Say You Won't Let Go-15

1.4K 78 6
                                    

[Unicode]
CY'side
-Mi သိရဲ့လား ကိုယ်တို့လက်ထပ်တာ လာမဲ့ May8ရက်နေ့ကျ သုံးနှစ်ပြည့်ပြီ
-Mi တော့မသိဘူး ကိုယ်တော့အဲ့နေ့လေးကိုမှတ်မိနေတယ် ကိုယ်တို့ဓာတ်ပုံတွဲရိုက်တုန်းက အချစ်ကိုမကြည့်ချင်လို့ လတ်ပတ်နာရီကြီးငုံ့ကြည့်နေတာ တိတိကျကျမနက်ခင်း 9:15 မှာ

ကိုယ်တို့အစကပြန်စလို့ရခဲ့ရင် ကိုယ်နဲ့မင်းရဲ့တွေ့ဆုံမှုကို ကောင်းမွန်တဲ့တွေ့ဆုံမှုနဲ့ပြန်စချင်တယ်
-အဲ့ကျရင် Miနဲ့စောစောတွေ့ပြီး ဒိတ်ကောင်းကောင်းလုပ်ပြီး Miကြိုက်တာတွေအကုန်လိုက်ဖြည့်ဆည်းပေးချင်တယ်
-တခြားစုံတွဲတွေလို လျှောက်လည်ပြီးအေးအေးချမ်းချမ်း Miလက်ကိုတွဲပြီး မြို့အနှံ့လျှောက်သွားချင်တယ်

-Miရဲ့ ပုံလေးတွေလည်း ကိုယ်ဆွဲပေးချင်တယ် -Miကိုဓာတ်ပုံလေးတွေရိုက်ပေးချင်တယ် -Miမျက်နှာပေါ်က မှဲ့လေးတစ်ခုဆီတိုင်းကို ကိုင်ခွင့်ရချင်တယ်
-Miနဲ့ မနက်ခင်းတိုင်းတူတူထပြီး Miကကိုယ့်အတွက်မနက်စာပြင်ပေး ကိုယ်ကMiအတွက်ကော်ဖီဖျော်ပေးထားမယ်
-Mi.ကစာအုပ်ဖတ်ပြ ကိုကနားထောင်ပေးမယ်
-အေးလာတဲ့အခါ ကိုကဖက်ထားပေးမှာမို့ ကိုယ့်နားမှာပဲရှိနေပေး

-ကိုယ်တို့ကလေးလေးတွေရှိလာတဲ့အခါ.ကိုယ်တို့ကလေးလေးအတွက် Mi ကထမင်းဘူးထုပ်ပြင်ဆင်ပေး ကိုယ်ကကျောင်းပို့ပေးမယ်
အားလပ်ရက်တွေမှာ.ကိုယ်တို့မိသားစု ခရီးထွက်ကြမယ်

-ကိုယ်တို့အသက်ကြီးလာတဲ့အထိ Mi နဲ့ပဲအတူတူရှိနေချင်တယ်
ကိုယ့်ရဲ့ ဆံပင်ညိုတွေကနေ ဆံပင်တွေဖြူသွားတဲ့အထိ
-Mi နဲ့ပဲအတူရှိချင်တယ် ကိုယ်တို့သေဆုံးပြီးဝိညာဥ်တွေဖြစ်တဲ့အထိပေါ့ ဘာလို့လဲဆို  ကိုယ့်အတွက်Miအမြဲရှိခဲ့တယ် ကိုယ်လိုအပ်တဲ့အချိန်တိုင်းပေါ့ ကိုယ့်ရဲ့နောက်ဆုံးထွက်သက်ထိ Miကိုပဲချစ်သွားမှာပါ

-ဒီစာအုပ်လေးထဲမှာပဲ ကိုယ့်ရဲ့အချစ်တွေကို ဖော်ပြတော့မယ်
-ကိုယ်Miကိုချစ်နေပြီဆိုတာသိလိုက်တဲ့အချိန် ဒါပေမဲ့ Mi ဘယ်တော့မှသိမှာမဟုတ်ဘူး ကိုယ်ကလည်းဖွင့်ပြောပြမှာမဟုတ်ဘူး
Mi မုန်းသွားမှာကြောက်နေတော့ ကိုယ်ဖွင့်မပြောရဲခဲ့ဘူးလေ
-ကိုယ်Mi ကိုလိုအပ်နေတာ သိပါတယ် ဒါပေမဲ့ကိုယ်ထုတ်မပြောရဲခဲ့ဘူး ဒါပေမဲ့ကိုယ် Miနဲ့အတူ ရှိချင်တယ် ဆံဖြူသွားကျိုးတဲ့အထိ ဒါ့ကြောင့်ကိုယ့်ကို ထွက်သွားဖို့ခွင့်မပြုဖူးလို့ပဲ ပြောပေးပါ ပြီးတော့ Mi ရဲ့နောက်ဆုံးအချိန်ထိကိုယ့်ကိုအတူရှိနေခွင့်ပေးပါ

Say You Won't Let GoWhere stories live. Discover now