောင်းတွေဘယ်သူသိသေးလဲ အရင်က Chaeyoung သူ့အတွင်းရေးမှူး Kim အကြောင်းစုံစမ်းတော့ England ကိုအလုပ်ကိစ္စနဲ့ပို့ထားသည်တဲ့ တပတ်လောက်နေရင်ပြန်လာတော့မည်လို့ သိရသည် သူ့ပဲစောင့်ရမည်

🌻🌻🌻🌻
CY - Youngnie ဒီနေ့ ဘွားဘွားတို့ဆီမှာနေရမယ်နော် Appa သွားစရာရှိလို့
Youngie ကမျက်လုံးပြူးလေးနဲ့ကြည့်နေသည်
Chaeyoung ကလေးကို Jessica တို့အိမ်မှာထားခဲ့ကာ ဆိုင်တဆိုင်သို့ထွက်လာခဲ့သည်

ဆိုင်ထဲဝင်လိုက်တော့ လူရှင်းနေသည်
CY - Somi ရောက်နေပြီလား
SM - omm Chae Oppa ထိုင်လေ မုန့်မှာထားတယ် ပြီးမှပြောကြတာပေါ့
CY - အွန်း
နှစ်ယောက်သား မုန့်စားပြီးကြတော့
SM - ဒါက Chae Oppa လိုချင်တဲ့ဟာ.
ဆိုပြီး Chaeyoung ဆီကို စာအိတ်တစ်အိတ်ပေးလေသည်
Chaeyoung ဖွင့်ကြည့်တော့ Mina နဲ့အမျိုးသားတယောက် ရယ်ရယ်မောမော လမ်းလျှောက်ရင်း စကားပြောနေပုံ ဆိုင်မှာထိုင်ကာစကားပြောနေပုံတွေ

CY - ဒါက.. အာာားးးး.......
Chaeyoung ပုံတခုကိုကြည့်ရင်း ခေါင်းများထိုးကိုက်လာ၍ မျက်လုံးထဲလည်း ပုံရိပ်တချို့နဲ့ နားမှာလည်း ရန်ဖြစ်သံတွေ စကားများနေသံတွေကြားနေရသည် နှင့်အပြိုင် ရင်ဘက်ထဲကစူးအောင့်လာမှုက သေမတတ်နာကျင်ရသည် သူ့ကိုဒီလိုမျိုးတွေတွဲမြင်ရတာ အဆင်မပြေ
ပုံကိုလွှတ်ချပြီး မျက်စိမှိတ်ကာ နားနှစ်ဖက်ကိုပိတ်လိုက်ပြီး အော်လိုက်မိသည်

Say You Won't Let GoKde žijí příběhy. Začni objevovat